တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ချန်းကျီ ဟွေလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခွဲ ဖုခန်းမြို့ရှိ လူနိမ်ဖုခန်း ၁၀၀ မဂ္ဂါဝပ် (MW) အရည်ပျော်ဆား တာဝါပုံစံ နေရောင်ခြည်အပူစွမ်းအင် (concentrated solar power, CSP) သုံး ဓာတ်အားပေးစက်ရုံ နှင့် စွမ်းအင်သိုလှောင်ရေး စီမံကိန်း လည်ပတ်လျက်ရှိသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ချန်းကျီ ဟွေလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခွဲ ဖုခန်းမြို့ရှိ လူနိမ်ဖုခန်း ၁၀၀ မဂ္ဂါဝပ် (MW) အရည်ပျော်ဆား တာဝါပုံစံ နေရောင်ခြည်အပူစွမ်းအင် (concentrated solar power, CSP) သုံး ဓာတ်အားပေးစက်ရုံ နှင့် စွမ်းအင်သိုလှောင်ရေး စီမံကိန်း လည်ပတ်လျက်ရှိသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖုခန်းမြို့ (ရှင်းကျန်း)၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ချန်းကျီ ဟွေလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခွဲ ဖုခန်းမြို့ရှိ စွမ်းအင်မျိုးစုံ အပြန်အလှန်ဖြည့်ဆည်းပေးသည့် (စွမ်းအင်သစ်ဈေးကွက်စနစ်ဖြင့် လျှပ်စစ်ကွန်ရက် ချိတ်ဆက်ထားသော) စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် လူနိမ်ဖုခန်း ၁၀၀ မဂ္ဂါဝပ် (MW) ရှိသော အရည်ပျော်ဆား တာဝါပုံစံ (molten salt tower) နေရောင်ခြည်စွမ်းအင်အပူသုံး (concentrated solar power, CSP) ဓာတ်အားပေးစက်ရုံ နှင့် စွမ်းအင်သိုလှောင်ရေး စီမံကိန်းသည် အောက်တိုဘာလ ၃၀ ရက်တွင် လျှပ်စစ်ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ကာ လုပ်ငန်းလည်ပတ်မှု စတင်ခဲ့သည်။

ယင်းသည် ရှင်းကျန်းဒေသတွင် လျှပ်စစ်ဓာတ်အားလိုင်းနှင့် ချိတ်ဆက်နိုင်ခဲ့သည့် အရည်ပျော်ဆား တာဝါပုံစံ နေရောင်ခြည်စွမ်းအင်အပူသုံး ဓာတ်အားပေးစက်ရုံ ဖြစ်ပြီး စွမ်းအင်သစ်များ အမျိုးအစားစုံလင်စွာ ဖွံ့ဖြိုးတိုးတက်မှုနှင့် အသုံးပြုမှုကို ပိုမိုမြှင့်တင်ပေးမည်ဖြစ်ကာ စွမ်းအင်မျိုးစုံ အပြန်အလှန်ဖြည့်ဆည်းပေးသည့် လျှပ်စစ်ဓာတ်အား ထောက်ပံ့ရေးစနစ်သစ် တည်ဆောက်ရာတွင် အထောက်အကူ ပြုမည်ဖြစ်ကြောင်း State Grid Xinjiang Electric Power ကုမ္ပဏီလီမိတက်၏ အဆိုအရ သိရသည်။

ဤစီမံကိန်းသည် ၉၀၀ မဂ္ဂါဝပ်ရှိသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် (Photovoltaics, PV) ဓာတ်အားပေးစက်ရုံတစ်ခုနှင့် တွဲဖက်လည်ပတ်လျက်ရှိပြီး “CSP + PV” ပူးတွဲလည်ပတ်မှုပုံစံကို ဖော်ဆောင်ထားသည်။ လုပ်ငန်းလည်ပတ်မှု စတင်လိုက်ပြီးနောက်  CSP အပိုင်းမှ တစ်နှစ်လျှင် ပျမ်းမျှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ ကီလိုဝပ်နာရီ (kWh) သန်း ၁၂၀ ခန့် ထုတ်လုပ်နိုင်ပြီး စံချိန်မီ ကျောက်မီးသွေး တန်ချိန် ၄၀,၀၀၀ ခန့် သက်သာစေကာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို တစ်နှစ်လျှင် တန်ချိန် ၁၄၀,၀၀၀ ခန့် လျှော့ချပေးနိုင်မည် ဖြစ်သည်။ (Xinhua)

.................................

(Chinese Version)

新疆阜康:10万千瓦熔盐塔式光热发电项目并网

新华社照片,阜康市(新疆),2026年11月1日

10月30日,位于新疆昌吉回族自治州阜康市多能互补(暨新能源市场化并网)项目,鲁能阜康10万千瓦熔盐塔式光热发电储能项目并网投运。 从国网新疆电力有限公司了解到,这是新疆并网投运的第六个熔盐塔式光热发电站,将进一步推动新能源多元化开发利用,助力构建多能互补的新型电力供给体系。 该项目与90万千瓦光伏配套协同,构建起“光热+光伏”联合运行模式。投运后,光热部分年均发电量约1.2亿千瓦时,每年可节约标准煤约4万吨,减少二氧化碳排放约14万吨。

图说:10月30日,在新疆昌吉回族自治州阜康市,鲁能阜康10万千瓦熔盐塔式光热发电储能项目正在运行(无人机照片)。 新华社发(何龙摄)