
နန်ချန်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ်၏ တောင်ထူထပ်သော ယွီတူးစီရင်စုတွင် နေထိုင်သည့် အသက် ၇၇ နှစ်အရွယ် စွန်းကွမ်းဖား၏ နေအိမ်မှ ကူးတို့လှေဆိပ်ဟောင်းသို့ လမ်းလျှောက်သွားမည်ဆိုလျှင် မိနစ်သုံးဆယ်ခန့် ကြာမြင့်သည်။
၎င်း၏ဖခင်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၉၀ ကျော်က ဤမြစ်ကမ်းမှ ထွက်ခွာခဲ့သည့် ခရီးစဉ်သည် ကြီးကျယ်ခမ်းနားသော သမိုင်းဝင်ဖြစ်ရပ်တစ်ခု၏ တစ်စိတ်တစ်ဒေသ ဖြစ်ခဲ့သည်။
၁၉၃၄ ခုနှစ် အောက်တိုဘာလတွင် တပ်နီတော်၏ ရဲဘော် ၈၆,၀၀၀ ခန့်က ယွီတူးမြစ်ကို ဖြတ်ကူးကာ နောင်တွင် ခရီးရှည်ချီတက်ပွဲဟု အမည်တွင်သည့် ချီတက်မှုကြီးကို စတင်ခဲ့ကြသည်။
တိုင်းတစ်ပါး၏ ကျူးကျော်မှု၊ လူမှုရေးမငြိမ်မသက်မှုနှင့် ဆင်းရဲနွမ်းပါးမှုတို့၏ ဖိစီးနှိပ်စက်ခြင်း ခံနေရသော နိုင်ငံတစ်နိုင်ငံတွင် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဦးဆောင်သည့် ပျိုမျစ်သစ်လွင်သော တပ်နီတော်သည် နိုင်ငံလွတ်လပ်ရေးနှင့် တရုတ်ပြည်သူတို့၏ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေချိန်ဖြစ်သည်။ သို့သော် ထိုစဉ်က တပ်နီတော်သည် လူသူလက်နက်အင်အား အစစအရာရာသာလွန်သော ကူမင်တန်တပ်များ၏ ဝိုင်းပတ်ပိတ်ဆို့ခြင်း ခံထားရသည်။
ထို့နောက် သမိုင်းမော်ကွန်းဝင် စစ်ရေးလှုပ်ရှားမှုတစ်ရပ်အဖြစ် ယွီတူးမှစတင်၍ တပ်နီတော်၏ တပ်များက တရုတ်နိုင်ငံအနှံ့ ကီလိုမီတာ ၁၂,၅၀၀ ခန့်အထိ ခြေလျင်ခရီးနှင်ခဲ့ကြပြီး နှင်းဖုံးနေသော တောင်တန်းများနှင့် အန္တရာယ်များသော စိမ့်မြေများကို ဖြတ်ကျော်လျက် ရန်သူ့တပ်များနှင့် ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ကြသည်။ နောက်ဆုံးတွင်မူ နိုင်ငံအနောက်မြောက်ပိုင်းအထိ ထိုးဖောက်ခရီးနှင်နိုင်ခဲ့ကြကာ ၁၉၃၆ ခုနှစ်တွင် အခြား တပ်နီတော်တပ်များနှင့် ပေါင်းစည်းနိုင်ခဲ့ကြပြီး ခရီးရှည်ချီတက်မှုကို အောင်ပွဲဖြင့် အဆုံးသတ်နိုင်ခဲ့ကြသည်။
ဤစစ်ရေးလှုပ်ရှားမှုသည် တပ်နီတော်ကို ဆက်လက်တည်တံ့စေခဲ့သည်။ ထို့ပြင် CPC အား တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ခြေကုပ်ယူနိုင်မည့် အခြေစိုက်စခန်းသစ် ရရှိစေခဲ့သလို ယင်းအားအခြေပြုလျက် တပ်နီတော်၏ အင်အားကို စုဖွဲ့တည်ဆောက်ကာ ကျူးကျော်သူ ဂျပန်တပ်များကို တွန်းလှန်တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးတွင် အကျင့်ပျက်ခြစားသော ကူမင်တန်အစိုးရကိုပါ ဖြုတ်ချနိုင်ခဲ့ကာ ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်နိုင်ခဲ့သည်။
ယွီတူးတွင် ခရီးရှည်ချီတက်ပွဲမှာ သမိုင်းစာအုပ်ထဲမှ အခန်းတစ်ခန်းမျှသာ မဟုတ်ဘဲ မိသားစုအဖြစ်အပျက် တစ်ခုလည်းဖြစ်ပေသည်။
ဒေသခံပြည်သူ ၁၇,၀၀၀ ကျော်သည် ခရီးရှည်ချီတက်နေသော တပ်နီတော်နှင့် ပူးပေါင်းခဲ့ကြသည်။ နောက်ဆုံးတွင် နေအိမ်သို့ ပြန်လည်ရောက်ရှိသူများအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သူမှာ ၂၇၇ ဦးသာ ရှိသည်ဟု ခရီးရှည်ထွက်ခွာမှု အထိမ်းအမှတ်အဖြစ် မြစ်ကမ်းနံဘေးတွင် တည်ဆောက်ထားသည့် ပြတိုက်မှ ဧည့်လမ်းညွှန် ကျုံးမင်က ဆိုသည်။
၎င်းအနေဖြင့် ထိုအရေအတွက်ကို ပြောပြနေချိန်တွင် ၎င်း၏အသံမှာ ယခုထက်တိုင် တုန်ရီနေဆဲဖြစ်သည်။
မိခင်ဘက်မှတော်စပ်သော ၎င်း၏အဘေးသည် ဝိုင်းပတ်ပိတ်ဆို့ထားသော တိုက်ပွဲများတွင် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသည်။ ထို့အတူ ခင်ပွန်းဖြစ်သူ၏ အဘိုးသည်လည်း တပ်နီတော် တပ်ဖွဲ့ဝင်များနှင့်အတူ ချီတက်သွားခဲ့ရာ ထို့နောက်တွင် ၎င်း၏သတင်းကို အစအနပင် မကြားရတော့ပေ။ စွန်း၏ဖခင်မှာလည်း တပ်နီတော်အင်အား ၃၀,၀၀၀ ကျော်မျှသာ ကျန်ရှိတော့သည့် ပြင်းထန်သောတိုက်ပွဲအတွင်း ကျဆုံးသွားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261008/169c7ffc229448b1af03139bb02e3856/c.html


