
ဟောင်ကောင်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအနေဖြင့် ကမ္ဘာ့စီးပွားရေးလွတ်လပ်မှုအရှိဆုံးနေရာအဖြစ် ထပ်မံသတ်မှတ်ဖော်ပြခံထားရကြောင်း Fraser အင်စတီကျုမှ အောက်တိုဘာ ၆ ရက်၌ ထုတ်ပြန်ခဲ့သော ကမ္ဘာ့စီးပွားရေးလွတ်လပ်မှုဆိုင်ရာ ၂၀၂၆ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာအရ သိရသည်။
အကဲဖြတ်သည့် ကဏ္ဍ ၅ ခုအနက် ဟောင်ကောင်က "နိုင်ငံတကာကုန်သွယ်မှုပြုလုပ်နိုင်သည့် လွတ်လပ်မှု" ကဏ္ဍတွင် ထိပ်ဆုံးနေရာကို ဆက်လက်ထိန်းထားနိုင်ခဲ့ပြီး "စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ" ကဏ္ဍတွင် ဒုတိယနေရာ ရရှိခဲ့သည်။
ဟောင်ကောင်၏ လွတ်လပ်သောဈေးကွက်စီးပွားရေးစနစ်ဆိုင်ရာ အားသာချက်များအပြင် ပွင့်လင်းမြင်သာမှုရှိပြီး ထိရောက်မှုရှိကာ မျှတသော စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင်ကိုပါ အဆိုပါအစီရင်ခံစာက ထပ်လောင်းအတည်ပြုဖော်ပြထားကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြုပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး မသေချာမရေရာမှုများနှင့် ကုန်သွယ်မှုဆိုင်ရာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ မြင့်တက်လာနေသော်လည်း ဟောင်ကောင်သည် ၎င်း၏ လွတ်လပ်သောဆိပ်ကမ်း အဆင့်အတန်း၊ စည်းကြပ်ခွန်ကောက်ခံမှုမရှိသောမူဝါဒနှင့် ရိုးရှင်းပြီး အခွန်နှုန်းထားနည်းပါးသော စနစ်တို့ကို ဆက်လက်ထိန်းသိမ်းထားရန် ခိုင်မာစွာ ဆက်လက်လုပ်ဆောင်လျက်ရှိခြင်းဖြင့် ကမ္ဘာတစ်ဝန်းမှ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် လုံခြုံစိတ်ချရ၍ တည်ငြိမ်ကာ မျှတပြီး ကြိုတင်ခန့်မှန်းနိုင်သော နိုင်ငံတကာအဆင့်မီ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကို ဖန်တီးပေးထားကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့် နည်းလမ်းနှစ်သွယ် တံခါးဖွင့်ဝါဒကို ဆက်လက်ကျင့်သုံးလျက်ရှိပြီး နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများတွင် အောင်မြင်မှုများ ဆက်လက်ရယူလျက်ရှိရာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုအတွက် အဓိကကျသော တည်ငြိမ်စေသည့်အင်အားစုနှင့် တွန်းအားပေးသည့်မောင်းနှင်အားအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ "တစ်နိုင်ငံ၊ စနစ်နှစ်မျိုး" မူဘောင်အောက်တွင် ဟောင်ကောင်သည် အမိနိုင်ငံ၏ ခိုင်မာသောပံ့ပိုးကူညီမှုကို ရရှိထားပြီး ကမ္ဘာကြီးနှင့်လည်း ရင်းနှီးသောဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားသည်။
အနာဂတ်ကို မျှော်ကြည့်လျှင် "ဗဟိုဌာန လေးခုနှင့် အချက်အချာနေရာ တစ်ခု" အဖြစ် ဟောင်ကောင်၏ အခန်းကဏ္ဍများကို ပိုမိုမြှင့်တင်ရေး၊ လူမှုရေးနှင့် စီးပွားရေးတိုးတက်မှုအတွက် ပိုမိုအားကောင်းသော တွန်းအားသစ်များ ဖန်တီးပေးနိုင်ရန် Northern Metropolis စီမံကိန်း ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ရေး၊ ဒေသတွင်း စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအတွက် ပိုမိုကျယ်ပြန့်သော ဖွံ့ဖြိုးတိုးတက်မှု အလားအလာများကို ဖွင့်လှစ်ပေးရေးနှင့် ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် အရည်အချင်းရှိသူများအတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ ဖန်တီးပေးရေးတို့အတွက် နိုင်ငံတော်၏ ခိုင်မာသော ပံ့ပိုးကူညီမှုဖြင့် HKSAR အစိုးရအနေဖြင့် လူ့အဖွဲ့အစည်း၏ ကဏ္ဍအသီးသီးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

..........................................
(English Version)
Hong Kong retains position as world's freest economy: report
HONG KONG, Oct. 6 (Xinhua) -- Hong Kong has once again been ranked as the world's freest economy, according to the Economic Freedom of the World 2026 Annual Report released on Tuesday by the Fraser Institute.
Among the five areas of assessment, Hong Kong maintained its top position in "freedom to trade internationally" and secured second place in "regulation."
A spokesperson for the Hong Kong Special Administrative Region (HKSAR) government noted that the report reaffirmed Hong Kong's strengths as a free-market economy, alongside its open, efficient and fair business environment.
Amid increasing global economic uncertainties and rising trade protectionism, Hong Kong remains firmly committed to maintaining its free port status, zero-tariff policy, and simple and low tax regime, providing a secure, stable, fair, predictable and internationalized business and investment environment for investors and entrepreneurs from around the world.
The spokesperson said that as China remains committed to high-standard, two-way opening up and continues to achieve breakthroughs in technological innovation, it serves as a major stabilizing force and driving engine for global economic growth. Under the "one country, two systems" framework, Hong Kong enjoys the strong support of the motherland and maintains close connections with the world.
Looking ahead, with the staunch support of the country, the HKSAR government will continue to work with all sectors of the community to further enhance Hong Kong's roles as "four centers and one hub" and accelerate the development of the Northern Metropolis to inject stronger impetus into social and economic growth, open up broader development prospects for local enterprises and the public, and provide greater opportunities for enterprises, investors and talent worldwide, the spokesperson added. ■
Photo caption 1: Photo taken on May 12, 2025 shows the scenery on both sides of Victoria Harbour in Hong Kong, south China. (Xinhua/Chen Duo)
Photo caption 2: People visit the 2025 International Automotive & Supply Chain Expo (Hong Kong) in Hong Kong, south China, June 12, 2025. (Xinhua/Lui Siu Wai)








