တက်ဟုန်း (ယူနန်)၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)
တရုတ်အမျိုးသားနေ့ အားလပ်ရက်ကာလအတွင်း ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ မန်စီမြို့၊ လျန်ဟယ်မြို့၊ ယဉ်ကျန်းမြို့ တို့တွင် ရိုးရာပွဲတော် မနောပွဲတော်အခမ်းအနားများကို ကျင်းပခဲ့ရာ တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတစ်ဝန်းမှ ခရီးသွားဧည့်သည်များနှင့်အတူ စည်းချက်ညီညီ ကခုန်ရင်း ပွဲတော်ကို ဆင်နွှဲခဲ့ကြသည်။ ယခုနှစ် နွေဦးတွင် အင်တာနက် ပလက်ဖောင်း၌ မနောပွဲတော် သီချင်း ကျယ်ကျယ်ပြန့်ပြန့် ရေပန်းစားခဲ့ရာ ခရီးသွားများစွာက တရုတ်အမျိုးသားနေ့ အားလပ်ရက်ကာလအတွင်း အင်တာနက်ပေါ်မှ သံစဉ်အတွက် သီးသန့်လာရောက်ခဲ့ကြသည်။ မနောပွဲတော်အပြင် ဒေသတွင်း၌ အဆိုအကဖျော်ဖြေပွဲ၊ ပလောင်(တအောင်း) လက်ဖက်ရည်ချဉ် အထူးဈေးပွဲတော် စသည်တို့လည်း ကျင်းပခဲ့ပြီး မနောပွဲတော် ရေပန်းစားမှုကို ယဉ်ကျေးမှုခရီးသွားလာရေး တိုးတက်မှုစွမ်းအင်အဖြစ် ပြောင်းလဲလိုက်သည်။ (Xinhua)
---------------------
(Chinese Version)
云南德宏:目瑙纵歌引客来
国庆假期,云南省德宏州芒市、梁河、盈江等地相继举办传统节庆活动目瑙纵歌,各族群众与全国各地游客踏着鼓点起舞,共度佳节。今年春天,歌曲《目瑙纵歌》在网络平台广泛传播。国庆假期,不少游客循着网上的旋律专程而来。除了目瑙纵歌,当地还推出其他各类歌舞晚会、德昂酸茶特色市集等系列活动,推动目瑙纵歌热度转化为文旅发展动能。








