တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နာ့ချွီမြို့ ပါးချင်းခရိုင်သို့ ကယ်ဆယ်ရေးဝန်ထမ်းများ ရောက်ရှိလာသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နာ့ချွီမြို့ ပါးချင်းခရိုင်သို့ ကယ်ဆယ်ရေးဝန်ထမ်းများ ရောက်ရှိလာသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြင်းအားရစ်ချ်တာစကေး ၇.၀ ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် နိုင်ငံတော်ကောင်စီ၏ ငလျင်ဘေးကယ်ဆယ်ရေးဌာနချုပ်နှင့် အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနတို့က နိုင်ငံတော်အဆင့် ငလျင်အရေးပေါ်တုံ့ပြန်မှုအဆင့်ကို အဆင့် ၄ မှ အဆင့် ၃ သို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ဝန်ကြီးဌာနက အောက်တိုဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများတွင် လမ်းညွှန်ကူညီပေးနိုင်ရန်အတွက်လည်း လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို ငလျင်ဘေးသင့်ဒေသသို့ စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၂၂ ရက် ည ၁၀:၃၃ နာရီအချိန်တွင် နာ့ချွီမြို့၊ ပါးချင်းခရိုင်ကို ဗဟိုပြု၍ ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် လူ ၁၆ ဦး သေဆုံးကာ ၅၄ ဦး ဒဏ်ရာရရှိခဲ့သည်။

ငလျင်လှုပ်ခတ်ပြီးနောက် နိုင်ငံတော်ကောင်စီ ငလျင်ကယ်ဆယ်ရေးဌာနချုပ်မှ ဒုတိယကွပ်ကဲရေးမှူးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတာဝန်ရှိသူများက အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝန်ကြီးဌာနသည် ငလျင်ဘေးသင့်ဒေသတွင် ဘေးအန္တရာယ်အခြေအနေများ ကင်းထောက်စုံစမ်းရန် Wing Loong ဒရုန်းများ စေလွှတ်အသုံးပြုနိုင်ရေးအတွက် ရှီးဇန့်ဒေသ၏အရေးပေါ်စီမံခန့်ခွဲမှုဌာနကိုလည်း လမ်းညွှန်ကူညီပေးခဲ့သည်။

တရုတ်နိုင်ငံ၏ အမျိုးသားအဆင့် မီးသတ်နှင့် ဘက်စုံကယ်ဆယ်ရေးတပ်ဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်  ဝန်ထမ်း ၃၅၀ ဦးနှင့် ယာဉ် ၈၃ စီး ပို့ဆောင်ခဲ့သည်။

အောက်တိုဘာ ၂၃ ရက် နံနက် ၆:၃၀ နာရီအချိန်အထိ ကယ်ဆယ်ရေးဝန်ထမ်း ၁၂၀ ဦးနှင့် ယာဉ် ၂၇ စီး ငလျင်ဒဏ်သင့်ဒေသသို့ ရောက်ရှိပြီးဖြစ်ကာ ရှီးဇန့်ဒေသ မီးသတ်နှင့် ကယ်ဆယ်ရေးတပ်ဖွဲ့မှ အင်အားဖြည့်တင်းရန် စေလွှတ်ထားသည့် ကယ်ဆယ်ရေးဝန်ထမ်း ၂၃၀ ဦးနှင့် ယာဉ် ၅၆ စီးမှာ နာ့ချွီမြို့ အုပ်ချုပ်ရေးနယ်မြေအတွင်းသို့ ဝင်ရောက်နေပြီဖြစ်သည်။

အောက်တိုဘာ ၂၃ ရက် နံနက် ၄:၃၀ နာရီအချိန်အထိ အာဏာပိုင်များက ဗဟို၊ ဒေသ၊ မြို့နှင့် ခရိုင်အဆင့်ဆင့်မှ ကူညီကယ်ဆယ်ရေးပစ္စည်းများကို စုစည်း၍ ငလျင်ဒဏ်သင့်ဒေသသို့ အသုတ်လိုက် ပို့ဆောင်ပေးခဲ့ကြသည်။

အဆိုပါကူညီထောက်ပံ့ရေးပစ္စည်းများတွင် အလွယ်တကူတပ်ဆင်နိုင်သော ယာယီနေအိမ်အလုံး ၁,၀၀၀၊  ရွက်ဖျင်တဲ ၃,၂၃၉ လုံး၊ ခေါက်ခုတင် ၂,၈၂၁ ခုနှင့် စောင် ၄,၂၈၀ ထည်အပြင် အခြားလိုအပ်သောပစ္စည်းများလည်း ပါဝင်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နာ့ချွီမြို့ ပါးချင်းခရိုင်ရှိ ငလျင်ဒဏ်သင့်ကျေးရွာတွင် မီးသတ်သမားများ စစ်ဆေးကြည့်ရှုနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နာ့ချွီမြို့ ပါးချင်းခရိုင်ရှိ ငလျင်ဒဏ်သင့်ကျေးရွာတွင် မီးသတ်သမားများ စစ်ဆေးကြည့်ရှုနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………….

(English Version)

China upgrades emergency response to Level III after Xizang quake

BEIJING, Oct. 23 (Xinhua) -- The State Council earthquake relief headquarters and the Ministry of Emergency Management upgraded the national earthquake emergency response from Level IV to Level III after a 7.0-magnitude earthquake in southwest China's Xizang Autonomous Region, the ministry said Friday.

A work team has also been dispatched to the quake-hit area to guide and assist rescue and relief efforts.

The earthquake struck Baqen County of Nagqu City at 10:33 p.m. Thursday, leaving 16 people dead and 54 injured.

After the quake, a deputy commander of the State Council earthquake relief headquarters and relevant ministry officials have continued to coordinate and guide emergency response efforts.

The ministry has also guided Xizang's emergency management department in arranging for Wing Loong drone deployment to the quake-hit area for disaster reconnaissance.

China's national comprehensive fire and rescue force has dispatched a total of 350 rescuers and 83 vehicles for rescue operations.

As of 6:30 a.m. Friday, 120 rescuers and 27 vehicles had arrived in the quake-hit area, while the remaining 230 rescuers and 56 vehicles from the Xizang fire and rescue corps were en route as reinforcements, having all entered Nagqu's administrative area.

As of 4:30 a.m. Friday, authorities mobilized relief supplies at the central, regional, municipal and county levels and delivered them in batches to the quake-hit area.

The supplies included 1,000 prefabricated housing units, 3,239 tents, 2,821 folding beds and 4,280 quilts, among other essentials.

Photo Caption 1: Rescuers arrive in Baqen County of Nagqu City in southwest China's Xizang Autonomous Region on Oct. 23, 2026. (Xinhua)

Photo Caption 2: Firefighters inspect an earthquake-hit village in Baqen County of Nagqu City in southwest China's Xizang Autonomous Region, on Oct. 23, 2026. (Xinhua)