တရုတ်နိုင်ငံ ဟောင်ကောင် ငွေကြေးအာဏာပိုင်အဖွဲ့အဆောက်အဦကို ၂၀၂၅ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟောင်ကောင် ငွေကြေးအာဏာပိုင်အဖွဲ့အဆောက်အဦကို ၂၀၂၅ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ချုံချင့်-ဟောင်ကောင် နယ်စပ်ဖြတ်ကျော် ဒေတာအတည်ပြုစစ်ဆေးရေး ပလက်ဖောင်း (ချုံချင့်-ဟောင်ကောင် ပလက်ဖောင်း) ကို အောက်တိုဘာ ၁၄ ရက်တွင် တရားဝင် စတင်လည်ပတ်ခဲ့ကြောင်း တရုတ်နိုင်ငံ ဟောင်ကောင် ငွေကြေးအာဏာပိုင်အဖွဲ့ထံမှ သိရသည်။

ချုံချင့်-ဟောင်ကောင် ပလက်ဖောင်းကို ဟောင်ကောင် ငွေကြေးအာဏာပိုင်အဖွဲ့၊ တရုတ်ပြည်သူ့ဘဏ် ချုံချင့်မြို့ဘဏ်ခွဲ၊ ချုံချင့်မြို့ ကွန်မြူနစ်ပါတီကော်မတီ ဘဏ္ဍာရေးကော်မတီရုံး၊ ချုံချင့်မြို့ ကွန်မြူနစ်ပါတီကော်မတီ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ကော်မတီရုံး၊ ချုံချင့်မြို့ ပြည်သူ့အစိုးရ ဟောင်ကောင်နှင့် မကာအိုရေးရာဌာနရုံးတို့အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်းညှိနှိုင်း၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ယခုနယ်စပ်ဖြတ်ကျော် ဒေတာအတည်ပြုစစ်ဆေးရေး ယန္တရားသစ်သည် ဒေသနှစ်ခုအကြား ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်များ စနစ်တကျ စီးဆင်းလည်ပတ်နိုင်ရေးအတွက် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး၏ ၂၀၂၆ ခုနှစ် အုပ်ချုပ်ရေးမူဝါဒအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသော အစီအမံများအနက် တစ်ရပ်ဖြစ်ကြောင်း ဟောင်ကောင် ငွေကြေးအာဏာပိုင်အဖွဲ့၏ ပြောကြားချက်အရ သိရသည်။

ချုံချင့်-ဟောင်ကောင် ပလက်ဖောင်းသည် ဘလော့ခ်ချိန်းနည်းပညာနှင့် ဒေတာကုဒ် အတည်ပြုစစ်ဆေးခြင်းနည်းလမ်းကို အသုံးပြု၍ သုံးစွဲသူများကိုယ်တိုင် ယူဆောင်လာသော ဒေတာများကို အတည်ပြုစစ်ဆေးပေးခြင်းဖြစ်ပြီး လုပ်ငန်းစဉ်အတွင်း ဒေတာမူရင်းဖိုင်များကို နယ်စပ်ဖြတ်ကျော် ပေးပို့ခြင်းနှင့် သိမ်းဆည်းခြင်းတို့ လုပ်ဆောင်ရန်တို့ မပါဝင်ကြောင်း သိရသည်။ သက်ဆိုင်ရာ ဆန်းသစ်တီထွင်ထားသော နည်းပညာနှင့် ယန္တရားများကို ဆန်းကျန့်-ဟောင်ကောင် နယ်စပ်ဖြတ်ကျော် ဒေတာအတည်ပြုစစ်ဆေးရေး ပလက်ဖောင်းတွင် အောင်မြင်စွာ အသုံးချခဲ့ပြီး တည်ငြိမ်မှုရှိကာ ထိရောက်မှုရှိကြောင်း သက်သေပြနိုင်ခဲ့သည်ဟု ဟောင်ကောင် ငွေကြေးအာဏာပိုင်အဖွဲ့၏ မိတ်ဆက်ပြောကြားချက်အရ သိရသည်။

