
ရာအူးလ် ကက်စထရိုအပေါ် အမေရိကန်၏ ဖမ်းဝရမ်းထုတ်မှုကို ကျူးဘား ရှုတ်ချ
ကျူးဘားအစိုးရက ယခင်ကျူးဘားသမ္မတ ရာအူးလ် ကက်စထရိုအား အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှ ဖမ်းဝရမ်းထုတ်ခဲ့ခြင်းကို အောက်တိုဘာ ၁၉ ရက်တွင် ပြစ်တင်ရှုတ်ချခဲ့ပြီး ယင်းလုပ်ရပ်မှာ ကျူးဘားနိုင်ငံအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုနှင့် ဆက်စပ်နေသည့် အဓိပ္ပာယ်မဲ့သော ဥပဒေရေးရာ လှည့်ကွက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဒီနေ့မနက်ပိုင်းက မိုင်ယာမီမြို့မှာ စစ်တပ်ဗိုလ်ချုပ်ကြီးအပေါ်လုပ်ခဲ့တဲ့ ဒီစက်ဆုပ်ဖွယ်လုပ်ရပ်ဟာ ရွေးကောက်ပွဲနိုင်ငံရေးနောက်ခံနဲ့ စိတ်ပျက်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ ဥပဒေကြောင်းအရအဓိပ္ပာယ်လည်း မရှိသလို လက်တွေ့အကျိုးသက်ရောက်မှုလည်း လုံးဝမရှိပါဘူး” ဟု ကျူးဘားသမ္မတ Miguel Díaz-Canel က လူမှုကွန်ရက် X တွင် ရေးသားခဲ့သည်။
Díaz-Canel က အဆိုပါဖမ်းဝရမ်းမှာ ရာအူးလ် ကက်စထရိုနှင့် ကျူးဘားနိုင်ငံကို ပစ်မှတ်ထားသည့် ကျူးဘားဆန့်ကျင်ရေး နိုင်ငံရေးသမားများက ဥပဒေပုံစံဖြင့် အရေခြုံထားသော နိုင်ငံရေးပရိယာယ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျအပေါ် တိုက်ခိုက်မှုအသစ်များ လုပ်ဆောင်ခဲ့ဟု ဟူသီအဖွဲ့ ပြောကြား၊ ရီယတ်က အဓိက ရင်းနှီးမြှုပ်နှံမှုညီလာခံ ရွှေ့ဆိုင်း
ယီမင်နိုင်ငံအခြေစိုက် ဟူသီအဖွဲ့က လွန်ခဲ့သည့် ၄၈ နာရီအတွင်း ဆော်ဒီအာရေဗျနိုင်ငံရှိ ရေနံလုပ်ငန်း၊ လေကြောင်းနှင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ခြောက်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ဆော်ဒီအာရေဗျနိုင်ငံက ယခုလနှောင်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားသော ၎င်း၏ အဓိက ရင်းနှီးမြှုပ်နှံမှုညီလာခံကိုလည်း ရွှေ့ဆိုင်းလိုက်သည်။
ပထမဆုံးတိုက်ခိုက်မှုက ပင်လယ်နီကမ်းရိုးတန်းရှိ ယန်ဘူမြို့ (Yanbu) တွင် တည်ရှိသော ဆော်ဒီရေနံကုမ္ပဏီကြီး အာရမ်ကို၏ စက်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှုကြောင့် ပစ်မှတ်များ ထိမှန်ခဲ့ပြီး မီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်း ဟူသီအဖွဲ့၏ စစ်ရေးပြောရေးဆိုခွင့်ရှိသူ Yahya Sarea က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။
ဒုတိယတိုက်ခိုက်မှုမှာ ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်းရှိ Shaybah ရေနံမြေကို ပစ်မှတ်ထားခဲ့ပြီး မီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်း ဆာရီးယားက ပြောကြားခဲ့သည်။

အီရန်သမ္မတနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ၊ အင်အားသုံး၍ တောင်းဆိုချက်များ ချမှတ်ခြင်းကို လက်မခံဟု ပြောကြား
အခြားနိုင်ငံတစ်နိုင်ငံက အင်အားသုံးခြင်းနှင့် ဖိအားပေးခြင်းတို့မှတစ်ဆင့် အခြားနိုင်ငံများအပေါ် ၎င်း၏ဆန္ဒနှင့် တောင်းဆိုချက်များကို အတင်းအကျပ် ချမှတ်ခြင်းအား အီရန်နိုင်ငံအနေဖြင့် လက်ခံမည်မဟုတ်ကြောင်း အီရန်သမ္မတ Masoud Pezeshkia က တီဟီရန်မြို့တွင် လာရောက်လည်ပတ်နေသော ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် တွေ့ဆုံစဉ် အောက်တိုဘာ ၁၉ ရက်က ပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကို ရည်ညွှန်း၍ Pezeshkia က အီရန်ခေါင်းဆောင်များ၊ စစ်ဘက်အကြီးအကဲများ၊ နျူကလီးယားသိပ္ပံပညာရှင်များနှင့် ကျောင်းသားများကို လုပ်ကြံသတ်ဖြတ်ခြင်းအပြင် အထူးသဖြင့် အီရန်အနေဖြင့် ဝါရှင်တန်နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေဆဲအခြေအနေ၌ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခြင်းမှာ ဥပဒေနှင့် ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းအားလုံးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အနောက်အာရှဒေသရှိ အခြားနိုင်ငံများနှင့် အီရန်နိုင်ငံအကြား အခြေခံအားဖြင့် ဖြေရှင်းမရနိုင်သော အငြင်းပွားမှုများ မရှိကြောင်းနှင့် လက်ရှိပြဿနာများ၊ စိန်ခေါ်မှုများကို ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် ဖြေရှင်းရန် အသင့်ရှိကြောင်း သမ္မတရုံးဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသော ကြေညာချက်၌ Pezeshkia က ပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် တာကာအိချိ အစိုးရအပေါ် လူထုထောက်ခံမှု ၅၀ ရာခိုင်နှုန်းအောက် ကျဆင်းပြီး စံချိန်တင် အနိမ့်ဆုံးသို့ ရောက်ရှိ
