
ကင်ရှာဆာ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
ကွန်ဂိုနိုင်ငံ (DRC) တွင် လက်ရှိဖြစ်ပွားလျက်ရှိသော အီဘိုလာရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေမှာ ၄,၀၀၀ ကျော်လွန်ပြီဖြစ်ကာ ပြည်နယ် ၇ ခု၌ ရောဂါပိုးကူးစက်ခံရကြောင်း အတည်ပြုလူနာဦးရေ ၈,၃၀၀ ဦးအနက် သေဆုံးသူ ၄,၀၁၈ ဦး ရှိကြောင်း ကွန်ဂိုကျန်းမာရေးအာဏာပိုင်များက အောက်တိုဘာ ၂ ရက်၌ ထုတ်ပြန်သည့် ယခုနောက်ဆုံးရစာရင်းများအရ သိရသည်။
လူနာစုစုပေါင်း ၂,၁၆၂ ဦး ပြန်လည်သက်သာကောင်းမွန်လာခဲ့ပြီး ၎င်းရောဂါကြောင့် သေဆုံးမှုနှုန်းမှာ ၄၈.၄ ရာခိုင်နှုန်း ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ယခုနောက်ဆုံးရအချက်အလက်များက ဖော်ပြထားသည်။
လက်ရှိဖြစ်ပွားနေသော အီဘိုလာရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေအစစ်အမှန်မှာ တရားဝင်ထုတ်ပြန်ထားသည်ထက် ပိုမိုများပြားဖွယ်ရှိကြောင်း နိုင်ငံတကာဆေးဘက်ဆိုင်ရာ ပရဟိတအဖွဲ့အစည်းဖြစ်သည့် နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) က အောက်တိုဘာ ၁ ရက်၌ သတိပေးပြောကြားခဲ့သည်။ "ရောဂါစောင့်ကြည့်လေ့လာခြင်းနဲ့ ရောဂါပိုးရှိသူတွေကို ရှာဖွေဖော်ထုတ်ခြင်းတို့မှာ လိုအပ်ချက်တွေရှိနေတာကြောင့် သေဆုံးသူဦးရေအစစ်အမှန်မှာ ပိုမိုများပြားဖွယ်ရှိပါတယ်" ဟု အဆိုပါအဖွဲ့အစည်းက ပြောကြားခဲ့သည်။
ယခုအကြိမ် အီဘိုလာရောဂါဖြစ်ပွားမှုသည် ကွန်ဂိုနိုင်ငံ (DRC) တွင် မှတ်တမ်းတင်ထားဖူးသမျှ အကြီးမားဆုံးနှင့် သေဆုံးမှုအများဆုံးဖြစ်ရပ်ဖြစ်သလို ၂၀၁၄-၂၀၁၆ ခုနှစ်ကာလအတွင်း အနောက်အာဖရိကတွင် ဖြစ်ပွားခဲ့သော အီဘိုလာရောဂါဖြစ်ပွားမှုပြီးလျှင် ကမ္ဘာတစ်ဝန်း၌ ဒုတိယအကြီးမားဆုံး အီဘိုလာရောဂါဖြစ်ပွားမှုလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
.............................
(English Version)
Ebola death toll in DR Congo tops 4,000
KINSHASA, Oct. 2 (Xinhua) -- The death toll from the ongoing Ebola outbreak in the Democratic Republic of the Congo (DRC) has surpassed 4,000, with 4,018 deaths reported among 8,300 confirmed cases across seven provinces, the latest figures released Friday by Congolese health authorities showed.
A total of 2,162 patients have recovered, while the overall case fatality rate stands at 48.4 percent, according to the latest update from the Ministry of Health.
The actual toll of the ongoing outbreak is likely higher than officially reported, international medical charity Medecins Sans Frontieres (MSF) warned Thursday. "The true toll (is) likely higher due to gaps in surveillance and case detection," the organization said.
The outbreak has become the largest and deadliest ever recorded in the DRC and the second-largest Ebola outbreak worldwide, after the 2014-2016 epidemic in West Africa. ■
Photo caption: Local residents conduct Ebola prevention publicity on a street in Bukavu, eastern Democratic Republic of the Congo, Sept. 3, 2026. (Xinhua)








