
ပေကျင်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် ရိုမေးနီးယားနိုင်ငံ ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်သည့် လူကာ နီကူလက်စကူးထံ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ရိုမေးနီးယားနိုင်ငံတို့သည် အစဉ်သဖြင့် အပြန်အလှန်လေးစားမှုရှိပြီး တန်းတူညီမျှ ဆက်ဆံသည့် အစဉ်အဆက် မိတ်ဆွေများဖြစ်ကြကြောင်း အောက်တိုဘာ ၂၇ ရက်က ပေးပို့သည့် သဝဏ်လွှာ၌ လီက ထည့်သွင်းပြောကြားခဲ့သည်။
နှစ်နိုင်ငံဆက်ဆံရေးသည် ပြောင်းလဲနေသော နိုင်ငံတကာအခြေအနေ၏ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံကျော်လွှားနိုင်ခဲ့ပြီး ချစ်ကြည်ရေးအုတ်မြစ်မှာလည်း ပိုမိုခိုင်မာအားကောင်းလာခဲ့သည်ဟု ၎င်းက ဆိုသည်။
လွန်ခဲ့သည့်နှစ်များအတွင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီး၍ ပူးပေါင်းဆောင်ရွက်သော ဘက်စုံမိတ်ဖက်ဆက်ဆံရေးသည် ရေရှည်တည်တံ့ပြီး ခိုင်မာစွာ တိုးတက်ဖြစ်ထွန်းလျက်ရှိကာ ကဏ္ဍအသီးသီး၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများလည်း အရှိန်အဟုန်မပြတ် တိုးတက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
တရုတ်-ရိုမေးနီးယား ဆက်ဆံရေးအတွက် အားမာန်သစ်များ ဖြည့်တင်းပေးရန်နှင့် နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုကြီးမားသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်ရန် နှစ်နိုင်ငံအကြား နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ခိုင်မာအားကောင်းရေး၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်းရှိရေးနှင့် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုမြှင့်တင်ရေးတို့အတွက် ဝန်ကြီးချုပ် နီကူလက်စကူးနှင့် လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း လီက ပြောကြားခဲ့သည်။ (Xinhua)
..................................
(English Version)
Chinese premier congratulates Niculescu on assuming office as Romania's new PM
BEIJING, Oct. 30 (Xinhua) -- Chinese Premier Li Qiang has sent a congratulatory message to Luca Niculescu on his assuming office as prime minister of Romania.
In the Oct. 27 message, Li said that China and Romania are traditional friends that always respect each other and treat each other as equals.
Bilateral relations have withstood the test of a changing international landscape, and the foundation of friendship has grown increasingly solid, he said.
In recent years, the bilateral comprehensive friendly and cooperative partnership has enjoyed sustained and sound development, with practical cooperation across various fields making continuous progress, he said.
Li said that he stands ready to work with Niculescu to strengthen political mutual trust between the two nations, deepen practical cooperation and enhance people-to-people exchanges, so as to instill fresh vitality into China-Romania relations and deliver greater benefits to both peoples. Enditem
Photo caption: Chinese Premier Li Qiang attends the 25th meeting of the Council of Heads of Government (Prime Ministers) of Member States of the Shanghai Cooperation Organization (SCO) in Dushanbe, Tajikistan, Oct. 20, 2026. (Xinhua/Shen Hong)








