
စင်ကာပူ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)
စင်ကာပူနိုင်ငံအနေဖြင့် ၂၀၃၅ ခုနှစ်တွင် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းကို ၄ ဂစ်ဂါဝပ်-ပိခ် (GWp) ရှိလာရန် ရည်မှန်းသည့်အလျောက် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားသုံးစနစ်များ တပ်ဆင်မည့် နေရာသစ်များ ရှာဖွေခြင်း၊ နေအိမ်များတွင် အသုံးပြုလာစေရန် အားပေးခြင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်း စီမံကိန်းများအား အဆင့်မြှင့်တင်ခြင်းတို့အပါအဝင် နေရောင်ခြည်စွမ်းအင်သုံးစနစ်များ တိုးချဲ့တပ်ဆင်ရေး ကြိုးပမ်းမှုများကို အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
မျက်နှာပြင်အမျိုးမျိုးတွင် နေရောင်ခြည်စွမ်းအင်သုံးစနစ်များ တပ်ဆင်နိုင်မည့် အခွင့်အလမ်းများ ဖော်ထုတ်ရန်နှင့် ကာလလတ်မှ ကာလရှည်အထိ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းများ ချမှတ်ရန် ၂၀၂၀ ပြည့်နှစ်က နောက်ဆုံးမွမ်းမံခဲ့သည့် စင်ကာပူနိုင်ငံ၏ နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး မဟာဗျူဟာလမ်းပြမြေပုံကို ထပ်မံမွမ်းမံသွားမည်ဖြစ်ကြောင်း စွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့က အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။
ပုဂ္ဂလိကပိုင်မြေပြင်အခြေစိုက် လုံးချင်းအိမ်များအတွက်မူ စင်ကာပူနိုင်ငံက နေအိမ်ပိုင်ရှင်များအား နေရောင်ခြည်စွမ်းအင်သုံးစနစ်နှင့် သက်ဆိုင်သည့် အချက်အလက်များ ပံ့ပိုးခြင်း၊ တပ်ဆင်ပေးမည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ပေးခြင်းနှင့် အစုလိုက် ဝယ်ယူမှုများကို အဆင်ပြေချောမွေ့စေခြင်းတို့ ပြုလုပ်ရန် တစ်နေရာတည်းမှ ဝန်ဆောင်မှုအားလုံးပေးနိုင်သည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းကို စူးစမ်းလေ့လာသွားမည်ဖြစ်သည်။
ထို့အပြင် စင်ကာပူနိုင်ငံအနေဖြင့် မြေပြင်အခြေစိုက်လုံးချင်းအိမ်ရာများရှိ လျှပ်စစ်ဓာတ်အားလိုင်းကွန်ရက် စွမ်းဆောင်ရည်ကို အကဲဖြတ်စစ်ဆေးသွားမည်ဖြစ်ပြီး နေရောင်ခြည်စွမ်းအင်မှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အား ပိုမိုစီးဝင်လာမှုကို လက်ခံနိုင်စေရန် လျှပ်စစ်ဓာတ်အားလိုင်းစနစ်ကို ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်သည်။
"စင်ကာပူနိုင်ငံမှာ မြေနေရာအကန့်အသတ်ဖိအားတွေရှိတာကြောင့် ကျွန်တော်တို့အနေနဲ့ နေရောင်ခြည်စွမ်းအင်ကို အသုံးချနိုင်မယ့် အခွင့်အလမ်းတိုင်းကို အကောင်းဆုံးအသုံးချဖို့ လိုအပ်ပါတယ်" ဟု စွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့၏ အမှုဆောင်အရာရှိချုပ် Puah Kok Keong က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
..........................................
(English Version)
Singapore steps up solar push, targets 4 GWp of capacity by 2035
SINGAPORE, Oct. 28 (Xinhua) -- Singapore will step up efforts to expand solar deployment as it targets 4 gigawatt-peak (GWp) of solar capacity by 2035, including identifying new installation sites, encouraging residential adoption and upgrading grid planning.
In a statement on Tuesday, the Energy Market Authority said that Singapore's Solar Photovoltaic Roadmap, last updated in 2020, will be updated to identify deployment opportunities across different surfaces and chart medium- to long-term development pathways.
For private landed homes, Singapore will explore a one-stop digital portal to provide homeowners with solar-related information, connect them with installers and facilitate group purchases.
The city-state will also assess electricity network capacity in landed residential estates and prepare the grid to accommodate increased flows of solar power.
"With Singapore's land constraints, we need to make the most of every opportunity to harness solar energy," said Puah Kok Keong, chief executive of the Energy Market Authority. ■
Photo caption: This photo taken on Sept. 3, 2026 shows a sunset view in Singapore. (Xinhua/Then Chih Wey)








