တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ရှန်းဆန်းလမ်း အမှတ် ၇  ရှန်ဟိုင်းမြို့ ဆွန်ယက်ဆင်၏ နေအိမ်ဟောင်း အထိမ်းအမှတ်ပြတိုက်အတွင်းရှိ ဆွန်ယက်ဆင်ရုပ်တုကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ရှန်းဆန်းလမ်း အမှတ် ၇ ရှန်ဟိုင်းမြို့ ဆွန်ယက်ဆင်၏ နေအိမ်ဟောင်း အထိမ်းအမှတ်ပြတိုက်အတွင်းရှိ ဆွန်ယက်ဆင်ရုပ်တုကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ဆွန်ယက်ဆင် မွေးဖွားခြင်း နှစ် ၁၆၀ ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲကို အောက်တိုဘာ ၁၄ ရက်တွင် တရုတ်နိုင်ငံ ဟောင်ကောင် ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ ကျင်းပခဲ့သည်။

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် တရုတ်ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းမှု မြှင့်တင်ရေးကောင်စီ (CCPPNR) ဒုတိယဥက္ကဋ္ဌ ကျိန့်ကျန့်ပေါင်းသည် အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။

ကွမ်တုန်း၊ ဟောင်ကောင်နှင့် မကာအိုဒေသတို့သည် မစ္စတာ ဆွန်ယက်ဆင် မွေးဖွားကြီးပြင်းခဲ့သည့် နေရာများဖြစ်သကဲ့သို့ ၎င်း၏ တော်လှန်ရေးအတွေးအခေါ်များ စတင်ပေါ်ပေါက်ရာ အရေးပါသည့်ဒေသနှင့် တော်လှန်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ခဲ့ရာတွင် အရေးပါသည့်နေရာများလည်း ဖြစ်ကြောင်း ကျိန့်ကျန့်ပေါင်းက ထောက်ပြခဲ့သည်။

မစ္စတာ ဆွန်ယက်ဆင်၏ ခိုင်မြဲတည်ကြည်သော မျိုးချစ်စိတ်ဓာတ်ကို လေ့လာသင်ယူကာ မျိုးချစ်စိတ်နှင့် ဟောင်ကောင်ချစ်စိတ်ကို ပိုမိုခိုင်မာစေရန်၊ ၎င်း၏ အခက်အခဲများကြား မဆုတ်မနစ်သော တော်လှန်ရေးစိတ်ဓာတ်ကို လေ့လာသင်ယူကာ တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်သည့် အခြေအနေကို ထိန်းသိမ်းထားရန်၊ ၎င်း၏ ခေတ်နှင့်အညီ တိုးတက်ကြိုးပမ်းလိုသော စိတ်ဓာတ်ကို လေ့လာသင်ယူကာ ခေတ်ကာလ၏ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို အမိအရ ဆုပ်ကိုင်ရန်နှင့် ၎င်း၏ အမိနိုင်ငံ ပြန်လည်ပေါင်းစည်းရေးကို စွဲမြဲစွာ ရည်မှန်းကြိုးပမ်းသည့် မြင့်မြတ်သော စိတ်ဓာတ်ကို လေ့လာသင်ယူကာ သီးခြားခွဲထွက်ရေးကို ဆန့်ကျင်ပြီး အမျိုးသားပြန်လည်ပေါင်းစည်းရေးကို မြှင့်တင်ရန် တာဝန်ကို အတူတကွ ထမ်းဆောင်ကြရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး လီကျားချောင်းက မိန့်ခွန်းပြောကြားရာတွင် မစ္စတာ ဆွန်ယက်ဆင်၏ မျိုးချစ်စိတ်ဓာတ်၊ တော်လှန်ရေးစိတ်ဓာတ်နှင့် တိုးတက်ကြိုးပမ်းသော စိတ်ဓာတ်တို့သည် တရုတ်အမျိုးသားတို့၏ အဖိုးတန်သော စိတ်ဓာတ်ရေးရာ အမွေအနှစ်များဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် တရုတ်ပြည်သူများကို မဆုတ်မနစ် ကြိုးပမ်းအားထုတ်စေရန် လှုံ့ဆော်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

မစ္စတာ ဆွန်ယက်ဆင်၏ အမိနိုင်ငံကို ချစ်မြတ်နိုးသည့် မြင့်မြတ်သော စိတ်ဓာတ်နှင့် တရုတ်နိုင်ငံကို ပြန်လည်အားကောင်းဖွံ့ဖြိုးစေရန် ကြိုးပမ်းသည့် ကြီးမြတ်သော ရည်မှန်းချက်တို့ကို လေ့လာသင်ယူ၍ ဆက်လက်အမွေဆက်ခံကြရန်၊ မျိုးချစ်စိတ်နှင့် ဟောင်ကောင်ချစ်စိတ် ဆိုင်ရာ တန်ဖိုးထားမှုများကို လက်တွေ့လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲကာ တရုတ်ပုံစံ ခေတ်မီတိုးတက်ရေးဖြင့် အင်အားကြီးနိုင်ငံတည်ဆောက်ရေးနှင့် တရုတ်အမျိုးသားတို့၏ ပြန်လည်အားသစ်လောင်းရေး ကြီးမြတ်သောလုပ်ငန်းစဉ်အတွက် အရေးပါသော အကျိုးကို ထမ်းဆောင်ရာတွင် ဟောင်ကောင်၏ အင်အားကို ဖြည့်ဆည်းပေးကြရန် ၎င်းက တိုက်တွန်းခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို တရုတ်ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းမှု မြှင့်တင်ရေးကောင်စီ (CCPPNR) ဟောင်ကောင်ဌာနခွဲ၊ ဟောင်ကောင်ဖူကျန့်လူမှုအဖွဲ့အစည်းများအသင်းချုပ်နှင့် ဟောင်ကောင်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအဖွဲ့တို့က ပူးတွဲကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

------------------------------------------

(Chinese Version)

香港举行纪念孙中山先生诞辰160周年座谈会

新华社香港10月14日电 纪念孙中山先生诞辰160周年座谈会14日在香港会议展览中心召开。

全国人大常委会副委员长、中国和平统一促进会副会长郑建邦出席座谈会并讲话。郑建邦指出,粤港澳地区是孙中山先生的诞生地和成长地,也是他革命思想的重要策源地、革命事业的重要承载地。要学习孙中山先生忠贞不渝的爱国思想,厚植爱国爱港情怀;学习孙中山先生百折不挠的革命意志,保持奋发有为状态;学习孙中山先生与时俱进的进取精神,抢抓时代发展机遇;学习孙中山先生矢志统一的崇高追求,共担反“独”促统责任。

香港特别行政区行政长官李家超致辞表示,孙中山先生的爱国思想、革命意志和进取精神,是中华民族宝贵的精神财富,激励着一代又一代中华儿女为国家发展不懈奋斗。让我们学习和继承孙中山先生热爱祖国的崇高精神、振兴中华的伟大志向,把爱国爱港的价值观化为具体行动,为以中国式现代化全面推进强国建设、民族复兴伟业贡献香港力量。

座谈会由中国和平统一促进会香港总会、香港福建社团联会、香港和平发展基金共同举办。

图说 :位于香山路7号的上海孙中山故居纪念馆内的孙中山像(10月9日摄)。新华社记者 刘颖 摄