
ကူမင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကူမင်းအကောက်ခွန်ဌာန၏ အောက်တိုဘာ ၈ ရက် ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် သွင်းကုန်၊ ပို့ကုန် ကုန်စည်တန်ချိန် ၂၀.၇၇ သန်းကျော် ပို့ဆောင်ခဲ့ပြီး ကုန်သွယ်မှုတန်ဖိုးမှာ ယွမ် ၁၀၀.၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၄.၉ ဘီလီယံခန့်) ရှိကြောင်း သိရသည်။
အဆိုပါ ရထားလမ်းသည် နိုင်ငံတကာကုန်စည်တင်ရထား အစင်းရေ ၂၅,၀၀၀ ကျော် ပြေးဆွဲပေးခဲ့ပြီး နှစ်စဉ် သွင်းကုန်၊ ပို့ကုန် ကုန်စည်ပမာဏမှာ ပျမ်းမျှအားဖြင့် ၂၄ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့သည်။
လက်ရှိတွင် ယင်းရထားလမ်း၏ ကုန်စည်ပို့ဆောင်ရေးကွန်ရက်သည် လာအိုနှင့် ထိုင်းနိုင်ငံတို့အပါအဝင် နိုင်ငံနှင့် ဒေသ ၁၉ ခုအထိ ချိတ်ဆက်ရောက်ရှိနေပြီဖြစ်သည်။ အဆိုပါရထားလမ်းမှတစ်ဆင့် သွင်းကုန်၊ ပို့ကုန် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်ကို ပို့ဆောင်ပေးလျက်ရှိပြီး တရုတ်နိုင်ငံတစ်ဝန်းရှိ လုပ်ငန်းပေါင်း ၇,၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း အကောက်ခွန်ဌာနက ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ် ပထမရှစ်လအတွင်း ဒူးရင်းသီး၊ မင်းကွတ်သီးနှင့် လုံဂန်သီးတို့ကဲ့သို့ အရှေ့တောင်အာရှဒေသ၊ အပူပိုင်းဒေသထွက်သစ်သီးများကို အဆိုပါရထားလမ်းမှတစ်ဆင့် တင်သွင်းမှုတန်ဖိုးမှာ ယွမ် ၅.၂၆ ဘီလီယံရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၁၂.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ အောက်တိုဘာ ၇ ရက်အထိ အဆိုပါရထားလမ်းမှတစ်ဆင့် တင်သွင်းခဲ့သည့် အရှေ့တောင်အာရှ အပူပိုင်းဒေသထွက်သစ်သီးများ၏ စုစုပေါင်းတင်သွင်းမှုတန်ဖိုးမှာ ယွမ် ၁၆ ဘီလီယံကျော်ရှိလာခဲ့သည်။
တစ်ချိန်တည်းတွင် စမတ်ဖုန်းများ၊ စက်မှုသုံးစက်ရုပ်များ၊ စွမ်းအင်သစ်သုံးယာဉ်များနှင့် ယင်းတို့၏ အစိတ်အပိုင်းများကဲ့သို့ တန်ဖိုးမြင့်ပြီး နည်းပညာမြင့်ထုတ်ကုန်များ၏ ပို့ကုန်အချိုးအစားမှာလည်း ဆက်လက်မြင့်တက်လာခဲ့သည်။ ယခုနှစ် ပထမရှစ်လအတွင်း အဆိုပါရထားလမ်းမှတစ်ဆင့် တင်ပို့ခဲ့သည့် စက်မှုနှင့် လျှပ်စစ်ပစ္စည်းများ၏ တန်ဖိုးမှာ ယွမ် ၇.၄၂ ဘီလီယံရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၅၈.၄ ရာခိုင်နှုန်း သိသိသာသာ မြင့်တက်လာခဲ့သည်။
China Railway Container Transport Corp., Ltd. ၏ ကူမင်းဌာနခွဲ ဒုတိယအထွေထွေမန်နေဂျာ ရန်ကျိန့်ဝေက အအေးခန်းစနစ်သုံး အထူးကုန်စည်ရထားများ ပုံမှန်ပြေးဆွဲပေးခြင်းကြောင့် ထိုင်းနိုင်ငံထွက် လတ်ဆတ်သော ဒူးရင်းသီးများအပါအဝင် တင်သွင်းလာသည့် သစ်သီးများကို အချိန်မီပို့ဆောင်နိုင်မှုနှင့် လတ်ဆတ်မှုကို များစွာမြှင့်တင်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို ပိုမိုလွယ်ကူချောမွေ့စေရန် အကောက်ခွန်အာဏာပိုင်များက အထူးစီမံချက်တစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး အကောက်ခွန်ရှင်းလင်းရေး အဆင်ပြေချောမွေ့စေမည့် အစီအမံများကို စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာစေရန် စမတ်အကောက်ခွန်စနစ်နှင့် စမတ်ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းများကို ပိုမိုနက်ရှိုင်းစွာ ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း အကောက်ခွန်အာဏာပိုင်များက ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်ခဲ့သည့် တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့နှင့် လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းမြို့တို့ကို ဆက်သွယ်ထားပြီး ဒေသတွင်း သယ်ယူပို့ဆောင်ရေးစင်္ကြံတစ်ခုမှ နိုင်ငံတကာ ထောက်ပံ့ပို့ဆောင်ရေး အဓိကလမ်းကြောင်းတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ (Xinhua)

------------------------------------------
(English Version)
China-Laos Railway's foreign trade value tops 100 billion yuan
KUNMING, Oct. 8 (Xinhua) -- The China-Laos Railway has handled over 20.77 million tonnes of import and export goods worth more than 100.4 billion yuan (about 14.9 billion U.S. dollars) since it began operation in 2021, Kunming Customs in southwest China said on Thursday.
The railway, which has operated over 25,000 international freight trains, has seen its annual import and export cargo volume grow by more than 24 percent on average.
Its reach now extends to 19 countries and regions, including Laos and Thailand. The railway handles more than 3,900 categories of import and export commodities and serves over 7,000 enterprises across China, according to the customs.
In the first eight months of 2026, the value of Southeast Asian tropical fruits imported via the railway, such as durians, mangosteens and longans, reached 5.26 billion yuan, up 12.3 percent year on year. Cumulative imports of Southeast Asian tropical fruits by way of this railway had exceeded 16 billion yuan in value as of Wednesday.
Meanwhile, the export share of high-value-added, high-tech products like smartphones, industrial robots, and new energy vehicles and their components has continued to rise. In the first eight months of this year, the value of mechanical and electrical products exported via the railway totaled 7.42 billion yuan, a surge of 58.4 percent year on year.
The regular operation of specialized cold-chain trains has greatly enhanced the timely delivery and freshness of imported fruits including fresh Thai durians, said Ren Zhengwei, deputy general manager of the Kunming branch of China Railway Container Transport Corp., Ltd.
Customs authorities have implemented a special campaign to facilitate cross-border trade, advancing the deep integration of smart customs and smart port construction to continuously improve customs clearance facilitation measures, according to the customs authority.
The China-Laos Railway, which opened in December 2021 and links Kunming in Yunnan Province with the Lao capital Vientiane, has grown from a regional transport corridor into an international logistics artery.
Photo Caption 1 :A Fuxing bullet train runs on the China's section of the China-Laos Railway on Jan. 27, 2023. (Photo by Xu Zhangwei/Xinhua)
Photo Caption 2 :Passengers of the Lane Xang EMU train arrive at Vientiane, Laos, July 31, 2022. (Photo by Yang Yongquan/Xinhua)








