
နယူးယောက် (အမေရိကန်)၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံသည် နိုဝင်ဘာ ၃ ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့၍ ဆန္ဒမဲပေးမှုများ လုပ်ဆောင်ခဲ့ကြသည်။ အမေရိကန်အရှေ့ပိုင်း စံတော်ချိန် နိုဝင်ဘာ ၃ ရက် နံနက် ၆ နာရီ (ပေကျင်းစံတော်ချိန် ည ၇ နာရီ) တွင် မိန်းပြည်နယ်၊ နယူးယောက်ပြည်နယ်၊ ဗာဂျီးနီးယားပြည်နယ် စသည့် အရှေ့ပိုင်းဒေသ ပြည်နယ်အချို့ရှိ မဲရုံများတွင် စတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ယခုအကြိမ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီနှင့် ဒီမိုကရက်တစ်ပါတီတို့သည် အောက်လွှတ်တော် အမတ်နေရာ ၄၃၅ နေရာအားလုံးနှင့် အထက်လွှတ်တော် အမတ်နေရာ ၁၀၀ အနက် ၃၅ နေရာအတွက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ထို့ပြင် မဲဆန္ဒရှင်များက အမေရိကန်နိုင်ငံ ပြည်နယ် ၃၆ ခု၏ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် အချို့သောပြည်နယ်၏ ပြည်နယ်လွှတ်တော်အမတ် စသည့် ဒေသန္တရ အစိုးရအရာရှိများကိုလည်း ရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
美国举行中期选举投票
新华社照片,纽约(美国),2026年11月3日
美国11月3日举行中期选举投票。美国东部时间早6时(北京时间19时),缅因州、纽约州、弗吉尼亚州等东部一些州的投票点率先开启投票。在本次中期选举中,共和党和民主党将角逐国会众议院全部435个席位和参议院100个席位中的35个。选民还将选出36个州的州长以及部分州的州议会议员等地方公职人员。
图说1:11月3日,选民在美国纽约的一处投票站投票。 新华社记者 张凤国 摄
图说2:11月3日,在美国弗吉尼亚州阿灵顿,选民前往一处投票站投票。新华社记者 李睿 摄







9480ca8b23586b25491ff11b742775f159e2229b.article_card.avif)
