တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသရှိ မောင်ဝူးဆု သဲကန္တာရဒေသတွင် အတူ အသစ်စိုက်ပျိုးထားသော သစ်ပင်အတွက် ရေလောင်းပေးနေသည့် “ဆာကိုစကီ” (ယာဘက်) နှင့် ယဉ်းယွိကျန်း တို့ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသရှိ မောင်ဝူးဆု သဲကန္တာရဒေသတွင် အတူ အသစ်စိုက်ပျိုးထားသော သစ်ပင်အတွက် ရေလောင်းပေးနေသည့် “ဆာကိုစကီ” (ယာဘက်) နှင့် ယဉ်းယွိကျန်း တို့ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ သဲကန္တာရဖြစ်ထွန်းမှုကုစားသူ ယဉ်းယွိကျန်းနှင့် အမေရိကန်မိတ်ဆွေ  “ဆာကိုစကီ” ၏ “နိုင်ငံဖြတ်ကျော် သဲကန္တာရဖြစ်ထွန်းမှုကုစားခြင်း” ရင်ဘဝင်လှုပ်ခတ်ဖွယ် အကြောင်းအရာသည် တရုတ်-အမေရိကန်ပြည်သူများ၏ လှိုက်လှိုက်လှဲလှဲ ထပ်တူခံစားမှုများ ဖြစ်ပေါ်လာစေပြီးနောက် မကြာသေးမီက အမေရိကန်သား David Victor Plymire နှင့် တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ဟွမ်ယွမ်ခရိုင်၏ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှု  အကြောင်းအရာသည်လည်း ကျယ်ကျယ်ပြန့်ပြန့် ဂရုပြုခြင်း ခံခဲ့ရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က တရုတ်နိုင်ငံအနေဖြင့် တရုတ်-အမေရိကန် နှစ်နိုင်ငံ အရပ်ဘက်သွားလာဆက်ဆံမှု မြှင့်တင်ခြင်းကို ထောက်ခံအားပေးကြောင်း အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

“တရုတ်-အမေရိကန် အရပ်ဘက်ချစ်ကြည်ရင်းနှီးမှုဟာ နှစ်နိုင်ငံပြည်သူများ အတူတကွပါဝင်တဲ့ လုပ်ငန်းဖြစ်ပါတယ်” ဟု မော်နင်က မိတ်ဆက်ပြောကြားလျက် အမေရိကန်သား David Victor Plymire သည် ယနေ့အခါ အသက် ၉၅ နှစ်အရွယ် ရှိနေပြီဖြစ်ကြောင်း၊ ၎င်းသည် တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ဟွမ်ယွမ်ခရိုင်၌ ၁၇ နှစ်ကြာ နေထိုင်ခဲ့ပြီး ဟွမ်ယွမ်ခရိုင်ကို ဇာတိမြေအဖြစ် သဘောထားကာ ဒေသတွင်း ဆေးကုသရေး စက်ပစ္စည်းများ စုစည်းလှူဒါန်းခြင်း၊ အရင်းအနှီးငွေ လှူဒါန်း၍ ပညာသင်ကြားမှုကို အားဖြည့်ပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သည့်အပြင် အင်္ဂလိပ်ဘာသာ ဆရာ၊ ဆရာမများ အမေရိကန်သို့ သွားရောက် လေ့ကျင့်ရန်အတွက်လည်း ချိတ်ဆက်ပေးခဲ့ကြောင်း၊ David Victor Plymire က ၎င်းလုပ်ဆောင်ချက်များသည် “အိမ်သူအိမ်သားတွေအတွက် လုပ်သင့်လုပ်ထိုက်သည်များ လုပ်ဆောင်ပေးခြင်း” သာဖြစ်သည်ဟု နှိမ့်ချပြောဆိုခဲ့ရာ ယင်းသည် လူများစွာကို နွေးထွေးစေခဲ့ကြောင်း ဆိုခဲ့သည်။

နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ပြည်သူများချစ်ကြည်ရင်းနှီးမှုပင်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများ သွားလာဆက်ဆံမှုနှင့် ချစ်ကြည်ရင်းနှီးမှု ဟူသည့် စိမ့်စမ်းရေပမာ တသွင်သွင်စီးဆင်းမှုများက တရုတ်-အမေရိကန် ချစ်ကြည်ရေးသံယောဇဉ်ဟူသည် စဉ်ဆက်မပြတ်စီးဆင်းနေသည့်မြစ်ကြီးထဲတွင် ပေါင်းစည်းသွားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ အရပ်ဘက် သွားလာဆက်ဆံမှု တိုးမြှင့်ခြင်း၊ ပြည်သူအချင်းချင်း ဖလှယ်မှု ဆောင်ရွက်ခြင်းကို ထောက်ခံအားပေးပြီး “လေးစားသော၊ တရားမျှတသော၊ တန်းတူညီမျှသော အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး” တည်ဆောက်ရန်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းထမ်းဆောင်သွားမည်ဖြစ်ကြောင်း မော်နင်က ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

外交部:中方支持中美两国民间加强交往

新华社北京10月13日电(记者万倩仪、马卓言)继中国治沙人殷玉珍与美国友人赛考斯“跨国治沙”的感人故事引发中美民众强烈共鸣后,近期,美国人柏大卫与中国青海省湟源县的交往故事也引发广泛关注。外交部发言人毛宁13日表示,中方支持两国民间加强交往。  “中美民间友好是两国人民共同参与的事业。”毛宁介绍,美国人柏大卫如今已经95岁高龄。他曾在青海省湟源县生活17年,将湟源视为故乡,为当地筹赠医疗设备、捐资助学,并为英语教师赴美培训牵线搭桥。柏大卫谦逊地说,他的所作所为只是“给自家人尽本分”,这感动了很多人。  

毛宁说,国之交在于民相亲。正是两国人民交往和友好的涓涓细流,汇聚成中美友谊的绵延长河。中方支持两国民间加强交往,开展人文交流,为构建“基于尊重、公平、对等的中美建设性战略稳定关系”贡献力量。(完)

图说:8月24日,“赛考斯”(左)和殷玉珍合作为新种下的树苗浇水。新华社记者 孙瑞博 摄