
ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် ယူနက်စကို မိန်းကလေးနှင့် အမျိုးသမီးများ၏ ပညာရေးဆု ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ဒေသစံတော်ချိန် အောက်တိုဘာ ၉ ရက်တွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ဇနီး၊ ယူနက်စကို မိန်းကလေးနှင့် အမျိုးသမီး ပညာရေးမြှင့်တင်ရေး အထူးသံတမန် ဖုန်လိယွမ်က အခမ်းအနားတွင် ဗီဒီယိုဖြင့် အမှာစကားပြောကြားခဲ့သည်။
ဖုန်လိယွမ်က မော်ရိုကိုနှင့် ပီရူးနိုင်ငံတို့မှ ဆုရရှိသည့်အဖွဲ့အစည်းများအား လှိုက်လှဲနွေးထွေးစွာ ဂုဏ်ပြုခဲ့သည်။ မိန်းကလေးနှင့် အမျိုးသမီးများ၏ ပညာရေးအဆင့်အတန်းသည် လူသားမျိုးနွယ် ယဉ်ကျေးမှုတိုးတက်ရေးကို တိုင်းတာသည့် အရေးပါသော စံပေတံဖြစ်ကြောင်း၊ မကြာသေးမီနှစ်များအတွင်း ယူနက်စကို၏ အင်တိုက်အားတိုက် တိုက်တွန်းမှုနှင့် နိုင်ငံတကာ လူမှုအသိုင်းအဝိုင်း၏ အတူတကွ ကြိုးပမ်းမှုအောက်တွင် ကမ္ဘာ့မိန်းကလေးနှင့် အမျိုးသမီးများ၏ ပညာရေးလုပ်ငန်းသည် ဝမ်းမြောက်ဖွယ်ရာ တိုးတက်မှုများ ရရှိခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။
ဖုန်လိယွမ်က တရုတ်နိုင်ငံသည် မိန်းကလေးနှင့် အမျိုးသမီးများ၏ ပညာရေးကို အစဉ်တစိုက် အထူးအလေးထားရာ ယူနက်စကိုနှင့်တကွ သက်ဆိုင်ရာ ဘက်အသီးသီးနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ဆောင်ရွက်ခဲ့ပြီး နိုင်ငံအများအပြားရှိ အမျိုးသမီးအများအပြားအတွက် အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း ထောက်ပြပြောကြားခဲ့သည်။
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံသည် ဉာဏ်ရည်တု (AI)နည်းပညာဖြင့် ပညာရေးအရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့်ပေးခဲ့ပြီး ပညာရေးနယ်ပယ်တွင် ကျား၊ မ တန်းတူညီမျှမှုနှင့် အမျိုးသမီးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို ထိရောက်စွာမြှင့်တင်ခဲ့ကာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအတွက် အတုယူလေ့လာဖွယ်ရာ အကျိုးရှိသောအတွေ့အကြုံများ ပံ့ပိုးပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မိန်းကလေးနှင့် အမျိုးသမီးများ၏ ပညာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးမှာ တာဝန်ကြီးလေးပြီး ဝေးလံသောခရီးကို လျှောက်လှမ်းနေရဆဲဖြစ်ကြောင်း၊ ယူနက်စကို မိန်းကလေးနှင့် အမျိုးသမီးများ၏ ပညာရေး မြှင့်တင်ရေး အထူးသံတမန်အနေဖြင့် အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းပညာရေးနှင့် လေ့ကျင့်သင်ကြားမှုကို အားကောင်းစေရေးနှင့် အမျိုးသမီးများကို ရည်ရွယ်သည့် ဒစ်ဂျစ်တယ်နှင့် ဉာဏ်ရည်တုပညာရေးကဏ္ဍ ကြီးကြီးမားမား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတကာ လူမှုအသိုင်းအဝိုင်းက အတူတကွ လက်တွဲဆောင်ရွက်ကြရန်၊ ၎င်းတို့အား ဒစ်ဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာ အသုံးပြုသူများနှင့် အကျိုးခံစားသူများ ဖြစ်လာစေကာ ၎င်းတို့အတွက် ထူးချွန်ထက်မြက်စေမည့် ဘဝတက်လမ်း တည်ဆောက်ပေးကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။
ဖုန်လိယွမ်က မိန်းကလေးနှင့် အမျိုးသမီးများ၏ ပညာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေခြင်းသည် မျှော်လင့်ချက်ကို မျိုးစေ့ချခြင်း၊ အိပ်မက်များကို ပြုစုပျိုးထောင်ခြင်းနှင့် သာယာချမ်းမြေ့မှုကို ထွေးပွေ့ရရှိခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ မိန်းကလေးနှင့် အမျိုးသမီးများ၏ ပညာရေးလုပ်ငန်း ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ဘက်အသီးသီးနှင့်အတူ အားထုတ်ကြိုးပမ်းလိုပြီး အမျိုးသမီးများစွာ လှပသော အနာဂတ်မနက်ဖြန်ဆီသို့ လျှောက်လှမ်းနိုင်စေရန်အတွက် အကျိုးဆောင်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် ယူနက်စကိုနှင့် ပူးပေါင်း၍ မိန်းကလေးနှင့် အမျိုးသမီးများ၏ ပညာရေးဆုကို တည်ထောင်ခဲ့ချိန်မှစ၍ ယင်းဆုသည် စဉ်ဆက်မပြတ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ဖြစ်ထွန်းစေခဲ့ပြီး နိုင်ငံတကာ လူမှုအသိုင်းအဝိုင်း၏ ကျယ်ပြန့်သောအာရုံစိုက်မှုနှင့် မြင့်မားသောသုံးသပ်ချက်ကို ရရှိခဲ့သည်။ (Xinhua)
-----------------------------
(Chinese Version)
彭丽媛向2026年联合国教科文组织女童和妇女教育奖颁奖仪式发表视频致辞
新华社北京10月9日电 当地时间10月9日,2026年联合国教科文组织女童和妇女教育奖颁奖仪式在法国巴黎举行。国家主席习近平夫人、联合国教科文组织促进女童和妇女教育特使彭丽媛向颁奖仪式发表视频致辞。
彭丽媛向来自摩洛哥和秘鲁的获奖机构致以热烈祝贺。她表示,女童和妇女教育水平是衡量人类文明进步的重要标尺。近年来,在联合国教科文组织大力倡导和国际社会共同努力下,全球女童和妇女教育事业取得令人欣喜的进展。
彭丽媛指出,中国一贯高度重视女童和妇女教育,积极同联合国教科文组织及有关各方开展务实合作,惠及多国广大女性。近年来,中国以人工智能技术赋能教育高质量发展,有力促进教育性别平等和妇女全面发展,为全球南方国家提供了可资借鉴的有益经验。女童和妇女教育事业发展任重道远。作为联合国教科文组织促进女童和妇女教育特使,我呼吁国际社会携手加强女性职业教育和培训,大力发展面向女性的数智教育,使她们成为数智技术的使用者和受益者,为她们搭建人生出彩的阶梯。
彭丽媛表示,发展女童和妇女教育事业,播种的是希望,培育的是梦想,收获的是幸福。我愿同各方一道努力,推动女童和妇女教育事业实现更大发展,为更多女性走向美好明天贡献力量!
自2015年中国同联合国教科文组织合作设立女童和妇女教育奖以来,该奖项持续发挥积极影响,得到国际社会广泛关注和高度评价。(完)
图说:5月12日上午,国家主席习近平夫人、联合国教科文组织促进女童和妇女教育特使彭丽媛在北京会见联合国教科文组织总干事阿纳尼。 新华社记者 丁林 摄








