ကျောက်ဆည်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရိုးရာဆင်အကအလှပြိုင်ပွဲကို အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် ရွှေသာလျောင်းတောင်ခြေ ဆင်အကအလှပြိုင်ကွင်း ဗဟိုမဏ္ဍပ်၌ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ကျောက်ဆည်မြို့ ဆင်အကအလှပြိုင်ပွဲတွင် ဘော်ကြယ်ဆင် ၂ စီး၊ ရိုးရာဆင် ၆ စီး၊ ကလေးဆင် ၃ စီး၊ သဘာဝတီထွင်ဆန်းသစ်မှုဆင် ၃ စီး စုစုပေါင်း ၁၄ စီး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဂုဏ်ပြုဆင်၊ သက်ကြီးဆင်၊ ဧည့်ခံဆင်၊ ဈေးပတ်ဆင် စုစုပေါင်း ၁၄၂ စီးဖြင့် ပျော်ရွှင်စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။  (Xinhua)