
ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
ယခုနှစ် အမျိုးသားနေ့ အားလပ်ရက်အတွင်း နိုင်ငံတစ်ဝန်းရှိ နယ်စပ်စစ်ဆေးရေးဂိတ်များတွင် တာဝန်ရှိသူများက ပြည်ဝင်၊ ပြည်ထွက် ခရီးသည် သွားလာမှုအကြိမ်ရေ စုစုပေါင်း ၁၅.၄၆၂ သန်းကို စစ်ဆေးဆောင်ရွက်ခဲ့ရာ တစ်ရက်လျှင် ခရီးသည် အကြိမ်ရေ ပျမ်းမျှ ၂.၂၀၉ သန်းအား ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး၊ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၆.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ပြည်ဝင်၊ ပြည်ထွက်သွားလာမှု အများဆုံးနေ့မှာ အောက်တိုဘာ ၄ ရက် ဖြစ်ပြီး ခရီးသည် အကြိမ်ရေ ၂.၃၉၇ သန်း အထိ ရောက်ရှိခဲ့ကြောင်း အောက်တိုဘာ ၈ ရက်တွင် တရုတ်နိုင်ငံ အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာနမှ သိရသည်။
၎င်းတို့အနက် တရုတ်ပြည်သူများ၏ ပြည်ပထွက်ခွာမှု အကြိမ်ရေ ၄.၄၄၄ သန်း ရှိပြီး ယမန်နှစ် ကာလတူထက် ၉.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ နိုင်ငံခြားသား ပြည်ဝင်မှု အကြိမ်ရေ ၆၈၂,၀၀၀ ရှိပြီး ဗီဇာကင်းလွတ်ခွင့် မူဝါဒ အသုံးပြု၍ ပြည်ဝင်မှု အကြိမ်ရေသည် ၅၀၅,၀၀၀ ရှိရာ ယမန်နှစ် အလားတူကာလထက် ၅.၄ ရာခိုင်နှုန်းနှင့် ၉.၂ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့ကြောင်း၊ စုစုပေါင်း ဝင်ထွက်သွားလာခဲ့သော သယ်ယူပို့ဆောင်ရေးယာဉ် (သင်္ဘော၊ ရထား၊ မော်တော်ယာဉ်) ၇၃၂,၀၀၀ စီးကို စစ်ဆေးခဲ့ပြီး၊ ယင်းမှာ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၄.၇ ရာခိုင်နှုန်း တိုးတက်လာခြင်း ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာန၏ တစ်ပြေးညီ ချမှတ်ထားသော စီမံချက်နှင့်အညီ၊ တရုတ်နိုင်ငံတစ်ဝန်း နယ်စပ်စစ်ဆေးရေးဂိတ်များ၌ ရဲတပ်ဖွဲ့ဝင်အားလုံးအသုံးပြု၍ အားလပ်ရက်ကာလအတွင်း အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်များ ချောမွေ့စေရန်အတွက်၊ နိုင်ငံတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ပြည်ပသို့ ထွက်ခွာကြမည့် ခရီးသည်များအား ခရီးစဉ်များကို သင့်လျော်စွာစီမံခန့်ခွဲရန်နှင့် လူစည်ကားချိန်ရှောင်၍ ခရီးသွားလာကြရန် လမ်းညွှန်ပြသပေးခဲ့သည်။
လုပ်ငန်းတာဝန်များဆောင်ရွက်ရာ၌ သိပ္ပံနည်းကျ စနစ်တကျ စီစဉ်၍ တာဝန်ကျရဲတပ်ဖွဲ့အင်အား အလုံအလောက်ဖြင့် မြေပြင်ကြီးကြပ်မှုကိုထိရောက်စွာလုပ်ဆောင်ခြင်းဖြင့် တရုတ်လူမျိုးနှင့် နိုင်ငံခြားသား ခရီးသည်များအားလုံးအတွက် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်များ လျင်မြန်ချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့သည်။ ထို့ပြင် ခရီးသွားဝင်၊ထွက်မှုအများဆုံးအချိန်၌ ၎င်းတို့နှင့် အနီးကပ် ပူးပေါင်း၍ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ အရေးပေါ် အခြေအနေများကို ပိုမိုထိရောက်စွာ တုံ့ပြန်ပေးခြင်း၊ ခရီးသွားများ အဆင်ပြေချောမွေ့စွာ ပုံမှန်ဝင်၊ထွက်သွားလာနိုင်အောင် ဆောင်ရွက်ပေးခြင်းနှင့် ဘက်စုံသယ်ယူပို့ဆောင်ရေးကဏ္ဍ ကူညီပံ့ပိုးမှုများကို လျော်ကန်စွာ လုပ်ဆောင်ပေးခဲ့သည်။။ ထို့ကြောင့် တရုတ်အမျိုးသားနေ့ အားလပ်ရက်ကာလအတွင်း နိုင်ငံတစ်ဝန်း ပြည်ဝင်ပြည်ထွက်ဂိတ်များ၌ ပြည်ဝင်ပြည်ထွက်မှုသည် ဘေးကင်းလုံခြုံကာ ထိရောက်မှုမြင့်မား၍ အဆင်ပြေချောမွေ့ခဲ့ကြောင်း သိရသည်။ (Xinhua)

---------------------
(Chinese Version)
中国国庆节假期1546.2万人次出入境
新华社北京10月8日电(记者孙鹏程)记者10月8日从国家移民管理局获悉,今年国庆节假期全国边检机关共保障1546.2万人次中外人员出入境,日均220.9万人次,较去年同期增长6.7%;单日出入境通关最高峰出现在10月4日,达239.7万人次。
其中,内地居民出境444.4万人次,较去年同期增长9.3%;外国人入境68.2万人次,适用免签政策入境50.5万人次,较去年同期分别增长5.4%、9.2%。共计查验出入境交通运输工具73.2万架(艘、列、辆)次,较去年同期增长14.7%。
按照国家移民管理局统一部署,全国边检机关全警动员、全力做好假期通关保障工作,引导广大出入境旅客合理安排行程、错峰出行;科学组织勤务,备足执勤警力,加强现场引导,全力保障中外旅客快速通关;密切协作配合,强化应急处置,稳妥做好高峰期客流疏导和交通配套综合保障。国庆节期间,全国口岸出入境通关安全高效顺畅。(完)
图说1:10月1日,外国游客在海南省三亚南山文化旅游区体验非遗竹竿舞。新华社发(陈文武摄)
图说2:10月4日,在意大利罗马,中国游客在一处观景平台与斗兽场合影。新华社记者 李京 摄








