
ကိုတာကီနာဘာလူ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ် ၄၈ ကြိမ်မြောက် ရေကြောင်းစောင့်ရှောက်ရေး ရေယာဉ်အုပ်စုသည် မလေးရှားနိုင်ငံ ကိုတာကီနာဘာလူဆိပ်ကမ်းသို့ အောက်တိုဘာ ၈ ရက်တွင် ရောက်ရှိခဲ့ပြီး ငါးရက်ကြာ ချစ်ကြည်ရေးခရီးစဉ် စတင်ခဲ့ကြောင်း သိရသည်။
ဒေသစံတော်ချိန် နံနက် ၉ နာရီခန့်တွင် တရုတ်-မလေးရှား နှစ်နိုင်ငံအလံများ လွှင့်ထူထားသော တရုတ်ရေတပ်၏ ထန်ဆန်း စစ်သင်္ဘော၊ တာ့ချင့်စစ်သင်္ဘောနှင့် ထိုက်ဟူစစ်သင်္ဘောတို့သည် ကိုတာကီနာဘာလူဆိပ်ကမ်းသို့ ဖြည်းညင်းစွာ ဆိုက်ကပ်လာခဲ့သည်။ ကုန်းပတ်ပေါ်တွင် စစ်သည်အရာရှိများက အဖွဲ့လိုက်တန်းစီကာ ညီညာသပ်ရပ်၍ ရဲရင့်တက်ကြွသော အနေအထားဖြင့် လာရောက်ကြိုဆိုသော လူအုပ်ကြီးကို လက်ဝှေ့ယမ်းနှုတ်ဆက်ခဲ့သည်။
မလေးရှားနိုင်ငံ ရေတပ် အရှေ့ပိုင်းရေယာဉ်အုပ်စုမှ အရာရှိစစ်သည်ကိုယ်စားလှယ်များ၊ မလေးရှားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးမှ ဝန်ထမ်းများ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများ၊ တရုတ်နွယ်ဖွားနှင့် တရုတ်လူမျိုးများ၏ ကိုယ်စားလှယ်များက ဆိပ်ကမ်းတွင် လာရောက်ကြိုဆိုခဲ့ကြသည်။ ထို့အပြင် မလေးရှားနိုင်ငံ စစ်တီးဝိုင်းအဖွဲ့ကလည်း ကြိုဆိုရေးတေးဂီတသံစဉ်များ တီးခတ်ကာ ရေယာဉ်အုပ်စုရောက်ရှိလာခြင်းအား လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
ရေယာဉ်များဆိုက်ကပ်ပြီးနောက် လာရောက်ကြိုဆိုသူများသည် အသုတ်ခွဲ၍ စစ်ရေယာဉ်အုပ်စု၏ သင်္ဘောများကို လှည့်လည်ကြည့်ရှုပြီး သင်္ဘောများ၏ စွမ်းဆောင်နိုင်မှုနှင့် တာဝန်ထမ်းဆောင်မှုအခြေအနေများကို အနီးကပ်လေ့လာခဲ့ကြသည်။
ခရီးစဉ်ကာလအတွင်း ရေယာဉ်အုပ်စု ကွပ်ကဲရေးမှူးများသည် မလေးရှားရေတပ် အကြီးအကဲများနှင့် သွားရောက်တွေ့ဆုံမည်ဖြစ်ပြီး နှစ်ဖက်က ကျွမ်းကျင်မှုဆိုင်ရာ ဖလှယ်မှုများ၊ စစ်သင်္ဘော လေ့လာကြည့်ရှုမှု စသည့် လှုပ်ရှားမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဤခရီးစဉ်သည် တရုတ်-မလေးရှား အစဉ်အလာချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုကို ပိုမိုနက်ရှိုင်းစေပြီး လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို ဝန်ဆောင်မှုပေးရာ၌ အပြုသဘောအင်အားများဖြင့် အကျိုးပြုရန် ရည်ရွယ်ထားသည်။
အောက်တိုဘာ ၂ ရက်မှ ၄ ရက်အထိ စစ်ရေယာဉ်အုပ်စုသည် စင်ကာပူ ချန်ဂီဆိပ်ကမ်းတွင် နည်းပညာဆိုင်ရာ ဆိုက်ကပ်ရပ်နားခဲ့ပြီး သင်္ဘောကိရိယာများ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း၊ ရိက္ခာပစ္စည်းများ ဖြည့်တင်းခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)
-----------------------------
(Chinese Version)
中国海军第48批护航编队抵达马来西亚进行友好访问
新华社马来西亚哥打基纳巴卢10月8日电(杜江帆 徐涛涛)当地时间10月8日,中国海军第48批护航编队抵达马来西亚哥打基纳巴卢,开始对马来西亚进行为期5天的友好访问。
上午9时许,悬挂着中马两国国旗的海军唐山舰、大庆舰、太湖舰缓缓驶入哥打基纳巴卢港,官兵在甲板上分区列队,军容严整,精神抖擞,向欢迎人群挥手致意。
马来西亚海军东部舰队官兵代表、中国驻马使领馆工作人员、中资机构及华人华侨代表等在码头迎接,马方军乐队奏响欢迎乐曲,热烈欢迎编队舰艇的到来。
靠泊完毕后,欢迎人群分批次参观编队舰艇,近距离了解舰艇性能和执行任务情况。
访问期间,中方编队指挥员将拜会马方海军领导,双方将开展专业交流、舰艇参观等活动。
此次访问旨在进一步深化中马传统友谊和战略互信,为服务构建人类命运共同体贡献积极力量。
据悉,10月2日至4日,编队技术停靠新加坡樟宜港,进行舰艇装备检修保养、物资补给等。(完)
图说:10月8日,中国海军第48批护航编队抵达马来西亚哥打基纳巴卢,开始对马来西亚进行为期5天的友好访问。 新华社发(杜江帆摄)








