အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ကြေညာချက် ထုတ်ပြန်ပြောကြားနေသည်ကို ဗီဒီယိုပုံရိပ်မှ ၂၀၂၅ ခုနှစ် ဇွန်လ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ကြေညာချက် ထုတ်ပြန်ပြောကြားနေသည်ကို ဗီဒီယိုပုံရိပ်မှ ၂၀၂၅ ခုနှစ် ဇွန်လ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

ဒူဘိုင်း လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်၏ လေယာဉ်မှူးအခန်းအတွင်း ပဋိပက္ခဖြစ်မှု၏ “အမှန်တရားမှာ တဖြည်းဖြည်း ပေါ်လွင်လာပြီ” ဖြစ်ကြောင်း၊ တိုက်ခိုက်သူသည် အစွန်းရောက်အတွေးအခေါ် လွှမ်းမိုးမှုခံနေရပြီး လေယာဉ် ပျက်ကျစေရန် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက အောက်တိုဘာ ၂ ရက်တွင် ဗီဒီယို ကြေညာချက် ထုတ်ပြန်၍ ပြောကြားခဲ့သည်။

အစ္စရေးဘက်က တိုက်ခိုက်သူသည် “တစ်စုံတစ်ဦး၏ စေခိုင်းမှုခံရခြင်း ရှိမရှိ” ကို စုံစမ်းစစ်ဆေးလျက်ရှိပြီ ကြိုးကိုင်ခြယ်လှယ်သူမှာ မည်သူပင်ဖြစ်စေ “ကြီးလေးသော တန်ဖိုးကို ပေးဆပ်ရမည်” ဟု နေတန်ယာဟုက ထပ်မံပြောကြားခဲ့သည်။

လေယာဉ်မောင်းနှင်ခန်းအတွင်း ပဋိပက္ခဖြစ်ရပ်သည် အီရန်ကိုအပြစ်ပုံချရန် “လှည့်စားထားသော စစ်ဆင်ရေး” တစ်ခု ဖြစ်ကြောင်း သတင်းရင်းမြစ် အချို့၏ ပြောဆိုချက်ကို ကိုးကား၍ အီရန်နိုင်ငံရုပ်မြင်သံကြားက အောက်တိုဘာ ၁ ရက်၌ သတင်းဖော်ပြခဲ့သည်။

စက်တင်ဘာလ ၃၀ ရက်တွင် ဒူဘိုင်းလေကြောင်းလိုင်း FZ1073 ခရီးစဉ်သည် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှ အစ္စရေး တဲလ်အဗစ်မြို့သို့ ပျံသန်းနေစဉ် လုံခြုံရေးဆိုင်ရာ ပြဿနာတစ်ရပ်  ဖြစ်ပွားခဲ့သည်။ ယူအေအီး မီဒီယာများ၏ ဖော်ပြချက်အရ ထိုခရီးစဉ်၏ လက်ထောက်လေယာဉ်မှူးက လေယာဉ်မောင်းနှင်ခန်း၌ လေယာဉ်မှူးအား ဓားဖြင့် ထိုးခဲ့သည်ဟု သံသယရှိပြီး ယင်းကြောင့် လေယာဉ်သည် ရုတ်တရက် သိသိသာသာ ထိုးဆင်းသွားခဲ့သည်။ အခြား လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များက တိုက်ခိုက်သူကို ထိန်းချုပ်နိုင်ပြီးနောက် လေယာဉ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ ဖြစ်ရပ်အပြီးတွင် ထိုလေယာဉ်သည် လမ်းကြောင်း ပြောင်းလဲကာ ဆော်ဒီအာရေဗျနိုင်ငံ Tabuk လေဆိပ်သို့ ဘေးကင်းစွာ ဆင်းသက်ခဲ့သည်။ (Xinhua)

..............................................

(Chinese Version)

以总理称迪拜航空驾驶舱冲突袭击者受极端思想影响

新华社耶路撒冷10月2日电(记者陈君清 冯国芮)以色列总理内塔尼亚胡2日发表视频声明说,迪拜航空公司客机驾驶舱冲突的“真相逐渐明朗”,并称袭击者受到极端思想影响,意图让客机坠毁。  

内塔尼亚胡还说,以方正在调查袭击者是否“受他人指使”,无论幕后黑手是谁,都将“付出沉重代价”。  

伊朗国家电视台1日援引消息人士的话报道,此次驾驶舱冲突事件是一次针对伊朗的“假旗行动”。  

9月30日,迪拜航空FZ1073航班从阿联酋迪拜飞往以色列特拉维夫途中发生安全事件。据阿联酋媒体报道,该航班副驾驶涉嫌在驾驶舱内刺伤机长,导致客机突然急降。在其他机组人员和乘客制服袭击者后,客机重新得到控制。事发后,该客机改道并安全降落在沙特阿拉伯塔布克机场。(完)

图说:这张视频截图显示,2025年6月13日,以色列总理内塔尼亚胡发表声明。新华社发