အောင်လံ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)
မကွေးတိုင်းဒေသကြီး အောင်လံမြို့ ကန်ကြီးရပ် ဒါနသဟာယကပြား ဆွမ်းလောင်းအသင်း မှ နှစ်စဥ် သီတင်းကျွတ်လပြည့်ကျော် တစ်ရက်တွင် ကျင်းပလေ့ရှိသည့် ၃၆ ကြိမ်မြောက် နွမ်းပါးအိမ်ထောင်စုများအား ကာယကံမြောက် မေတ္တာ အလှူပွဲကို အောက်တိုဘာ ၂၇ ရက် မွန်းလွဲပိုင်းက အဆိုပါ ဆွမ်းလောင်းအသင်း ရှေ့တွင် ပြုလုပ်ခဲ့သည်။
မြို့ပေါ် ၉ ရပ်ကွက်ရှိ နွမ်းပါးအိမ်ထောင်စု ၇၅၀ အား ဆန် ၊ ကြက်ဥ၊ ဆပ်ပြာ နှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း သိရပါသည်။ (Xinhua)








