
စိန်ယန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်-မြောက်ကိုရီးယား ရားလုမြစ်ကူး တံတားသစ်ကြီးကို အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။ ထိုနေ့တွင် တရုတ်-မြောက်ကိုရီးယားနှစ်ဖက်က တံတားသစ်ကြီးထက်တွင် တံတားဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
ရားလုမြစ်ကူး တံတားသစ်ကြီးသည် တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် သန်းတုန်းမြို့နှင့် မြောက်ကိုရီးယားနိုင်ငံ North Pyongan ပြည်နယ် Sinuiju မြို့ကို ချိတ်ဆက်ထားသော ကုန်းလမ်းတံတားဖြစ်ကာ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာလ၌ တည်ဆောက်ပြီးစီးခဲ့သည်။ အဆိုပါတံတားသည် နှစ်ဖက်သွားလာနိုင်သော လေးလမ်းသွားတံတားဖြစ်ကာ တံတားကြမ်းခင်းအကျယ် ၂၈.၅ မီတာရှိသည်။ တာဝါတိုင်နှစ်တိုင်၊ နှစ်ဖက်ကြိုးဆိုင်းတံတားပုံစံဖြင့် တည်ဆောက်ထားပြီး တံတားအောက်တွင် တန်ချိန် ၃,၀၀၀ အဆင့်သင်္ဘောများ ဖြတ်သန်းသွားလာနိုင်သည့်စံနှုန်းဖြင့် တည်ဆောက်ထားသည်။
သန်းတုန်းနယ်စပ်ဂိတ်သည် မြောက်ကိုရီးယားနိုင်ငံနှင့် နယ်စပ်တွင် ဖွင့်လှစ်ထားသော တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေးနယ်စပ်ဂိတ်ဖြစ်သည်။ အသစ်တည်ဆောက်ထားသော ရားလုမြစ်ကူး ကုန်းလမ်းတံတားကို ယာဉ်များ ဖြတ်သန်းသွားလာရန် မဖွင့်လှစ်မီ ယခင်ရှိသည့် ရားလုမြစ်ကူးတံတား (တရုတ်-မြောက်ကိုရီးယား ချစ်ကြည်ရေးတံတား) သည် ကုန်းလမ်းနှင့် ရထားလမ်း နှစ်မျိုးသုံးတံတားဖြစ်ပြီး တန်ချိန် ၂၀ နှင့်အောက် ပမာဏရှိသော ကုန်တင်ကားများသာ ဖြတ်သန်းသွားလာခွင့်ပြုနိုင်သည့်အပြင် ဦးတည်ချက် တစ်ခုတည်းသို့သာ သွားလာနိုင်သည်။ ထို့ကြောင့် ၂၀၁၀ ပြည့်နှစ်တွင် တရုတ်-မြောက်ကိုရီးယား နှစ်နိုင်ငံအစိုးရက မူလတံတား၏ မြစ်အောက်ပိုင်းဘက်၌ ရားလုမြစ်ကူး ကုန်းလမ်းတံတားသစ်ကြီးတစ်စင်း အသစ်တည်ဆောက်ရန် အတည်ပြုခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က အောက်တိုဘာ ၁၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုကို ဖြေကြားရာတွင် တရုတ်နှင့် မြောက်ကိုရီးယားသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိသည့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများဖြစ်ကြောင်း၊ ရားလုမြစ်ကူး တံတားသစ်ကြီးသည် နှစ်နိုင်ငံ အပြန်အလှန်ချိတ်ဆက်မှု၏ အရေးကြီး အဆောက်အဦဖြစ်ကြောင်း၊ စတင်ဖွင့်လှစ်ပြီးနောက် နှစ်နိုင်ငံ ကုန်သွယ်စီးပွားကဏ္ဍ ဖလှယ်မှုနှင့် လူပုဂ္ဂိုလ် သွားလာဆက်ဆံမှုကို တစ်ဆင့်တိုး မြှင့်တင်ကာ နှစ်နိုင်ငံပြည်သူများ အကျိုးစီးပွား တိုးပွားလာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
中朝新鸭绿江大桥正式开通
新华社沈阳10月15日电(记者丁非白、洪可润)15日上午,中朝新鸭绿江大桥正式开通。当日,中朝双方在新大桥上共同举行了开通仪式。
据悉,新鸭绿江大桥连接我国辽宁省丹东市与朝鲜平安北道新义州市,为公路桥,于2010年12月开工,2014年10月建设完工,双向四车道,桥面宽28.5米,为双塔双索面斜拉桥结构,航道通行标准采用3000吨级。
丹东口岸是中国最大的对朝边境贸易口岸。在新建的鸭绿江公路大桥通车前,既有的鸭绿江大桥(中朝友谊桥)为公铁两用桥,只能容载20吨以下规模的货车通行,且只能单向通车。为此,2010年,中朝两国政府确定在原桥下游新建一座鸭绿江公路大桥。
外交部发言人毛宁14日在例行记者会上答问时表示,中朝是山水相连的友好邻邦,新鸭绿江大桥是两国互联互通重要设施,开通后将进一步促进两国经贸交流和人员往来,增进两国人民福祉。(完)
图说1:10月15日上午,中朝新鸭绿江大桥开通仪式举行。 新华社记者 潘昱龙 摄
图说2:10月15日,货车行驶在中朝新鸭绿江大桥上。新华社记者 潘昱龙 摄


960d03691a324546d54661e76dd9cba84138fe0b.article_card.avif)





