ဟဲဖေ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟဲဖေမြို့တွင် အမျိုးသားနေ့အားလပ်ရက်ကာလအတွင်း စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာနေရာများ၌ လုပ်ဆောင်ချက်အမျိုးမျိုး ဆောင်ရွက်နိုင်သော Embodied AI စက်ရုပ်များကို အသုံးပြုထားရာ ၎င်းစက်ရုပ်များက ခရီးသွားဧည့်သည်များအတွက် အဓိကဆွဲဆောင်မှု ဖြစ်လာလျက်ရှိသည်။ စမတ်နည်းပညာသုံး အပြန်အလှန်ဆက်သွယ်မှုများမှတစ်ဆင့် အဆိုပါစက်ရုပ်များက ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများနှင့် အတွေ့အကြုံများကို ပိုမိုကွဲပြားစုံလင်စွာ ပေးစွမ်းခဲ့ကြောင်း သိရသည်။ (Xinhua)

#CHINA #EMBODIEDAI #TOURIST #TOURISM #တရုတ်နိုင်ငံ #ဉာဏ်ရည်တု #ခရီးသွားဧည့်သည် #ခရီးသွားလုပ်ငန်း

............................................

(English Version)

Embodied AI robots of various functions draw tourists in Hefei, China's Anhui

HEFEI, Oct. 4 (Xinhua) -- During the National Day holiday, embodied AI robots of various functions rolled out in commercial and cultural blocks have been a major attraction for tourists. Through smart interactions, they have diversified tourism offerings and experiences.