ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လွှတ်တော်အစည်းအဝေးခန်းမအနီးဝန်းကျင်၌ ငြိမ်းချမ်းရေး ဖွဲ့စည်းပုံ အခြေခံဥပဒေ ကာကွယ်ထိန်းသိမ်းရေးကို တိုက်တွန်းရန် ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်ကြသူများအား ၂၀၂၆ ခုနှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လွှတ်တော်အစည်းအဝေးခန်းမအနီးဝန်းကျင်၌ ငြိမ်းချမ်းရေး ဖွဲ့စည်းပုံ အခြေခံဥပဒေ ကာကွယ်ထိန်းသိမ်းရေးကို တိုက်တွန်းရန် ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်ကြသူများအား ၂၀၂၆ ခုနှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

နိုင်ငံတကာ ပင်မ AI မော်ဒယ်များထံသို့ ဂျပန်လက်ယာယိမ်းအင်အားစုများက  ပုံဖျက်ပြင်ဆင်ထားသော ဒုတိယကမ္ဘာစစ်သမိုင်း အချက်အလက်များ အဆက်မပြတ် ပေးပို့နေမှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က နည်းပညာအသစ်များဖြင့် အချက်အလက်ဆိုင်ရာ “အဆိပ်ခတ်မှု ” လုပ်ဆောင်ခြင်းသည် ဂျပန်လက်ယာယိမ်း အင်အားစုက ကျူးကျော်မှုသမိုင်းအား ပုံဖျက်ရန်နှင့် ဂုဏ်ယူစရာကဲ့သို့ ဖြစ်အောင် လုပ်ဆောင်သည့် နည်းဗျူဟာသစ် ဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အထူးသတိထား၍ ပူးပေါင်းဆန့်ကျင်သင့်ကြောင်း အောက်တိုဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ဂျပန်လက်ယာယိမ်းအင်အားစုများက နိုင်ငံတကာ ပင်မ AI မော်ဒယ်များထံသို့ ပုံဖျက်ပြင်ဆင်ထားသော ဒုတိယကမ္ဘာစစ် သမိုင်းအချက်အလက်များ အဆက်မပြတ် ပေးပို့နေပြီး အချို့သောမော်ဒယ်များက မေးခွန်းများကိုအဖြေပေးရာတွင် သိသာစွာလွဲမှားနေသော သမိုင်းရှုထောင့်ဖြင့် ဖြေကြားချက်များ ပါဝင်နေသည်ဟု သတင်းများအရ သိရကြောင်း၊ ပြောခွင့်ရပုဂ္ဂိုလ်အနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့သည်။

မော်နင်က “ဂျပန်စစ်ဝါဒီတွေရဲ့ ကျူးကျော်စော်ကားမှုသက်သေအထောက်အထားတွေက သံမဏိလိုခိုင်မာပြီး ငြင်းလို့မရပါဘူး” ဟု ဆိုခဲ့သည်။

နည်းပညာအသစ်များ အားကိုးဖြင့် အချက်အလက်ဆိုင်ရာ “အဆိပ်ခတ်မှု” လုပ်ဆောင်ခြင်းသည် ဂျပန်လက်ယာယိမ်း အင်အားစုက ကျူးကျော်မှုသမိုင်းအား ပုံဖျက်ရန်နှင့် ဂုဏ်ယူစရာကဲ့သို့ ဖြစ်အောင် ပုံပြောင်းတန်ဆာဆင်သည့် နည်းဗျူဟာအသစ်ဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ တစ်ကမ္ဘာလုံးရှိပြည်သူများက ဒုတိယကမ္ဘာစစ်သမိုင်းအပေါ် သိမြင်နားလည်မှုပြောင်းလဲသွားရန်၊  စစ်ပွဲအလွန် ဂျပန်နိုင်ငံထိန်းချုပ်ခံနေရသည့်စနစ်မှလွတ်မြောက်ကာ “ထပ်မံစစ်ရေးအသွင်ပြောင်းမှု” ကို အရှိန်မြှင့်ရာတွင် လူထုသဘောထား အတားအဆီးများအား ဖယ်ရှားရန် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဉာဏ်ရည်တု (AI) နည်းပညာကို သမိုင်းဖြစ်ရပ်မှန်အား ပုံဖျက်ပြောင်းလဲရန်၊ ကျူးကျော်သည့်ပြစ်မှုအား ဆေးကြောရန်အတွက် အသုံးပြုခြင်းမဟုတ်ဘဲ  တိုးတက်ကောင်းမွန်မှုအတွက် အသုံးပြုသင့်ကြောင်း၊ “ဂျပန်လက်ယာယိမ်း အင်အားစုရဲ့ စက်ဆုပ်ဖွယ်ရာ သဘောထားနဲ့ ကွယ်ရာမှာလုပ်ဆောင်ချက်တွေက ကျူးကျော်ခံခဲ့ရတဲ့နိုင်ငံက ပြည်သူတွေရဲ့ ခံစားချက်သံယောဇဉ်အပေါ် ဆိုးရွားစွာ ထိခိုက်စေမှုနဲ့ လူသားမျိုးနွယ် အသိစိတ်အား ပြောင်ပြောင်တင်းတင်း နင်းချေမှုဖြစ်တာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက မဖြစ်မနေ သတိထားမှုမြှင့်တင်ပြီး အတူတကွဆန့်ကျင်ရပါမယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

中国外交部批日右翼数据“投毒”:歪曲美化侵略历史新伎俩

新华社北京10月9日电(记者董雪、吴梦桐)针对日本右翼势力持续向国际主流大模型提供经过篡改的二战历史语料,外交部发言人毛宁9日表示,借助新型技术搞数据“投毒”,是日本右翼势力歪曲美化侵略历史的新伎俩,国际社会必须提高警惕、共同抵制。  

当日例行记者会上,有记者问:据披露,日本右翼势力持续向国际主流大模型提供经过篡改的二战历史语料,一些大模型在对话中输出带有明显错误史观的回答。发言人对此有何评论?

“日本军国主义侵略罪行铁证如山,不容否认。”毛宁表示,借助新型技术搞数据“投毒”,是日本右翼势力歪曲美化侵略历史的新伎俩,目的仍然是扭曲全球公众对二战历史认知,为日本摆脱战后体制约束、加速“再军事化”扫除舆论障碍。  

毛宁说,人工智能应当向上向善,而不是被用于篡改历史真相、洗白侵略罪责。“日本右翼势力用心险恶的暗箱操作是对被侵略国人民感情的严重伤害和对人类良知的公然践踏,国际社会必须提高警惕、共同抵制。”(完)

图说:2026年4月19日,人们在位于日本东京的国会议事堂周围参加抗议活动,呼吁守护和平宪法。新华社记者贾浩成摄