ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လွှတ်တော်အဆောက်အဦရှေ့တွင် ဆန္ဒပြပွဲတွင် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၉ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လွှတ်တော်အဆောက်အဦရှေ့တွင် ဆန္ဒပြပွဲတွင် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၉ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

“ဂျပန်နိုင်ငံအနေနဲ့ ကျူးကျော်စစ် သမိုင်းကြောင်းကို မှန်မှန်ကန်ကန် ပြန်လည် ရှုမြင်၊ သုံးသပ်ဖို့ တောင်းဆိုပါတယ်။ ဒါ့အပြင် စစ်ဝါဒနဲ့လုံးဝဥဿုံ အဆက်ဖြတ်ပြီး နိုင်ငံတကာအသိုက်အဝန်းကို ဆန့်ကျင်ရပ်တည်တာ နောက်ထပ်ဘယ်တော့မှ မပြုလုပ်တော့ဖို့လည်း ကျွန်ုပ်တို့အနေနဲ့ တိုက်တွန်းလိုပါတယ်” ဟု တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းရှောင်ကန်းက အောက်တိုဘာ ၂၉ ရက်တွင် ပြုလုပ်သော ကာကွယ်ရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် သတင်းများအရ တရုတ်နိုင်ငံသည် နျူကလီးယားအင်အားနှင့် ဒုံးကျည်များအပါအဝင် စစ်ရေးအင်အားများကို အဆက်မပြတ် လျင်မြန်စွာ တိုးချဲ့နေကြောင်း၊ တရုတ်နိုင်ငံတွင် အဆိုပါ လက်နက်နှစ်မျိုးစလုံး ပိုင်ဆိုင်ထားစဉ် ဂျပန်နိုင်ငံ၌ နျူကလီးယားလက်နက်လည်း မရှိ၊ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များလည်း မရှိဘဲနှင့် ဂျပန်နိုင်ငံကို ဝေဖန်တိုက်ခိုက်နေကြောင်း ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးက မကြာသေးမီက ပြောကြားခဲ့ကြောင်း၊ ထို့အပြင်ဂျပန်နိုင်ငံသည် ကာကွယ်ရေးဆိုင်ရာ သုတေသနအဖွဲ့အစည်းများကို အခြေခံကျကျ ပြန်လည်ဖွဲ့စည်းသွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံဘက်က မည်သို့ သဘောထားမှတ်ချက်ပေးလိုပါသနည်းဟု မေးမြန်းခဲ့သည်။

ကျန်းရှောင်ကန်းက ပြန်လည်ဖြေကြားရာတွင် အများသိထားသည့်အတိုင်း ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်တွင် စစ်ရှုံးနိုင်ငံဖြစ်သောကြောင့် ကိုင်ရိုကြေညာစာတမ်း၊ ပို့စ်ဒမ်ကြေညာချက် အပါအဝင် နိုင်ငံတကာစာရွက်စာတမ်းများအပြင် စစ်ရေးအင်အားတိုးချဲ့မှုကို ကန့်သတ်ထားသည့် ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို မဖြစ်မနေ လိုက်နာရမည်ဖြစ်ပြီး ယင်းသည် ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် နိုင်ငံရေးနှင့် ဥပဒေရေးရာ ကြိုတင်လိုအပ်ချက်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

