
ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
အောက်တိုဘာ ၂၀ ရက်သည် နိုင်ငံတကာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ (IOMed) တည်ထောင်ခြင်း ၁ နှစ်ပြည့်ဖြစ်သည်။ IOMed တည်ထောင်သည့် တစ်နှစ်တာကာလအတွင်း နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံအားပေးမှုနှင့် အပြုသဘောဆောင်သော တုံ့ပြန်မှုများ ရရှိခဲ့ကြောင်း၊ စတင်တည်ထောင်သည့် အဖွဲ့ဝင်နိုင်ငံသည် ၄၈ နိုင်ငံအထိ တိုးပွားလာရာ နိုင်ငံတကာ စီးပွားရေး အငြင်းပွားမှု အမှုများကို အောင်မြင်စွာညှိနှိုင်းဖျန်ဖြေပေးခဲ့သဖြင့် အငြင်းပွားသူများ၏ များစွာအသိအမှတ်ပြုခြင်း ခံရကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က အောက်တိုဘာ ၂၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
IOMed သည် ဘက်အသီးသီးက ငြိမ်းချမ်း၍ ချစ်ကြည်ရင်းနှီးသော နည်းလမ်းဖြင့် အငြင်းပွားမှုအား ဖြေရှင်းမှုအတွက် ပလက်ဖောင်းအသစ် တည်ဆောက်ရေးရန် ကြိုးပမ်းလျက်ရှိပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ပံ့ပိုးပေးသည့် အရေးကြီး တရားဥပဒေစိုးမိုးရေး အများပြည်သူထုတ်ကုန်ဖြစ်ကြောင်း၊ IOMed တွင် ပိုမိုများပြားသောနိုင်ငံများ ပါဝင်လာရန်၊ IOMed အား ကောင်းမွန်စွာ အသုံးချ၍ နိုင်ငံတကာ အငြင်းပွားမှုများကို အတူတကွ ငြိမ်းချမ်းစွာဖြေရှင်းရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအတွက် အကျိုးထမ်းဆောင်ပေးရန် မျှော်လင့်ကြောင်း မော်နင်က ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
外交部:期待更多国家加入国际调解院
新华社北京10月20日电(记者邵艺博、冯歆然)10月20日是国际调解院成立一周年。外交部发言人毛宁20日在例行记者会上表示,国际调解院成立一年来,得到国际社会广泛支持和积极响应,创始成员国增加至48个,已成功调解国际商事争议案件,得到争端方高度认可。
毛宁表示,国际调解院致力于为各方以和平友好方式解决争端打造新平台,是为国际社会提供的重要法治公共产品。期待更多国家加入国际调解院、用好国际调解院,共同为和平解决国际争端,促进世界和平与发展作出贡献。(完)
图说:这是2025年5月30日在香港拍摄的国际调解院。新华社发(王申摄)








