
ပေကျင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာနနှင့် အိုမန်သတင်းအေဂျင်စီ (ONA) တို့သည် နိုဝင်ဘာ ၂ ရက်တွင် မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မှု စာရွက်စာတမ်းတစ်ခုအား လက်မှတ်ရေးထိုးခဲ့သည်။
အိုမန်သတင်းအေဂျင်စီ (ONA) သည် အိုမန်စူလတန်နိုင်ငံ၏ အစိုးရသတင်းဌာနဖြစ်ပြီး အိုမန်နိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်တွင် တည်ရှိသည်။ ယခုအကြိမ် လက်မှတ်ရေးထိုးသော နားလည်မှုစာချွန်လွှာသည် သတင်းအချက်အလက်ကဏ္ဍ ပူးပေါင်းဖလှယ်မှု အဆင့်အတန်းကို တစ်ဆင့်တိုးမြှင့်တင်ရန်၊ သတင်းအချက်အလက် ထုတ်ကုန်များ ဖလှယ်မှု၊ လူပုဂ္ဂိုလ် အပြန်အလှန် ခရီးစဉ်သွားရောက်မှု၊ လုပ်ငန်းဆိုင်ရာ လေ့ကျင့်မှု စသည့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်နှင့် တရုတ်-အိုမန် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအား ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
新华社同阿曼通讯社签署合作文件
新华社北京11月2日电 11月2日,新华社与阿曼通讯社签署媒体合作文件。
阿曼通讯社是阿曼苏丹国官方通讯社,隶属阿曼新闻部。此次签署的谅解备忘录旨在进一步提升新闻信息领域的交流合作水平,开展新闻信息产品交换、人员互访、业务培训等务实合作,更好服务中阿战略伙伴关系发展。(完)








2ec59c880e4b88b82f7d2303a8aeeac8b72853ea.article_card.avif)