
ကွေ့ယန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
နံရံများပေါ်တွင် မီးရောင်များက တလက်လက်လင်းနေပြီး သေနတ်သံများက အမှောင်ထုကို ဖြိုခွင်းလာစဉ် မီးခိုးငွေ့များကြားမှ လူရိပ်များ ပေါ်ထွက်လာကာ ပရိသတ်များအကြားမှ ရွေ့လျားဖြတ်သန်းသွားကြသည်။ ယင်းမှာ လွန်ခဲ့သော နှစ်ပေါင်း ၉၀ က စစ်မြေပြင်မြင်ကွင်းကို ပြန်လည်ဖန်တီးပုံဖော်ထားသည့် ပြဇာတ်ရုံအတွင်းရှိ သုံးဖက်မြင်ပုံရိပ်များပင်ဖြစ်သည်။
ပရိသတ်များမှာ ထိုင်ကြည့်ရုံမျှသာ မဟုတ်ကြပေ။ ၎င်းတို့သည် ဖျော်ဖြေတင်ဆက်သူများနှင့်အတူ လိုက်ပါသွားကြပြီး ဆုတ်ခွာမှု၊ လိုက်လံတိုက်ခိုက်မှုနှင့် အသက်ရှင်လွတ်မြောက်ရေး စသည်တို့ ခြံရံထားသည့် သရုပ်ဖော်မြင်ကွင်းများအတွင်း မိမိတို့ကိုယ်တိုင် ရောက်ရှိနေသကဲ့သို့ ခံစားကြရခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၏ မြို့တော် ကွေ့ယန်မြို့တွင် သုံးဖက်မြင်နည်းပညာဖြင့် ပုံရိပ်ဖော်ပြမှုများ၊ တိုက်ရိုက်သရုပ်ဆောင်တင်ဆက်မှုများနှင့် ဒစ်ဂျစ်တယ်နည်းပညာ အားဖြည့်ပေါင်းစပ်ထားသည့် “Red Ribbon” (ဖဲကြိုးနီ) ဟု အမည်ပေးထားသော အဆိုပါ ကိုယ်တိုင်တွေ့ကြုံခံစားနိုင်သည့် ဖျော်ဖြေတင်ဆက်မှုက ယနေ့ခေတ် ပရိသတ်များအတွက် ခရီးရှည်ချီတက်မှုကြီး၏ သမိုင်းကြောင်းကို ပိုမိုနီးကပ်စွာ ခံစားနားလည်နိုင်ရန် ဖန်တီးပေးလျက်ရှိသည်။
ကီလိုမီတာ ၁၂,၅၀၀ ခန့် ရှည်လျားသည့် စစ်ရေးခရီးရှည်ကြီးဖြစ်ပြီး ၁၉၃၄ ခုနှစ်က စတင်ခဲ့သော ခရီးရှည်ချီတက်မှုကြီးသည် တော်လှန်ရေးတပ်ဖွဲ့အင်အားစုများကို ကြံ့ကြံ့ခံထိန်းသိမ်းရှင်သန်စေရုံသာမက တရုတ်ကွန်မြူနစ်ပါတီ (CPC) အနေဖြင့် တော်လှန်ရေးအင်အားကို ပိုမိုတိုးချဲ့တည်ဆောက်နိုင်မည့် အခြေစိုက်စခန်းသစ်တစ်ခုကိုလည်း ရရှိစေခဲ့သလို တော်လှန်ရေးကို အောင်ပွဲဆီသို့ ဆက်လက်ချီတက်စေနိုင်ခဲ့သည့် စမှတ်သစ်လည်း ဖြစ်လာခဲ့ပေသည်။ ထိုအချိန်မှစ၍ ခရီးရှည်ချီတက်မှုကြီးသည် တရုတ်ကွန်မြူနစ်ပါတီ၏ သမိုင်းကြောင်းတွင် ထင်ရှားအရေးပါသော အခန်းကဏ္ဍအဖြစ်လည်းကောင်း၊ ခရီးရှည်ချီတက်မှုစိတ်ဓာတ်၏ အဓွန့်ရှည်တည်တံ့သော သင်္ကေတအဖြစ်လည်းကောင်း ထွက်ပေါ်လာခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261009/8433e9e3f5e84bda8bde4f81bcf2cdc6/c.html
……………………
(English Version)
Feature: Reliving the Long March, 90 years on
GUIYANG, Oct. 9 (Xinhua) -- As firelight flickers across the walls and gunfire breaks the darkness, figures emerge from the smoke and move through the audience. These holographic images inside a theater recreate a battlefield from 90 years ago.
The spectators do not simply watch. They walk with the performers, finding themselves surrounded by scenes of retreat, pursuit and survival.
Through holographic projections, live-action performances and digital interaction, an immersive production called the "Red Ribbon" in Guiyang, capital of southwest China's Guizhou Province, is bringing the history of the Long March closer to today's audiences.
The Long March, a roughly 12,500-kilometer military odyssey that began in 1934, not only preserved the revolutionary forces, but also gave the Communist Party of China (CPC) a new foothold from which to grow the strength of the revolution, and a new starting point for carrying the revolution forward to victory. It has since become one of the defining chapters in the history of the CPC and a lasting symbol of the Long March spirit.
https://english.news.cn/20261009/8433e9e3f5e84bda8bde4f81bcf2cdc6/c.html
Photo caption: An aerial drone photo taken on Sept. 16, 2026 shows a view of the Luding Bridge in Luding County of Garze Tibetan Autonomous Prefecture, southwest China's Sichuan Province. (Xinhua/Wang Xi)