ထို့ပြင် ဂျပန်နိုင်ငံသည် “နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ်” ကိုလက်မှတ်ရေးထိုးထားသည့် နျူကလီးယားလက်နက်မပိုင်ဆိုင်သော စာချုပ်ဝင်နိုင်ငံဖြစ်သည့်အတွက် နျူကလီးယားလက်နက်များကို လက်ခံခြင်း၊ ထုတ်လုပ်ခြင်း၊ ပိုင်ဆိုင်ခြင်းနှင့် ပြန့်ပွားစေခြင်း မပြုရန်မှာ မလွဲမသွေလိုက်နာရမည့် နိုင်ငံတကာဥပဒေဆိုင်ရာ တာဝန်ဝတ္တရားဖြစ်ပြီး ယင်းကိစ္စနှင့်စပ်လျဉ်း၍ အလျှော့အတင်းလုပ်ရန်မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ဂျပန်ဘက်က အဲဒီအရာရှိဟာ သမိုင်းကြောင်းနဲ့ပတ်သက်တဲ့ ပြစ်မှုတာဝန်တွေကို တမင်တကာ ရှောင်လွှဲနေသလို နိုင်ငံတကာဥပဒေကိုလည်း ကိုယ့်အဆင်ပြေသလို ရွေးချယ်ပြီး လျစ်လျူရှုနေပါတယ်။ ဒါ့အပြင် အမှားကို အမှန်၊ အမှန်ကို အမှားဖြစ်အောင် ပြောင်းပြန်ပြောဆိုပြီး လူအများ အမြင်မှားအောင် လှည့်ဖြားနေပါတယ်။ ကမ္ဘာ့ပြည်သူတွေကတော့ အမှန်တရားကို ကောင်းကောင်းသိမြင်ကြပါတယ်။ ဂျပန်ဘက်က ဘယ်လောက်ပဲ ဆင်ခြေပေးငြင်းဆိုနေပါစေ စစ်အင်အားတိုးချဲ့ပြီး လက်နက်အင်အားဖြည့်တင်းဖို့၊ ဒီထက်ပိုပြီး နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့နဲ့ နျူကလီးယားလက်နက်တွေကို နိုင်ငံအတွင်း ယူဆောင်လာဖို့ ကြံစည်နေတဲ့ အန္တရာယ်ရှိတဲ့ ရည်ရွယ်ချက်တွေကို ဖုံးကွယ်ထားနိုင်မှာ မဟုတ်ပါဘူး” ဟု ကျန်းရှောင်ကန်းက ပြောကြားခဲ့သည်။

“ဂျပန်ဘက်အနေနဲ့ ကျူးကျော်စစ်သမိုင်းကို မှန်မှန်ကန်ကန် ရှုမြင်ပြီး နက်နက်ရှိုင်းရှိုင်း ပြန်လည်သုံးသပ်ဖို့၊ စစ်ဝါဒနဲ့ အပြီးတိုင် အဆက်ဖြတ်ဖို့နဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ဆန့်ကျင်ဘက်မှာ ထပ်ပြီး ရပ်တည်တာမျိုး မလုပ်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့သည် မကြာသေးမီက ယခင်ပြုလုပ်ခဲ့သမျှ အကြိမ်များအနက် အကြီးမားဆုံးသော အတိုင်းအတာဖြင့် “Keen Sword-27” ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပြီး ကျွန်းများသိမ်းပိုက်ရေးတိုက်ပွဲကို အဓိကထား လေ့ကျင့်ခဲ့ကြောင်း၊ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ကလည်း အမျိုးအစား ၂၅ မြေပြင်အခြေစိုက် သင်္ဘောဖျက်ဒုံးကျည်များကို အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ထည့်သွင်းအသုံးပြုခဲ့ကြောင်း၊ ထို့အပြင် အမေရိကန် မရိန်းတပ်ဖွဲ့၏ စစ်ဆင်ရေးနယ်မြေသုံး သင်္ဘောကြားဖြတ်တားဆီးရေးစနစ်ကို ထိုင်ဝမ်နှင့် အနီးဆုံးဖြစ်သည့် ယိုနာဂူနီကျွန်းတွင် ပထမဆုံးအကြိမ် ဖြန့်ကြက်ချထားခဲ့ကြောင်း သတင်းများအရ သိရကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ သဘောထားမှတ်ချက်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။

