တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ၉ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကျင်းပရာ အမျိုးသားပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ (ရှန်ဟိုင်း) မြင်ကွင်းကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ၉ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကျင်းပရာ အမျိုးသားပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ (ရှန်ဟိုင်း) မြင်ကွင်းကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပမည့် ၉ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ဖွင့်ပွဲအခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ ပြည်ပနိုင်ငံ အကြီးအကဲများက ဖိတ်ကြားချက်အရ တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

တက်ရောက်မည့် ပြည်ပနိုင်ငံ အကြီးအကဲများတွင် ဂါဘွန်နိုင်ငံ သမ္မတ Brice Clotaire Oligui Nguema ၊ ဩစတြီးယားနိုင်ငံ ဝန်ကြီးချုပ် Christian Stocker ၊ လစ်ဗျားနိုင်ငံ ဒုတိယသမ္မတ Jeremiah Koung ၊ ကျူးဘားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Oscar Perez-Oliva Fraga ၊ ဆလိုဗက်ကီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးဝန်ကြီး Denisa Sakova ၊ ဂျော်ဂျီယာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mariam Kvrivishvili တို့ ပါဝင်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

---------------------

(Chinese Version)

Foreign leaders to attend ninth China International Import Expo

BEIJING, Nov. 3 (Xinhua) -- Foreign leaders will attend upon invitation the opening ceremony of the ninth China International Import Expo, which will be held in Shanghai from November 5 to 10, and related events, a Chinese foreign ministry spokesperson announced on Tuesday. The foreign leaders include Gabonese President Brice Clotaire Oligui Nguema, Austrian Federal Chancellor Christian Stocker, Liberian Vice President Jeremiah Koung, Cuban Deputy Prime Minister and Minister of Foreign Trade and Investment Oscar Perez-Oliva Fraga, Slovak Deputy Prime Minister and Minister of Economy Denisa Sakova, and Georgian Vice Prime Minister and Minister of Economy and Sustainable Development Mariam Kvrivishvili, according to the spokesperson. Enditem

Photo Caption : This photo taken on Nov. 2, 2026 shows a view of the National Exhibition and Convention Center (Shanghai), the main venue for the China International Import Expo (CIIE), in east China's Shanghai. (Xinhua/Ding Ting)