..................................
(English Version)
Xinhua Headlines: Where the Long March began, China's new journey unfolds
NANCHANG, Oct. 8 (Xinhua) -- The former ferry crossing is about half an hour's walk from the home of Sun Guanfa, 77, in Yudu, a hilly county in east China's Jiangxi Province.
For his father, the journey from this riverbank more than nine decades ago was part of an epic.
In October 1934, some 86,000 soldiers of the Red Army crossed the Yudu River to embark on what later came to be known as the Long March.
In a country beset by foreign invasion, social turmoil and destitution, the fledgling Red Army, led by the Communist Party of China (CPC), was fighting for national independence and the liberation of the Chinese people. But at the time, it was encircled by the overwhelming and much better-armed Kuomintang forces.
What followed was an epic military maneuver: from Yudu, Red Army troops trekked roughly 12,500 kilometers across China, crossing snow-covered mountains and treacherous marshlands, all the while battling enemy forces. They eventually reached the country's northwest, where, in 1936, they were joined by several other Red Army branches, marking the victorious conclusion of the Long March.
This military maneuver preserved the Red Army. It also gave the CPC a new foothold in northwest China, from which it built up its strength, fought back against invading Japanese troops and eventually toppled the corrupt Kuomintang regime, leading to the founding of the People's Republic of China in 1949.
In Yudu, the Long March is not simply a chapter in a history book. It is a family story.
More than 17,000 residents joined the departing army. Only 277 were recorded as eventually returning home, said Zhong Min, a guide at a museum built beside the river to commemorate the departure.
Her voice still catches when she says that number.
Her maternal great-grandfather died fighting the encirclement campaigns. Her husband's grandfather marched away with the troops and was never heard from again. Sun's father fell in a battle that saw the forces of the Red Army reduced to just over 30,000.
https://english.news.cn/20261008/169c7ffc229448b1af03139bb02e3856/c.html
Photo caption 1: An aerial drone photo taken on Aug. 18, 2026 shows a view of Yudu County, east China's Jiangxi Province. (Xinhua/Zhou Mi)
Photo caption 2: A drone photo taken on Oct. 2, 2026 shows tourists at a memorial hall marking the departure of the Long March by the Central Red Army in Yudu County, east China's Jiangxi Province. (Photo by Zeng Xiaomao/Xinhua)