ချုံချင့်-ဟောင်ကောင် ပလက်ဖောင်း၏ ပထမအဆင့်တွင် နယ်စပ်ဖြတ်ကျော် ဘဏ္ဍာရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသနှစ်ခုရှိ ဘဏ်များသည် “မြောက်ဘက်သို့” နှင့် “တောင်ဘက်သို့” ဦးတည်သည့် ဒေတာအပြန်အလှန် စီးဆင်းမှုနှင့် အတည်ပြုစစ်ဆေးမှု နမူနာများကို အကောင်အထည်ဖော်ရန် တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြကြောင်း၊ ယင်းလုပ်ဆောင်ချက်သည် ဒေသနှစ်ခုမှ သုံးစွဲသူများအား ဘဏ်အကောင့်ဖွင့်လှစ်ခြင်း၊ ချေးငွေလျှောက်ထားခြင်းစသည့် အမျိုးအစားစုံလင်သော ဘဏ်ဝန်ဆောင်မှုများ ရယူနိုင်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရှိရသည်။

ချုံချင့်-ဟောင်ကောင် ပလက်ဖောင်းသည် ဒေသနှစ်ခုအကြား နယ်စပ်ဖြတ်ကျော် ဒေတာများ ထိရောက်လုံခြုံစွာ စီးဆင်းနိုင်ရေးကို ပိုမိုမြှင့်တင်ပေးမည်ဖြစ်ကြောင်း ဟောင်ကောင် ငွေကြေးအာဏာပိုင်အဖွဲ့ အကြီးအကဲ ယွီဝေဝန်က ပြောကြားခဲ့သည်။ ဟောင်ကောင် ငွေကြေးအာဏာပိုင်အဖွဲ့အနေဖြင့် တရုတ်ပြည်မကြီးရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ကော်မတီများ၊ ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းများ၊ ခေတ်ရှေ့ပြေး နည်းပညာကုမ္ပဏီများနှင့် အခြားပါဝင်ပတ်သက်သူများအကြား နီးကပ်စွာ ဆက်သွယ်ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပြီး ဒေသနှစ်ခုမှ ပြည်သူများနှင့် လုပ်ငန်းများအတွက် ပိုမိုအဆင်ပြေစေရန်၊ လက်တွေ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးကူညီရန် အဆိုပါပလက်ဖောင်းကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

------------------------------------------

(Chinese Version)

渝港跨境数据验证平台投入运作

新华社香港10月14日电(记者刘英伦)记者从香港金融管理局了解到,渝港跨境数据验证平台(渝港平台)14日正式投入运作。

渝港平台由香港金管局与中国人民银行重庆市分行、重庆市委金融委员会办公室、重庆市委网络安全和信息化委员会办公室和重庆市人民政府港澳事务办公室等共同协调构建。香港金管局表示,这一新跨境数据验证机制是特区行政长官2026年施政报告中促进两地金融要素有序流动的措施之一。

香港金管局介绍,渝港平台采用区块链技术和数据代码验证客户自主携带的数据,过程中不涉及数据原文件的跨境传输和储存。相关创新技术和机制已经成功应用于深港跨境数据验证平台,证实稳定有效。

据了解,渝港平台首阶段将集中于跨境金融场景,两地银行正积极推进“北向”与“南向”双向数据流和验证案例,协助两地的客户办理开立账户、申请贷款等多元化银行服务。

香港金管局总裁余伟文表示,渝港平台将进一步促进两地跨境数据的高效与安全流通。金管局会继续与内地部委、银行业界、前沿科技公司以及其他持份者保持密切联系,持续优化平台,以便利两地居民及企业、支持实体经济发展。

图说 :这是2025 年4月25日拍摄的香港金融管理局。新华社发(王申 摄)