
မက်ဒရစ်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)
စပိန် အစိုးရသည် အောက်တိုဘာ ၂၈ ရက်တွင် Castile-La Mancha ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ဖြစ်ပွားခဲ့သော အမြန်ရထား မတော်တဆမှုအတွင်း သေဆုံးဒဏ်ရာရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် ယူရို သန်း ၃၀ ကူညီထောက်ပံ့မည်ဖြစ်ပြီး ရထားခရီးစဉ်ဘေးကင်းလုံခြုံရေးကို မြှင့်တင်ရန် အစီအမံများကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း စပိန် သယ်ယူပို့ဆောင်ရေးဝန်ကြီး Oscar Puente က နိုဝင်ဘာ ၃ ရက်တွင် ကြေညာခဲ့သည်။
ဤမတော်တဆမှုနှင့်စပ်လျဉ်း၍ အစိုးရအနေဖြင့် ခရီးသည်များ၏ မဖြစ်မနေ အာမခံလျော်ကြေးပမာဏအား နှစ်ဆတိုးမြှင့်မည်ဖြစ်ပြီး လျော်ကြေးငွေများကို ကြိုတင်ပေးချေမည်ဖြစ်ကြောင်းလည်း Puente က ကြေညာခဲ့သည်။
အစိုးရအနေဖြင့် အမြန်ရထားလည်ပတ်မှု စီမံခန့်ခွဲရေးကို မြှင့်တင်ရန် အစီအမံများစွာကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းအတွင်း လုံခြုံရေးစနစ်အသစ် စတင်ထည့်သွင်းအသုံးပြုသည့်အချိန်အထိ မက်ဒရစ် မှ Seville အထိ အမြန်ရထား ပြေးဆွဲမှုအကြိမ်အရေအတွက်ကို လျှော့ချခြင်းတို့ ပါဝင်ကြောင်း၊ ရထားလမ်းချိန်ညှိစီမံမှုတွင် အပြန်အလှန်စစ်ဆေးအတည်ပြုသည့်စနစ်ကို ထည့်သွင်းမည်ဖြစ်ပြီး ရထားလမ်းကြောင်းကြပ်သည့်အချိန်နှင့် အလိုအလျောက် ထိန်းချုပ်မှုစနစ်များ အသုံးပြု၍မရနိုင်သည့် အခြေအနေမျိုးတွင် ထိန်းချုပ်ရေးစင်တာ၏ ဆုံးဖြတ်ချက်တစ်ခုစီသည် စောင့်ကြည့်စစ်ဆေးခံရမည်ဖြစ်ပြီး အခြား ချိန်ညှိညွှန်ကြားသူတစ်ဦးမှ ပြန်လည်ထပ်မံစစ်ဆေးအတည်ပြုမည်ဖြစ်ကြောင်း Puente က ပြောကြားခဲ့သည်။
စပိန် ရထားအခြေခံအဆောက်အအုံစီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် ချိန်ညှိညွှန်ကြားပေးသူများ၏ လုပ်ငန်းခွင်အခြေအနေများကို တိုးတက်စေမည်ဖြစ်ပြီး ထိန်းချုပ်ရေးစင်တာ၏ ဝန်ထမ်းအရေအတွက်အား တိုးမြှင့်ပေးကာ ထိန်းချုပ်ရေးစင်တာအတွက် ဆော့ဖ်ဝဲလ်အသစ်များကို တပ်ဆင်ပေးမည်ဖြစ်ရာ ချိန်ညှိညွှန်ကြားသူများအနေဖြင့် ရထား၏ တည်နေရာနှင့် ရထားလမ်းအခြေအနေကို ပိုမိုရှင်းလင်းစွာ သိရှိနိုင်မည်ဖြစ်ကြောင်း Puente က ပြောကြားခဲ့သည်။ (Xinhua)
............................
(Chinese Version)
西班牙向高速列车事故死伤者提供3000万欧元援助
新华社马德里11月3日电(记者孟鼎博 谢宇智)西班牙交通大臣奥斯卡·普恩特3日宣布,政府将向10月28日发生在卡斯蒂利亚-拉曼查自治区的高速列车事故死伤人员及家属提供3000万欧元援助,并采取措施加强铁路安全。
普恩特还宣布,针对本次事故,政府将乘客强制保险赔偿金额提高一倍,并提前支付赔偿金。
普恩特说,政府将采取一系列措施加强高速铁路运营管理,包括减少马德里至塞维利亚高速列车班次,直至新的安全系统投入使用。在铁路调度管理中引入交叉验证系统,在行车路线拥堵且自动控制系统缺位的情况下,控制中心的每项决策都将受到监控并由另一名调度员进行复核验证。
普恩特说,西班牙铁路基础设施管理局将改善调度员工作条件,增加控制中心员工数量,并为控制中心安装新软件,以便调度员更清楚地了解列车的位置和轨道状况。(完)
图说:这是10月28日在西班牙拍摄的列车相撞事故现场。新华社记者 程敏 摄







9480ca8b23586b25491ff11b742775f159e2229b.article_card.avif)
