ယူနန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)
“ရှေးဟောင်း လက်ဖက်လမ်းကြောင်း ဖူအယ်မြို့တွင် စက်ဘီးစီးခြင်း” တောင်တက်စက်ဘီးစီးပြိုင်ပွဲကို အောက်တိုဘာ ၃ ရက်က ယူနန်ပြည်နယ် ဖူအယ်မြို့ စီးမောင်ခရိုင် ရီရှန့်မြို့ ပိုင်လီလက်ဖက်လမ်းကြောင်း၌ ကျင်းပခဲ့သည်။ ဒေသအသီးသီးမှ စက်ဘီးစီး ဝါသနာရှင်များက လက်ဖက်တောင်တန်းတွင် စုစည်း၍ တရုတ်မူ (Mu) သောင်းချီသည့် လက်ဖက်ဥယျာဉ်များအကြား စက်ဘီးစီးဖြတ်သန်းသွားကာ လက်ဖက်ဇာတိ ဖူအယ်မြို့၏ ရှုခင်းများကို ခံစားလျက်ရှိသည်။ (Xinhua)








