အောင်လံ၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အတွင်း စိုက်ပျိုး ဖြစ်ထွန်းလျက်ရှိသည့် ဆောင်းပဲတီစိမ်းစိုက်ခင်းများ၊ ဝါစိုက်ခင်းများနှင့် ပြောင်းဖူး စိုက်ခင်းများ၏ မြင်ကွင်းကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါသည်။
အောင်လံမြို့နယ်အတွင်းက ဆောင်းသီးနှံစိုက်ခင်းတွေက မုန်တိုင်းအရှိန်ကြောင့် မိုးရေများပိုမိုရရှိကာ စိုက်ပျိုးဖြစ်ထွန်းနေကြောင်း တောင်သူတွေထံမှ သိရသည်။
လက်ရှိတွင် ဈေးနှုန်းများအနေဖြင့် ဆောင်းပဲတီစိမ်း ၂၀ ပိသာဝင် တစ်အိတ်လျှင် ကျပ် တစ်သိန်းစျေး၊ ဝါတစ်ပိသာ ၄,၇၀၀ ကျပ်စျေးနှင့် ပြောင်းဖူး တစ်ဖူးလျှင် ကျပ် ၆၀၀ စသဖြင့် ရောင်းဝယ်လျက်ရှိသည်ဟု အောင်လံကုန်စည်ဒိုင်စျေးကွက် မှသိရသည်။ (Xinhua)








