
ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံ နှစ်ဖက်ဆွေးနွေးညှိနှိုင်း သတ်မှတ်ချက်အရ တရုတ်-မြောက်ကိုရီးယား ရားလုမြစ်ကူးတံတားသစ်ကြီးကို အောက်တိုဘာ ၁၅ ရက်တွင် တရားဝင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ရာ ထိုနေ့ တံတားဖွင့်လှစ်ခြင်းအခမ်းအနားကို အတူတကွပူးတွဲ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က တရုတ်နှင့် မြောက်ကိုရီးယားသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိသည့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများဖြစ်ကြောင်း၊ ရားလုမြစ်ကူးတံတားသစ်ကြီးသည် နှစ်နိုင်ငံ အပြန်အလှန်ချိတ်ဆက်မှု၏ အရေးကြီး အဆောက်အဦဖြစ်ကြောင်း၊ စတင်ဖွင့်လှစ်ပြီးနောက် နှစ်နိုင်ငံ ကုန်သွယ်စီးပွားကဏ္ဍ ဖလှယ်မှုနှင့် လူပုဂ္ဂိုလ် သွားလာဆက်ဆံမှုကို တစ်ဆင့်တိုး မြှင့်တင်ကာ နှစ်နိုင်ငံပြည်သူများ အကျိုးစီးပွား တိုးပွားလာစေမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
外交部发言人就中朝新鸭绿江大桥将正式开通答记者问
新华社北京10月14日电(记者马卓言、万倩仪)经中朝双方商定,中朝新鸭绿江大桥将于10月15日正式开通,双方将于当日共同举行开通仪式。外交部发言人毛宁14日在例行记者会上答问时表示,中朝是山水相连的友好邻邦,新鸭绿江大桥是两国互联互通重要设施,开通后将进一步促进两国经贸交流和人员往来,增进两国人民福祉。(完)


960d03691a324546d54661e76dd9cba84138fe0b.article_card.avif)





