
ရှန်ဟိုင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
စမတ်နည်းပညာ အသုံးအဆောင်ပစ္စည်းများသည် ပြခန်းမှသည် အများပြည်သူဈေးကွက်သို့ ဆက်လက်ကူးပြောင်းလျက်ရှိချိန်တွင် တရုတ်နိုင်ငံ၏ သီတင်းပတ်တစ်ပတ်ကြာ အမျိုးသားနေ့ အားလပ်ရက်အတွင်း နိုင်ငံတစ်ဝန်းရှိ စတိုးဆိုင်များသို့ ဈေးဝယ်သူများ ကြိတ်ကြိတ်တိုး လာရောက်ကာ နောက်ဆုံးပေါ် ဉာဏ်ရည်တု (AI) အသုံးအဆောင်ပစ္စည်းများကို စမ်းသပ်ဝယ်ယူခဲ့ကြသည်။
တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးဗဟိုချက်ဖြစ်သော ရှန်ဟိုင်းမြို့တွင် အားလပ်ရက်ကာလအတွင်း AI အတွေ့အကြုံများကို လေ့လာစမ်းသပ်နိုင်သည့် Z·Pilot စတိုး၌ အမွေးထူသည့် AI အိမ်မွေးတိရစ္ဆာန် စက်ရုပ်တစ်ရုပ်က လာရောက်ကြည့်ရှုသူများကို အဆက်မပြတ် ဆွဲဆောင်ထားနိုင်ခဲ့သည်။ ထိုစက်ရုပ်အား အရုပ်မုန်လာဥ ပေးလိုက်ချိန်တွင် ၎င်း၏ ဒစ်ဂျစ်တယ်မျက်လုံးများမှာ “အစာစားနေသည့်” မျက်နှာအမူအရာမျိုးဖြင့် အရောင်တောက်လာပြီး အသာအယာ ကိုင်တွယ်ကြည့်လျှင်လည်း သက်ရှိနှင့်မခြား နွေးထွေးသည့် အထိအတွေ့ကို ခံစားရစေမည်ဖြစ်သည်။
“အဖော်ပြုပေးနိုင်သော ထုတ်ကုန်ပစ္စည်းများ ရောင်းအားကောင်းနေသည်” ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။ အရောင်းအသွက်ဆုံး AI အိမ်မွေးတိရစ္ဆာန်များသည် အသံနှင့် ထိတွေ့မှုဆိုင်ရာ အပြန်အလှန်တုံ့ပြန်မှုတို့အပြင် ရေရှည်မှတ်ဉာဏ်ကိုလည်း ပိုင်ဆိုင်ထားပြီး အချိန်ကြာမြင့်လာသည်နှင့်အမျှ ၎င်းတို့၏ ပိုင်ရှင်များနှင့် ပိုမိုလိုက်လျောညီထွေဖြစ်စေရန် စရိုက်လက္ခဏာ အမူအကျင့်များကို တဖြည်းဖြည်း ပြောင်းလဲနိုင်ကာ ထိန်းသိမ်းစောင့်ရှောက်စရာ မလိုအပ်ဘဲ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကဲ့သို့သော ခံစားမှုကို ပေးစွမ်းနိုင်မည်ဖြစ်သည်။
အလားတူ AI မျက်မှန်များသည်လည်း လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ “ပြည်ပကို ခရီးထွက်တဲ့အခါ အဲဒီအရပ်ဒေသက ဘာသာစကားကို မပြောတတ်ဘူးဆိုရင် တိုက်ရိုက်ဘာသာပြန်ကြည့်လိုက်ရုံပါပဲ” ဟု ဝန်ထမ်းတစ်ဦးက အဆိုပါမျက်မှန်တစ်လက်ကို လက်တွေ့သရုပ်ပြရင်း ပြောကြားခဲ့သည်။ အချိန်နှင့်တစ်ပြေးညီ ဘာသာပြန်ပေးခြင်းအပြင် အရောင်းအသွက်ဆုံး အသုံးအဆောင်ပစ္စည်းများသည် လမ်းညွှန်ပေးခြင်း၊ စာတန်းထိုးဖတ်စက်အဖြစ် အသုံးပြုနိုင်ခြင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးနိုင်ခြင်းတို့ လုပ်ဆောင်နိုင်သဖြင့် သုံးစွဲသူများအဖို့ လက်ကိုင်ဖုန်းများ ထုတ်သုံးရန် မလိုတော့ပေ။
ရှန်ဟိုင်းမြို့ Qibao အရပ်ရှိ JD.com ကုန်တိုက်တစ်ခုတွင် သရီးဒီပရင်တာများသည် မိသားစုများကို ဆွဲဆောင်နိုင်သည့် အဓိကနေရာဖြစ်လာပြီး မိဘများနှင့် ၎င်းတို့၏ကလေးငယ်များအနေဖြင့် နမူနာလှေနှင့် ကားများကို ချက်ချင်းပြုလုပ်ခဲ့ကြသည်။ ကလေးငယ်များ ကျောင်းတွင်သင်ယူခဲ့သည့်အရာများကို အိမ်၌ လက်တွေ့စမ်းသပ်နိုင်ရန် ပရင်တာများ ဝယ်ယူနေခြင်းဖြစ်ပြီး ယင်းကိရိယာများကို ကလေးငယ်များကိုယ်တိုင် ကိုယ်ပိုင်နမူနာပုံစံများကို ဒီဇိုင်းရေးဆွဲကာ ပရင့်ထုတ်နိုင်သည့် ကစားစရာများအဖြစ် လက်တွေ့ပြောင်းလဲပေးနေသည်ဟု မိဘအများအပြားက ပြောကြားခဲ့ကြသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261010/40326c24ebb0476a91fed6ac6d1fbfc7/c.html
..................................
(English Version)
AI-enabled spending fuels China's holiday economy
SHANGHAI, Oct. 10 (Xinhua) -- Shoppers crowded into stores across China to try the latest artificial intelligence (AI) gadgets during the week-long National Day holiday, as smart devices continue to transition from the showroom to the mass market.
At Z·Pilot, an AI experience store in Shanghai, China's financial hub, a furry AI pet robot drew a steady stream of browsers during the holiday. When the robot was presented with a toy carrot, its digital eyes lit up in a "feeding" expression; a gentle touch revealed a warm surface, close to lifelike.
"Companionship products are doing well," a staff member said. The fast-selling AI pets offer voice and tactile interaction along with long-term memory, gradually adapting their personality to their owners over time -- delivering the feel of a pet without the upkeep.
AI glasses attracted similar interest. "When traveling abroad, if you don't know how to say something in the local language, you can just translate it directly," a staff member said while demonstrating a pair of the glasses. Beyond real-time translation, the hot-selling devices offer navigation, teleprompting, photo and video capture, letting users leave their phones in their pockets.
At a JD.com mall in Shanghai's Qibao area, 3D printers became a magnet for families, with parents and children building model boats and cars on the spot. Many parents said they were buying the printers to bring home what their children had learned in school, turning the devices into hands-on toys for kids to design and print their own models.
https://english.news.cn/20261010/40326c24ebb0476a91fed6ac6d1fbfc7/c.html
Photo caption: Children play a board game with an AI robot at Basha Village in Congjiang County, southwest China's Guizhou Province, Oct. 6, 2026. (Photo by Shi Honghui/Xinhua)








