တရုတ်နိုင်ငံတောင်ပိုင်း ဟောင်ကောင်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း ၇၇ နှစ်မြောက် အထိမ်းအမှတ် မီးရှူးမီးပန်းပြပွဲ ကြည့်ရှုနေသည့် ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံတောင်ပိုင်း ဟောင်ကောင်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း ၇၇ နှစ်မြောက် အထိမ်းအမှတ် မီးရှူးမီးပန်းပြပွဲ ကြည့်ရှုနေသည့် ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ဟောင်ကောင်တွင် အောက်တိုဘာ ၁ ရက်မှ ၇ ရက်အထိ အမျိုးသားနေ့အားလပ်ရက်ကာလအတွင်း ခရီးသွားဧည့်သည်စုစုပေါင်း ၁.၆ သန်းခန့် လာရောက်ခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။ ယင်းအနက် ၁.၄၁ သန်းကျော်မှာ တရုတ်ပြည်မကြီးမှ လာရောက်သူများဖြစ်ပြီး ယမန်နှစ်စံချိန်ကို ကျော်လွန်ခဲ့ကြောင်း အောက်တိုဘာ ၈ ရက်က ထုတ်ပြန်သော တရားဝင်ကိန်းဂဏန်းများအရ သိရသည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရ၏ အုပ်ချုပ်ရေးဌာနအတွင်းရေးမှူးချုပ် ချန်ကော်ကျီးက အဆိုပါရုံးပိတ်ရက်ကာလ အောက်တိုဘာ ၁ ရက်တွင် မီးရှူးမီးပန်းပစ်ဖောက်ပွဲနှင့် မြင်းပြိုင်ပွဲကဲ့သို့ လူကြိုက်များသည့် ပွဲလမ်းသဘင်များဖြင့် စည်ကားခဲ့သည်ဟု ပြောကြားခဲ့သည်။ အဆိုပါပွဲနှစ်ခုသို့ လာရောက်ကြည့်ရှုသူ ဦးရေမှာ ၃၇၈,၀၀၀ ကျော်နှင့် ၃၀,၀၀၀ နီးပါး အသီးသီး ရှိခဲ့သည်။

တစ်ချိန်တည်းမှာပင် ဟောင်ကောင်ရှိ ဗစ်တိုးရီးယားပန်းခြံတွင်ကျင်းပသည့် ဆောင်းဦးလယ်ပွဲတော်အခမ်းအနားများကိုလည်း ပြည်သူများ စိတ်အားထက်သန်စွာ လာရောက်ပါဝင်ခဲ့ကြသောကြောင့် ပွဲကျင်းပချိန်ကို နှစ်ကြိမ်တိုင်တိုင် တိုးမြှင့်ခဲ့ရပြီး လာရောက်သူ ခရီးသွား ဦးရေ ၇၃၀,၀၀၀ ခန့် ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

…………….

(English Version)

Hong Kong draws 1.6 mln visitor arrivals during National Day holiday

HONG KONG, Oct. 8 (Xinhua) -- Hong Kong recorded around 1.6 million visitor arrivals during the National Day holiday from Oct. 1 to 7, over 1.41 million of which were from the Chinese mainland, surpassing last year's record, official figures showed Thursday.

Chan Kwok-ki, chief secretary for administration of the Hong Kong Special Administrative Region (HKSAR) government, said that the holiday featured vibrant activities, with events like the National Day fireworks display and raceday held on Oct. 1 proving popular. These two events attracted over 378,000 spectators and nearly 30,000 spectators, respectively.

Meanwhile, Mid-Autumn festivities at Hong Kong's Victoria Park received an enthusiastic response and had their run extended twice, drawing a total of around 730,000 visitors.

Photo caption: Tourists watch the fireworks show celebrating the 77th anniversary of the founding of the People's Republic of China in Hong Kong, south China, Oct. 1, 2026. (Xinhua/Chen Duo)