
ဟောင်ကောင်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရက ပြင်သစ်နိုင်ငံသို့ ခရီးသွားလာခြင်းနှင့်ပတ်သက်၍ အဝါရောင်အဆင့် ပြည်ပခရီးသွားလာရေးဆိုင်ရာသတိပေးချက်တစ်ရပ်ကို အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်လိုက်သည်။
အဆိုပါသတိပေးထုတ်ပြန်ချက်အား ပြင်သစ်နိုင်ငံတွင်ဖြစ်ပွားနေသော ဆန္ဒပြမှုနောက်ဆုံးအခြေအနေများကို ထည့်သွင်းစဉ်းစား၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဝါရောင် ခရီးသွားလာရေးဆိုင်ရာသတိပေးချက်မှာ ခြိမ်းခြောက်မှုဆိုင်ရာအရိပ်အယောင်များရှိနေကြောင်း ဖော်ပြခြင်းဖြစ်သည်ဟု HKSAR အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ပြင်သစ်နိုင်ငံသို့ရောက်ရှိနေကြသည့် ဟောင်ကောင်ဒေသခံများ သို့မဟုတ် သွားရောက်လည်ပတ်ရန် စီစဉ်ထားကြသူများအနေဖြင့် အခြေအနေကိုစောင့်ကြည့်လေ့လာရန်၊ သတိပြုနေထိုင်ရန်၊ မိမိကိုယ်ကိုယ်ဘေးကင်းလုံခြုံအောင် ဂရုစိုက်ရန်နှင့် လူစုလူဝေးများကို ရှောင်ရှားကြရန် HKSAR အစိုးရက အကြံပြုတိုက်တွန်းထားသည်။
HKSAR အစိုးရ၏လုံခြုံရေးဗျူရိုကလည်း ပြင်သစ်နိုင်ငံရှိအခြေအနေများကို အနီးကပ်ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
..............................
(English version)
HKSAR gov't issues travel alert on France
HONG KONG, Oct. 20 (Xinhua) The Hong Kong Special Administrative Region (HKSAR) government on Tuesday issued an amber outbound travel alert (OTA) for France.
The move was made in view of the latest protest situation in France. The amber OTA signifies signs of threats, a spokesperson for the HKSAR government said.
The HKSAR government advised Hong Kong residents currently in France, or planning to visit, to monitor the situation, exercise caution, attend to personal safety, and avoid large gatherings of people.
The Security Bureau of the HKSAR government will continue to monitor the situation closely in France. ■
Photo caption: A man smashes a store window with a stone during a protest in Paris, France, Oct. 17, 2026. (Xinhua/Wu Huiwo)