“အာရှ-ပစိဖိတ် ဒေသဟာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်နေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရေစီးကြောင်းနဲ့အညီ လိုက်ပါဆောင်ရွက်သူတွေသာ ရှေ့ဆက်လျှောက်လှမ်းနိုင်မှာဖြစ်ပြီး အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပေါ်လာအောင် တမင်တကာ လှုံ့ဆော်နေတာဟာ ပြည်သူတွေရဲ့ ထောက်ခံမှုကို ရရှိမှာမဟုတ်ပါဘူး” ဟု ကျန်းရှောင်ကန်းက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည် အချို့သောနိုင်ငံများ၏ အကြိုက်လိုက်ကာ ၎င်းတို့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး “ပူးတွဲစစ်ရေးလေ့ကျင့်မှု” ဟုဆိုသည့် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်နေကြောင်း၊ တာလတ်နှင့် တာဝေးပစ်ဒုံးကျည်များကို တိုးမြှင့်တည်ဆောက်၍ ဖြန့်ကြက်ချထားခြင်း၊ အနောက်တောင်ပိုင်း ကျွန်းစုများ၌ စစ်ရေးတပ်ဖြန့်ချထားမှုကို အဆက်မပြတ် အားကောင်းအောင်လုပ်ဆောင်ခြင်းနှင့် “ထပ်မံစစ်ရေးအသွင်ပြောင်းမှု” ကို အရှိန်မြှင့်တင် ဆောင်ရွက်ခြင်းတို့ကြောင့် ဒေသတွင်းလုံခြုံရေးအတွက် လက်တွေ့ကျသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသက်သက်သာဖြစ်ပြီး ပြင်ပအင်အားစုများအနေဖြင့် တရုတ်နိုင်ငံ၏ ထိုင်ဝမ်ဒေသအရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းကို မိမိတို့အနေဖြင့် လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် ပြည့်စုံမှုကို အခိုင်အမာ ကာကွယ်စောင့်ရှောက်သွားမည့် ခိုင်မာပြတ်သားသော သန္နိဋ္ဌာန်၊ ခိုင်မာပြတ်သားသော စိတ်ဆန္ဒနှင့် အားကောင်းသော စွမ်းဆောင်ရည်တို့ကို မည်သူမျှ လျှော့တွက်မထားသင့်ကြောင်း၊ ထိုင်ဝမ်အရေးကို အသုံးချပြီး တရုတ်နိုင်ငံကို ထိန်းချုပ်ရန် ကြိုးပမ်းခြင်း သို့မဟုတ် မိမိအင်အားကို မချင့်ချိန်ဘဲ စစ်ရေးအရ ရန်စမှုများ ပြုလုပ်ရန် စိတ်ကူးယဉ်ကြံစည်ပါက လက်ခံနိုင်ရန် ခက်ခဲသော တန်ရာတန်ကြေးကို မလွဲမသွေ ပေးဆပ်ရမည်ဖြစ်ကြောင်း ကျန်းရှောင်ကန်းက ပြောကြားခဲ့သည်။

သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် သတင်းများအရ မကြာသေးမီက လျောင်နင်း လေယာဉ်တင်သင်္ဘောသည် အနောက်ပစိဖိတ်သမုဒ္ဒရာ၏ ဝေးလံသော ပင်လယ်ရေပြင်တွင် ရက်ပေါင်း ၄၀ ကျော်ကြာ လေ့ကျင့်ရေးဆောင်ရွက်ခဲ့ပြီး ယင်းသည် တပ်တော်ဝင်ပြီးနောက် လေ့ကျင့်ရေးကာလ အရှည်ကြာဆုံးအကြိမ်ဖြစ်ကြောင်း၊ ထို့ပြင် လေယာဉ်တင်သင်္ဘောအုပ်စု၏ ဖွဲ့စည်းတပ်ဆင်မှုမှာလည်း အလွန်အံမခန်းအားကောင်းသည်ဟု ဆိုနိုင်ကြောင်း၊ လေ့ကျင့်ရေးကာလအတွင်း ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (SDF) ၏ စစ်သင်္ဘောများနှင့် စစ်လေယာဉ်များက လိုက်လံခြေရာခံ စောင့်ကြည့်ခဲ့ပြီး လျောင်နင် လေယာဉ်တင်သင်္ဘောပေါ်မှ တင်ဆောင်ထားသော လေယာဉ်များ ပျံတက်ခဲ့သည့် အကြိမ်အရေအတွက်ကိုလည်း ထုတ်ပြန်ခဲ့ကြောင်း၊ သို့သော် ဂျပန်ကာကွယ်ရေးဆိုင်ရာ အရာရှိတစ်ဦးက မိမိတို့၏ ကိုယ်ပိုင်စောင့်ကြည့်ထောက်လှမ်းနိုင်စွမ်းမှာ အကန့်အသတ်ရှိသဖြင့် “ကာကွယ်ရေးအနေအထား” ကို ပိုမိုအားကောင်းအောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနှင့်ပတ်သက်၍  သဘောထားကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။