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ အစိုးရအပေါ် လူထုထောက်ခံမှုသည် ၄၉.၁ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ကြောင်း၊ ယင်းမှာ တာကာအိချိ အောက်တိုဘာလတွင် ရာထူးစတင်ရယူခဲ့ပြီးနောက်ပိုင်း အနိမ့်ဆုံးအဆင့်ဖြစ်သကဲ့သို့ လူထုထောက်ခံမှု ၅၀ ရာခိုင်နှုန်းအောက်သို့ ပထမဆုံးအကြိမ် ကျဆင်းလာခြင်းလည်း ဖြစ်ကြောင်း ကျိုဒိုသတင်းဌာန အောက်တိုဘာ ၁၈ ရက်တွင် ထုတ်ပြန်လိုက်သော စစ်တမ်း၌ ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်း တယ်လီဖုန်းဖြင့် ကောက်ယူခဲ့သည့် စစ်တမ်းကို အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်တမ်းအရ အစိုးရအပေါ် ထောက်ခံမှုနှုန်းမှာ ယခင်လထက် ပွိုင့် ၄.၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
အစိုးရကို မထောက်ခံသည့် ရာခိုင်နှုန်းမှာလည်း ယခင် ၃၀.၉ ရာခိုင်နှုန်းမှ ၃၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ပြင်သစ်နိုင်ငံ မာဆေးမြို့တွင် နေ့ခင်းပိုင်း လူစုဝေးမှုနှင့် ဆန္ဒပြမှုများ တားမြစ်
ပြင်သစ်နိုင်ငံ မာဆေးမြို့ တစ်မြို့လုံးတွင် အောက်တိုဘာ ၁၉ ရက် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီမှ ည ၈ နာရီအထိ လူစုလူဝေးပြုလုပ်ခြင်းနှင့် ဆန္ဒပြခြင်းများကို တားမြစ်မည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံ တောင်ပိုင်းရှိ Bouches-du-Rhône ဒေသရဲတပ်ဖွဲ့ဌာနက X လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
ပြင်သစ်သတင်းရုပ်သံဌာန BFM TV ၏ ဖော်ပြချက်အရ အောက်တိုဘာ ၁၇ ရက်က မာဆေးမြို့တွင် ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများအတွင်း လုယက်မှုများ၌ လူ ၃၀,၀၀၀ ကျော် ပါဝင်ခဲ့ကြောင်း ဒေသအာဏာပိုင်များက မှတ်တမ်းတင်ထားသည်။
ပဲရစ်မြို့တွင်လည်း အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်း၌ ကျောင်းသားဆန္ဒပြသူများက လူဗာပြတိုက်၏ ဝင်ပေါက်ကို ပိတ်ဆို့ခဲ့ကြောင်းလည်း ပြင်သစ်နေ့စဉ်သတင်းစာ Le Parisien က ပြတိုက်စီမံခန့်ခွဲရေးအဖွဲ့နှင့် အလုပ်သမားသမဂ္ဂ နှစ်ခုအား ကိုးကား၍ သတင်းဖော်ပြခဲ့သည်။
ထို့ပြင် အထွေထွေအလုပ်သမားအဖွဲ့ချုပ် (General Confederation of Labour) ၏ ပြောကြားချက်အရ ပြတိုက်ကို အနည်းဆုံး မွန်းတည့်အချိန်အထိ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ တတိယသုံးလပတ် စီးပွားရေးတိုးတက်မှု အရှိန်မြင့်လာ၊ ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ အဓိကမောင်းနှင်အား အခန်းကဏ္ဍမှ ဆက်လက်ရပ်တည်
တရုတ်နိုင်ငံ၏ စီးပွားရေးသည် လျင်မြန်စွာ ကြီးထွားလာနေသော စီးပွားရေးမောင်းနှင်အားအသစ်များနှင့် အစိုးရ၏ မူဝါဒအထောက်အပံ့အသစ်များက ပံ့ပိုးပေးခြင်းအားဖြင့် ၂၀၂၆ ခုနှစ် တတိယသုံးလပတ် (Q3) တွင် တိုးတက်မှုအရှိန် မြင့်တက်လာခဲ့ပြီး နိုင်ငံ၏ နှစ်စဉ် တိုးတက်မှုရည်မှန်းချက်ကို ပြည့်မီနိုင်မည့် လမ်းကြောင်းပေါ် ဆက်လက်ရှိနေသလို ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် ဦးဆောင်မောင်းနှင်အားအဖြစ်လည်း ဆက်လက်ရပ်တည်နေသည်။
တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) သည် ၂၀၂၆ ခုနှစ် တတိယသုံးလပတ်တွင် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ ယင်းမှာ ဒုတိယသုံးလပတ်တွင် ရှိခဲ့သော ၄.၃ ရာခိုင်နှုန်းထက် ပိုမိုမြင့်မားကြောင်း တရုတ်နိုင်ငံ အမျိုးသားစာရင်းအင်းဗျူရို (NBS) က အောက်တိုဘာ ၁၉ ရက်၌ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ (Xinhua)
………..
