ဗြိတိန်နိုင်ငံ လန်ဒန်မြို့ Wandsworth အကျဉ်းထောင်ရှေ့ရှိ ယာဉ်များအား ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ Wandsworth အကျဉ်းထောင်ရှေ့ရှိ ယာဉ်များအား ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

အငြင်းပွားဖွယ်ရာ ဖြစ်နေသော “၂၀၂၆ ခုနှစ် ပြစ်ဒဏ်ချမှတ်ခြင်း ဥပဒေကြမ်း” အရ ဗြိတိန်နိုင်ငံ အင်္ဂလန်နှင့် ဝေလဒေသတွင် အကျဉ်းသားများအား စောစီးစွာ လွှတ်ပေးခြင်း မူဝါဒကို အောက်တိုဘာ ၁ ရက်တွင် တရားဝင် စတင် အကောင်အထည်ဖော်ခဲ့သည်။ ဗြိတိန် မီဒီယာများ၏ ဖော်ပြချက်အရ ထိုနေ့တွင် အကျဉ်းသား ၇၀၀ ခန့် ထောင်မှ လွတ်မြောက်ခဲ့ကြကြောင်း သိရသည်။

စောစီးစွာ လွတ်မြောက်လာသော အကျဉ်းသားများသည် ခြေချင်းဝတ်တွင် အီလက်ထရောနစ် စောင့်ကြည့်စက်များ ဝတ်ဆင်ရမည် ဖြစ်သော်လည်း ဤမူဝါဒနှင့် ပတ်သက်၍ စိုးရိမ်မှုများကို ဖြစ်ပေါ်စေနေဆဲ ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ အီလက်ထရွန်းနစ် စောင့်ကြည့်မှု စနစ်သည် “အတုအယောင်ဖြစ်သော လုံခြုံမှု ခံစားချက်” ကို ဖြစ်ပေါ်စေနိုင်ကြောင်း အင်္ဂလန်နှင့် ဝေလဒေသ ပြစ်ဒဏ်ဆိုင်းငံ့ရေး စစ်ဆေးရေးမှူးချုပ် Martin Jones က ဖြစ်သည်။

ထို့ပြင် အခြားဗြိတိန် မီဒီယာက ၂၀၂၇ ခုနှစ် ဇွန်လအထိ အကျဉ်းသား ၄,၅၀၀ ခန့်သည် အဆိုပါမူဝါဒကြောင့် စောစီးစွာ ထောင်မှ ထွက်လာမည် ဖြစ်သည်ဟု  ခန့်မှန်းထားသည်။

ဗြိတိန် အကျဉ်းထောင်စနစ်သည် ကာလရှည်ကြာစွာ မြင့်မားသော ဝန်ပိုမှု အခြေအနေတွင် လည်ပတ်နေသည်။ ဗြိတိန် ပြစ်မှုကျူးလွန်သူ ၉၀ ရာခိုင်နှုန်းကို ချုပ်နှောင်ထားသော အင်္ဂလန်နှင့် ဝေလဒေသကို ဥပမာအနေဖြင့် ဆိုရလျှင် ၎င်း အကျဉ်းထောင် စုစုပေါင်းဆံ့ဝင်နိုင်စွမ်းမှာ လူ ၈၉,၀၀၀ ခန့် ဖြစ်သည်။ ဗြိတိန် တရားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ စက်တင်ဘာလ ၂၈ ရက်အထိ အင်္ဂလန်နှင့် ဝေလဒေသ အကျဉ်းထောင်များတွင် လူပေါင်း ၈၇,၄၉၉ ဦး ထိန်းသိမ်းထားကြောင်း၊ ၂၀၃၀ ခုနှစ်တွင် အင်္ဂလန်နှင့် ဝေလဒေသ အကျဉ်းထောင်များ၌ ထိန်းသိမ်းခံထားသူ အရေအတွက်သည် ၁၀၀,၀၀၀ ကျော် ကျော်လွန်သွားမည် ဖြစ်ကြောင်း သိရသည်။

အကျဉ်းထောင်စနစ် ပြိုလဲခြင်းကို ကာကွယ်ရန်အတွက် ဗြိတိန်သည် ယခုနှစ် နှစ်စပိုင်းတွင် “၂၀၂၆ ခုနှစ် ပြစ်ဒဏ်ချမှတ်ခြင်း ဥပဒေကြမ်း” ကို အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေကြမ်းအရ အင်္ဂလန်နှင့် ဝေလဒေသတွင် တိကျသော ပြစ်ဒဏ်ကာလချမှတ်ထားပြီးဖြစ်သော အကျဉ်းသားအများစုသည် ပြစ်ဒဏ် သုံးပုံတစ်ပုံ ကျခံပြီးနောက် လွှတ်မြောက်မည်ဖြစ်သည်။ ဤဥပဒေကြမ်းသည် ထုတ်ပြန်ပြဋ္ဌာန်းသည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော ကန့်ကွက်မှုကို ရင်ဆိုင်ခဲ့ရကာ ဗြိတိန်အစိုးရက အကြိမ်များစွာ ချိန်ညှိမှုများ ပြုလုပ်ခဲ့ပြီး နောက်ဆုံးတွင် အောက်တိုဘာ ၁ ရက်မှ စတင်ကာ တရားဝင် ဖော်ဆောင်ရန် အတည်ပြုခဲ့သည်။ (Xinhua)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ Wandsworth အကျဉ်းထောင်အပြင်တွင် ထောင်မှ ထွက်လာသော အကျဉ်းသားများ ခြေချင်းဝတ်တွင် ဝတ်ဆင်ထားသည့် အီလက်ထရောနစ် စောင့်ကြည့်စက်ကို အောက်တိုဘာလ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ Wandsworth အကျဉ်းထောင်အပြင်တွင် ထောင်မှ ထွက်လာသော အကျဉ်းသားများ ခြေချင်းဝတ်တွင် ဝတ်ဆင်ထားသည့် အီလက်ထရောနစ် စောင့်ကြည့်စက်ကို အောက်တိုဘာလ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

.................................

(Chinese Version)

英国启动提前释囚 首日约700人出狱引担忧

新华社伦敦10月2日电(记者张枫)根据颇具争议的《2026年量刑法案》,英国英格兰和威尔士地区于1日正式实施提前释放囚犯政策。据英国媒体报道,约700名囚犯当天出狱。  

报道称,尽管提前获释的囚犯将佩戴电子监控脚环,但这一政策仍引发担忧。英格兰和威尔士缓刑事务首席监察员马丁·琼斯说,电子监控体系会造成“虚假的安全感”。  

另据英国媒体估计,到2027年6月,将有约4500名囚犯因该政策提前出狱。  

英国监狱系统长期处于高负荷运转状态。以囚禁英国九成犯人的英格兰和威尔士地区为例,其监狱总容量约为8.9万人。英国司法部数据显示,截至9月28日,英格兰和威尔士监狱共有87499人在押。到2030年,英格兰和威尔士监狱在押人数将突破10万。  

为防止监狱系统崩溃,英国今年年初通过《2026年量刑法案》。根据该法案,英格兰和威尔士地区大部分有确定刑期的囚犯在服满刑期的三分之一后即可获释。该法案一经颁布便遭到强烈反对,英国政府数次作出调整,最终确定10月1日起正式实施。(完)

图说1:这是10月1日在英国伦敦拍摄的旺兹沃思监狱前的车辆。新华社记者 张枫 摄

图说2:这是10月1日在英国伦敦旺兹沃思监狱外拍摄的出狱犯人佩戴的电子监控脚环。新华社记者 张枫 摄