လျောင်နင် လေယာဉ်တင်သင်္ဘောအုပ်စုသည် အနောက်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ သက်ဆိုင်ရာ ပင်လယ်ရေပြင်များသို့ သွားရောက်၍ လေ့ကျင့်ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသည် တရုတ်တပ်မတော်က စီစဉ်ဆောင်ရွက်သည့် နှစ်စဉ် ပုံမှန်စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး လေယာဉ်တင်သင်္ဘောအုပ်စု၏ ဝေးလံသော ပင်လယ်ရေပြင်များတွင် လက်တွေ့တိုက်ပွဲဝင်နိုင်စွမ်းကို စမ်းသပ်ရန်နှင့် မြှင့်တင်ရန် ရည်ရွယ်ကြောင်း၊ သီးခြားနိုင်ငံတစ်နိုင်ငံ သို့မဟုတ် ပစ်မှတ်တစ်ခုခုကို ရည်ရွယ်ခြင်းမဟုတ်ဘဲ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာကျင့်ထုံးများနှင့်လည်း ကိုက်ညီကြောင်း ကျန်းရှောင်ကန်းက ပြောကြားခဲ့သည်။

“အင်တာနက်အသုံးပြုသူ အများအပြားက ဂျပန်ဘက်ကို တရုတ်ရေတပ်ရဲ့ “သီးသန့်ဓာတ်ပုံဆရာ” လို့တောင် ခေါ်ဆိုနေကြပါတယ်။ ဂျပန်ဘက်ဟာ တရုတ်နိုင်ငံရဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှုတွေကို မကြာခဏ လျှို့ဝှက်ထောက်လှမ်းပြီး တမင်တကာ ပုံကြီးချဲ့ဖော်ပြတာ၊ ဂျပန်ပြည်သူတွေကို လှည့်ဖြားတာနဲ့ နိုင်ငံတကာလူထုရဲ့ အမြင်ကို လမ်းလွဲအောင် လုပ်ဆောင်တာတွေ ပြုလုပ်နေပါတယ်။ ဒါတွေအားလုံးဟာ သူတို့ရဲ့ စစ်အင်အားတိုးချဲ့ရေးနဲ့ လက်နက်အင်အားဖြည့်တင်းရေးအတွက် ဆင်ခြေတွေ ဖန်တီးနေတာပဲ ဖြစ်ပါတယ်” ဟု ကျန်းရှောင်ကန်းက ပြောကြားခဲ့သည်။

“လူထုအမြင်ကို အရင်ဖန်တီး၊ ထို့နောက် ဆင်ခြေရှာဖွေ၊ နောက်ဆုံးတွင် လက်တွေ့အကောင်အထည်ဖော်” ဟူသော လုပ်နည်းလုပ်ဟန်သည် ယခင်က ဂျပန်စစ်ဝါဒက ပြည်ပနိုင်ငံများအပေါ် ကျူးကျော်စစ်ဆင်နွှဲရာတွင် အသုံးပြုခဲ့သည့် ကောက်ကျစ်သိမ်ဖျင်းသော လှည့်ကွက်ပင်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဂျပန်လက်ယာယိမ်းအင်အားစုများ၏ ယခုကဲ့သို့ ဇာတ်ကွက်၊ ဇာတ်ညွှန်းများနှင့် ထပ်တလဲလဲ သုံးနေကျ နည်းပရိယာယ်များကို အထူးနိုးနိုးကြားကြား သတိထားစောင့်ကြည့်သင့်ပြီး ဂျပန်နိုင်ငံ၏ “စစ်ဝါဒပုံစံသစ်” ကို မဆင်မခြင် အကောင်အထည်ဖော်လာခြင်းအား ပြတ်ပြတ်သားသား တားဆီးဟန့်တားသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ (Xinhua)

