တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်ရှိ ချင်းသောင်ဆိပ်ကမ်းမှ ကွန်တိန်နာများတင်ဆောင်ထားသော ကုန်တင်သင်္ဘောတစ်စင်း ထွက်ခွာသွားသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်ရှိ ချင်းသောင်ဆိပ်ကမ်းမှ ကွန်တိန်နာများတင်ဆောင်ထားသော ကုန်တင်သင်္ဘောတစ်စင်း ထွက်ခွာသွားသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ၏ တရုတ်နိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းမှုသည် ၂၀၂၆ ခုနှစ် ပထမကိုးလအတွင်း ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၂.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၃.၂ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း အစ္စရေးဗဟိုစာရင်းအင်းဌာနက အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ပထမကိုးလတာကာလအတွင်း  တရုတ်နိုင်ငံသည် အစ္စရေးအတွက် အဓိက ကုန်ပစ္စည်းအများဆုံးတင်သွင်းသည့် နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပြီး အမေရိကန်နိုင်ငံက ဒုတိယနေရာ၌ ရှိနေသည်။ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကာလတွင် အစ္စရေးသည် အမေရိကန်နိုင်ငံမှ ကုန်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၈.၇၄ ဘီလီယံဖိုး တင်သွင်းခဲ့သည်။ ဂျာမနီနိုင်ငံမှ ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၅.၈၉ ဘီလီယံဖိုး တင်သွင်းခဲ့ကြောင်းလည်း သိရသည်။

စက်တင်ဘာလတစ်လတည်းတွင် အစ္စရေးနိုင်ငံ၏ တရုတ်နိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁.၅၇ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ် အလားတူလနှင့်နှိုင်းယှဉ်ပါက ၂၂.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

အစ္စရေး၏ပို့ကုန်အကြီးဆုံးဈေးကွက်အဖြစ်မူ အမေရိကန်နိုင်ငံက ဆက်လက်ရပ်တည်ခဲ့သည်။ ဇန်နဝါရီမှ စက်တင်ဘာအတွင်း အစ္စရေးက အမေရိကန်သို့ ဒေါ်လာ ၁၃.၇ ဘီလီယံဖိုး တင်ပို့ခဲ့ကာ တရုတ်နိုင်ငံသို့ ဒေါ်လာ ၂.၄ ဘီလီယံဖိုး တင်ပို့၍ ဒုတိယအများဆုံး တင်ပို့ရာနိုင်ငံဖြစ်ခဲ့သည်။ (Xinhua)

…………….

(English Version)

China remains Israel's top goods import source in first 3 quarters

JERUSALEM, Oct. 21 (Xinhua) -- Israel's goods imports from China rose 22.4 percent year on year in the first nine months of 2026, reaching 13.2 billion U.S. dollars, according to data issued by Israel's Central Bureau of Statistics on Wednesday.

China remained Israel's largest source of commodity imports in the first three quarters, ahead of the United States, from which Israel imported goods worth 8.74 billion dollars between January and September, and Germany, with 5.89 billion dollars.

In September alone, Israeli imports from China totaled 1.57 billion dollars, up 22.8 percent from the same month last year.

The United States remained the largest destination for Israeli exports, receiving Israeli goods valued at 13.7 billion dollars between January and September, followed by China with 2.4 billion dollars.

Photo caption: A drone photo taken on April 14, 2026 shows a cargo ship with containers leaving Qingdao Port in east China's Shandong Province.  (Photo by Yu Fangping/Xinhua)