တရုတ်နိုင်ငံ မြို့တော်၊ ပေကျင်းတွင် ရုရှားနိုင်ငံ၏ ရှေ့နေချုပ် အီဂေါကရာ့စ်နော့ဗ်ကို လက်ခံတွေ့ဆုံခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင် အကြီးအကဲ ချန်ဝန်ချင်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြို့တော်၊ ပေကျင်းတွင် ရုရှားနိုင်ငံ၏ ရှေ့နေချုပ် အီဂေါကရာ့စ်နော့ဗ်ကို လက်ခံတွေ့ဆုံခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင် အကြီးအကဲ ချန်ဝန်ချင်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ အကြီးတန်းတာဝန်ရှိသူတစ်ဦးဖြစ်သူ ချန်ဝန်ချင်း သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ တရားရုံးချုပ် ဥက္ကဋ္ဌ အီဂေါကရာ့စ်နော့ဗ်ကို အောက်တိုဘာ ၂၂ ရက်က ပေကျင်းမြို့၌ လက်ခံတွေ့ဆုံခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင် အကြီးအကဲ ချန်ဝန်ချင်း က ယခုနှစ်သည် တရုတ်-ရုရှား မဟာဗျူဟာ​မြောက်  ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးထူထောင်ခြင်း၏ နှစ် ၃၀ ပြည့် နှစ်ပတ်လည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အလားတူ ချန်ဝန်ချင်းက နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီခဲ့ကြသည့် အရေးကြီးသောအချက်များကို နှစ်ဖက်စလုံးက အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ တရားသူကြီးများအတွက် တရားစီရင်ရေးဆိုင်ရာ လေ့ကျင့်သင်ကြားမှုများနှင့် တရားစီရင်ရေးကဏ္ဍတွင် ဉာဏ်ရည်တု (AI) နည်းပညာ အသုံးပြုခြင်းများနှင့် ပတ်သက်၍ အပြန်အလှန်ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန်၊ နယ်စပ်ဖြတ်ကျော်တရားစီရင်ရေးဆိုင်ရာအကူအညီပေးမှုများ၏ အရည်အသွေးနှင့်ထိရောက်မှုကို တိုးတက်အောင်ပြုလုပ်ရန်၊ ဥပဒေစိုးမိုးရေးဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းများတွင် ပူးပေါင်းဆောင်ရွက်မှုများခိုင်မာအားကောင်းစေရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အီဂေါကရာ့စ်နော့ဗ်ကလည်း နှစ်နိုင်ငံဆက်ဆံရေး အဆင့်မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တရားစီရင်ရေးဆိုင်ရာ အပြန်အလှန်ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းအောင်လုပ်ဆောင်သွားရန် ရုရှားနိုင်ငံဘက်က အဆင်သင့်ရှိနေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

...........................................

(English version)

Senior CPC official meets chief justice of Russia

BEIJING, Oct. 22 (Xinhua)

Chen Wenqing, a senior official of the Communist Party of China (CPC), met with Chairman of the Supreme Court of the Russian Federation Igor Krasnov on Thursday in Beijing.

Chen, a member of the Political Bureau of the CPC Central Committee and head of the Commission for Political and Legal Affairs of the CPC Central Committee, said this year marks the 30th anniversary of the establishment of the China-Russia strategic partnership of coordination.

It is hoped that the two sides will implement the important consensus reached by the two heads of state, step up exchanges and cooperation in judicial training for judges and the application of artificial intelligence in justice, improve the quality and effectiveness of cross-border judicial assistance, and strengthen collaboration on multilateral rule-of-law platforms, Chen said.

Krasnov said the Russian side stands ready to deepen judicial exchanges and cooperation between the two countries to serve the high-level development of bilateral ties. ■

Photo caption: Chen Wenqing, a member of the Political Bureau of the Communist Party of China (CPC) Central Committee and head of the Commission for Political and Legal Affairs of the CPC Central Committee, meets with Igor Krasnov, Prosecutor General of the Russian Federation, in Beijing, capital of China, July 13, 2023. (Xinhua/Zhang Ling)