--------------------

(Chinese Version)

国防部:敦促日方同军国主义彻底切割

新华社北京10月29日电(记者王春涛)“我们敦促日方正视和反省侵略历史,同军国主义彻底切割,不要再次走到国际社会的对立面。”国防部新闻发言人张晓刚29日在国防部例行记者会上表示。

有记者问,据报道,近期日本防卫大臣称,中国持续快速扩充核力量与导弹等军事实力;日本既不拥有核武器,也不拥有战略轰炸机,而中国同时拥有这两类装备,却反过来批评日本。他还声称,日本将从根本上重组防卫研究机构。请问中方对此有何评论?

张晓刚表示,众所周知,日本是二战战败国,必须遵守《开罗宣言》《波茨坦公告》等国际文件和日本宪法关于限制军力发展的规定,这是其重返国际社会的政治和法律前提;日本作为《不扩散核武器条约》无核武器缔约国,不接受、不制造、不拥有、不扩散核武器是其不得推卸的国际法义务,没有讨价还价的余地。

“日方这位官员刻意回避历史罪责,选择性忽视国际法,颠倒黑白、混淆视听。世人的眼睛是雪亮的,日方的狡辩掩盖不了其强军扩武甚至想拥核引核的危险图谋。”张晓刚说,“我们敦促日方正视和反省侵略历史,同军国主义彻底切割,不要再次走到国际社会的对立面。”

有记者问,美国和日本近期举行规模为历届最大的“利剑-27”联演,重点演练岛屿争夺,日本自卫队将25式地对舰导弹投入该演习,此外美国海军陆战队远征舰艇拦截系统首次部署在距离台湾最近的与那国岛。请问对此有何评论?

“亚太是和平发展的高地,顺应和平大势者方能行远,执意挑动阵营对抗不得人心。”张晓刚说,日本迎合贴靠一些国家搞所谓的联演,发展部署中远程导弹,持续强化西南诸岛军事部署,加速推进“再军事化”,正在成为地区安全的现实威胁。

张晓刚表示,台湾问题纯属中国内政,我们决不允许外部势力染指中国台湾地区。任何人都不要低估中方捍卫国家主权和领土完整的坚强决心、坚定意志、强大能力,若妄想“以台制华”甚至不自量力地搞军事挑衅,必将付出难以承受的代价。

有记者问,据报道,近期辽宁舰赴西太远海训练,历时40多天,是入列以来时间最长的一次,而且编队配置堪称“豪华”。其间,日本自卫队舰机对其跟踪监视,公布了辽宁舰航母舰载机起飞架次数量,但日防务官员声称自身监控能力有限,要进一步加强“防御态势”。请问对此有何评论?

张晓刚表示,辽宁舰航母编队赴西太平洋相关海域开展训练,这是中国军队组织的年度例行性训练,旨在检验和提升航母编队远海实战能力,不针对特定国家和目标,符合国际法和国际实践。

“不少网友都把日方称为中国海军的‘御用摄影师’,他们经常窥探中方正常演训活动,大肆炒作,蒙蔽日本民众,误导国际舆论,为其强军扩武制造借口。”张晓刚说,“先造舆论、再找借口、最后动手”,是当年日本军国主义搞对外侵略的鬼蜮伎俩。国际社会应对日本右翼势力这类戏码套路保持高度警惕,坚决遏阻日本“新型军国主义”妄动。

图说: 10月19日晚,在位于日本东京的日本国会前,民众手持标语参加抗议集会。新华社记者 梁晨 摄