
ပေကျင်း၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအနေဖြင့် ၂၀ ကြိမ်မြောက် CPC ဗဟိုကော်မတီမှ စတင်ဆောင်ရွက်ခဲ့သည့် သတ္တမအကြိမ် စည်းကမ်းထိန်းသိမ်းရေး စစ်ဆေးမှုဆိုင်ရာ အစီရင်ခံစာကို ပြန်လည်သုံးသပ်ရန် အောက်တိုဘာ ၂၃ ရက်က အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် စစ်ဆေးရေးလုပ်ငန်း၏ ဆောင်ရွက်ချက်များနှင့် ရလဒ်များကိုလည်း ချီးကျူးပြောကြားခဲ့ကြသည်။
ဗဟိုအဆင့် ပါတီနှင့် အစိုးရဌာနများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများတွင် တိုးတက်မှုများ ရရှိထားသော်လည်း အချို့သော ပြဿနာများ ဆက်လက်ရှိနေသေးပြီး ၎င်းတို့ကို အလေးအနက်ထား ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေသေးကြောင်း စစ်ဆေးတွေ့ရှိချက်များအရ သိရသည်။
စစ်ဆေးတွေ့ရှိသည့် ပြဿနာများကို ပြုပြင်ရန်အတွက် ခိုင်မာသော ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ကြရန်လည်း အစည်းအဝေးက တိုက်တွန်းခဲ့သည်။
ဗဟိုအဆင့် ပါတီနှင့် အစိုးရဌာနများအနေဖြင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရာတွင် နိုင်ငံရေးဆိုင်ရာ တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်ဓာတ်ကို ပိုမိုခိုင်မာအားကောင်းစေရန်၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ပိုမိုနက်ရှိုင်းစွာ ဖော်ဆောင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေး နှစ်ရပ်စလုံးကို သေချာစေရန် အဆိုပါအစည်းအဝေးက တိုက်တွန်းခဲ့သည်။
ထို့ပြင် ပါတီကိုယ်ပိုင်စီမံခန့်ခွဲမှုကို အပြည့်အဝနှင့် တင်းကျပ်စွာ ရှေ့ဆက်ဆောင်ရွက်နိုင်ရေးအတွက် ခေါင်းဆောင်ပိုင်း အဖွဲ့အစည်းများကိုလည်း ပိုမိုအားကောင်းလာအောင် ပြုလုပ်ရန်၊ ပိုမိုမြင့်မားသော စံနှုန်းများကို ချမှတ်ကျင့်သုံးရန်နှင့် ပိုမိုခိုင်မာလက်တွေ့ကျသော အစီအမံများ လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း အဆိုပါအစည်းအဝေးက အလေးထားပြောကြားခဲ့သည်။
အစည်းအဝေးတွင် အခြားကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)
..........................................
(English Version)
Xi chairs CPC leadership meeting to review disciplinary inspection report
BEIJING, Oct. 23 (Xinhua) -- The Political Bureau of the Communist Party of China (CPC) Central Committee held a meeting on Friday to review a report on the seventh round of disciplinary inspection launched by the 20th CPC Central Committee.
Xi Jinping, general secretary of the CPC Central Committee, chaired the meeting.
The meeting hailed the work performance and results of the inspection.
According to the inspection results, central Party and government departments have made progress in their work, but some problems still exist and need to be taken seriously.
The meeting urged solid efforts to rectify the problems identified by the inspection.
It called on central Party and government departments to strengthen their sense of political responsibility in performing their duties, deepen reform, and ensure both development and security.
It also stressed the need to strengthen leadership teams, while adopting higher standards and taking more concrete measures to advance full and rigorous Party self-governance.
The meeting also discussed other matters. ■
Photo caption: Chinese President Xi Jinping, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, addresses a gathering marking the CPC's 105th founding anniversary at the Great Hall of the People in Beijing, capital of China, July 1, 2026. (Xinhua/Yao Dawei)