(English Version)
Daily World Briefing, Oct. 20
Cuba condemns U.S. arrest warrant for Raul Castro
Cuba's government on Monday condemned an arrest warrant issued by the U.S. state of Florida for former Cuban President Raul Castro, calling it a senseless legal ploy linked to Washington's blockade of the island.
"This reprehensible action against the Army General this morning in a pathetic Miami circus, with an electoral backdrop, has no, nor will it ever have, the slightest legal sense and even less practical sense," Cuban President Miguel Diaz-Canel said in a post on social media platform X.
The arrest warrant is a political ploy in legal guise orchestrated by anti-Cuban politicians against Raul and against Cuba, said Diaz-Canel.
Houthis claim new attacks on Saudi Arabia as Riyadh postpones its flagship investment conference
Yemen's Houthi group said Monday it had carried out six attacks against oil, aviation and military targets in Saudi Arabia over the past 48 hours, as security concerns prompted the kingdom to postpone its flagship investment conference originally scheduled for later this month.
Houthi military spokesperson Yahya Sarea said in a statement that the first attack targeted facilities of Saudi oil giant Aramco in the Red Sea city of Yanbu, claiming the strikes hit the targets and caused fires.
The second targeted the Shaybah oil field in eastern Saudi Arabia and caused fires, Sarea claimed.
Iran's president meets Russian FM, says Tehran rejects imposition of demands by force
Tehran will not accept that another country would seek to impose its will and demands on other nations through force and pressure, Iran's President Masoud Pezeshkian said during a meeting with visiting Russian Foreign Minister Sergei Lavrov in Tehran on Monday.
Citing U.S.-Israeli strikes on Iran, Pezeshkian said assassinating its leadership, military commanders, nuclear scientists and students, and hitting infrastructure defies all legal and moral standards, especially while Tehran was still negotiating with Washington.
Iran has no fundamental dispute with other countries of the West Asia region and is prepared to resolve existing issues and challenges through dialogue, Pezeshkian said, according to a statement published on the website of his office.
Support for Japan's Takaichi cabinet falls below 50 pct to record low: poll
Public support for Japanese Prime Minister Sanae Takaichi's administration fell to 49.1 percent, the lowest level since she took office in October last year and the first time the figure has dropped below 50 percent, according to a poll released by Kyodo News on Sunday.
The nationwide telephone survey was conducted on Saturday and Sunday, with the cabinet's approval rating falling 4.3 percentage points from the previous month.
The disapproval rating rose to 33 percent from 30.9 percent, the poll showed.
Daytime gatherings, demonstrations banned in France's Marseille
Gatherings and demonstrations throughout the French city of Marseille will be banned from noon to 8 p.m. local time Monday (1800 GMT), the police prefecture of Bouches-du-Rhone in southern France said in a post on X.
Local authorities recorded more than 30,000 people involved in looting in Marseille on Saturday during demonstrations, according to French news channel BFM TV.
In Paris, the entrance to the Louvre Museum was blocked by student protesters on Monday morning, French daily Le Parisien reported, citing the museum's management and two trade unions.
According to the trade union General Confederation of Labour, the museum would remain closed at least until noon.
China's Q3 economy picks up pace, reinforcing role as global growth engine
China's economy picked up pace in the third quarter (Q3) of 2026, supported by fast-growing new drivers and fresh policy support, staying on track to meet its annual growth target and remaining a leading engine of global growth.
China's gross domestic product (GDP) grew 4.5 percent year on year in Q3, higher than the second quarter's reading of 4.3 percent, data from the National Bureau of Statistics (NBS) showed Monday.








