တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ယူအေအီးနိုင်ငံ သမ္မတ၏ တရုတ်ရေးရာ အထူးသံတမန် Khaldoon Khalifa Al Mubarak တို့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် ယူအေအီးနိုင်ငံ သမ္မတ၏ တရုတ်ရေးရာ အထူးသံတမန် Khaldoon Khalifa Al Mubarak နှင့် အောက်တိုဘာ ၁၃ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဝမ်ရိက သမ္မတ Sheikh Mohamed bin Zayed Al Nahyan ထံသို့ သမ္မတ ရှီကျင့်ဖိန်၏ ချစ်ကြည်ရင်းနှီးစွာ ဆုမွန်ကောင်း နှုတ်ခွန်းဆက်စကားအား Khaldoon Khalifa Al Mubarak မှ တစ်ဆင့်ပြောကြားပေးရန် ပြောကြားခဲ့သည်။  သမ္မတ ရှီကျင့်ဖိန် နှင့် သမ္မတ Sheikh Mohamed bin Zayed Al Nahyan တို့၏ မဟာဗျူဟာမြောက် ဦးဆောင်မှုအောက်တွင် နှစ်နိုင်ငံဆက်ဆံရေးသည် နှစ်ဖက်ဆက်ဆံရေးကို ကျော်လွန်သွားပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ အတူလက်တွဲ ဖွံ့ဖြိုးတိုးတက် ရှင်သန်လာမှု၏ စံနမူနာတစ်ခု ဖြစ်လာကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန် ချမှတ်သည့် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုကို အလေးထားသည့် အဆိုပြုချက်များနှင့် အယူအဆများစွာကို လက်ကိုင်ကျင့်သုံးပြီး အရှေ့အလယ်ပိုင်းဒေသတွင် ရေရှည်ငြိမ်းချမ်းရေးရရှိစေရန်အတွက် တရုတ်နိုင်ငံ၏ အကျိုးဆောင်ပံ့ပိုးမှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

Khaldoon Khalifa Al Mubarak က သမ္မတ ရှီကျင့်ဖိန်ထံသို့ သမ္မတ Sheikh Mohamed bin Zayed Al Nahyan ၏ ရင်းနှီးနွေးထွေးသော နှုတ်ခွန်းဆက်စကားအား ဝမ်ရိမှတစ်ဆင့် ပြောကြားပေးရန် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်မှုများ အားကောင်းအောင်လုပ်ဆောင်ခြင်းဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အတူတကွ မြှင့်တင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ယူအေအီးနိုင်ငံ သမ္မတ၏ တရုတ်ရေးရာ အထူးသံတမန် Khaldoon Khalifa Al Mubarak တို့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ယူအေအီးနိုင်ငံ သမ္မတ၏ တရုတ်ရေးရာ အထူးသံတမန် Khaldoon Khalifa Al Mubarak တို့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

-----------------------------

(Chinese Version)

王毅会见阿联酋总统中国事务特使哈勒敦

新华社北京10月13日电(记者孙楠)中共中央政治局委员、中央外办主任王毅13日在京会见阿联酋总统中国事务特使哈勒敦。   

王毅请哈勒敦转达习近平主席对穆罕默德总统的亲切问候,表示在习近平主席和穆罕默德总统战略引领下,两国关系已超越双边范畴,成为全球南方国家携手发展振兴的典范。   

中方将秉持习近平主席提出的一系列致力于和平稳定的倡议和主张,为在中东地区促成持久和平继续作出中国贡献。   

哈勒敦请王毅转达穆罕默德总统对习近平主席的诚挚问候,表示愿同中方加强沟通协调,共同促进地区和平稳定。(完)

图说:10月13日,中共中央政治局委员、中央外办主任王毅在北京会见阿联酋总统中国事务特使哈勒敦。 新华社记者 张领 摄