
ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက အသစ်ဖွင့်လှစ်လိုက်သည့် မြန်နှုန်းမြင့် ရထားလမ်းအပိုင်းသည် မြို့ချင်းဖြတ်ကျော် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင့်ရာတွင်လည်းကောင်း၊ ဒေသတွင်းစီးပွားရေး ချိတ်ဆက်မှုများ ပို၍နီးကပ်စေရာတွင်လည်း အထောက်အကူဖြစ်စေကြောင်း၊ ထိုမှတစ်ဆင့် လူရည်ချွန်၊ နည်းပညာနှင့် အရင်းအနှီးများ ဒေသဖြတ်ကျော် အရှိန်မြင့် စီးဆင်းနိုင်ရန် တွန်းအားဖြစ်စေကြောင်း ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ မြောက်ပိုင်း၊ အနောက်မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့မြောက်ပိုင်းဒေသများကို ဖြတ်သန်းတည်ဆောက်ထားသည့် အဓိက မြန်နှုန်းမြင့်ရထားလမ်းအပိုင်း လေးပိုင်းကို စက်တင်ဘာ ၂၈ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ ယင်းမှာ ကမ္ဘာ့အကြီးဆုံး မြန်နှုန်းမြင့် ရထားလမ်း ကွန်ရက်ကို တိုးချဲ့လိုက်ခြင်းဖြစ်ရာ နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများ၊ မြို့ပြအုပ်စုနှင့် အဓိကစီးပွားရေးဇုန်များအကြား အပြန်အလှန်ချိတ်ဆက်မှုကို ပို၍ အားကောင်းစေသည်။
China State Railway Group Co., Ltd. ဆောက်လုပ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ယွမ်ပေါင်ဟွာက “ဒီရထားလိုင်းလေးလိုင်း ဖွင့်လှစ်လိုက်တာက စက်မှုအသွင်ပြောင်းခြင်းကို အဆင့်မြှင့်တင်ဖို့နဲ့ ဒေသဖြတ်ကျော် ဒေသတွင်းစက်မှုလုပ်ငန်းရွှေ့ပြောင်းခြင်းကို မြှင့်တင်ပေးမှာ ဖြစ်သလို ရထားလမ်းတစ်လျှောက် အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းနိုင်မှာ ဖြစ်တယ်။ ဒါ့အပြင် ဒေသတွင်း လူမှုစီးပွားကဏ္ဍ ဟန်ချက်ညီညီ တိုးတက်ရေးအတွက် စွမ်းအားသစ်များကို ဖြည့်တင်းပေးလိုက်ခြင်း ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါအသစ်ဖွင့်လှစ်သည့် ရထားလိုင်းလေးလိုင်းလုံးသည် ဒေသတွင်း ချိတ်ဆက်မှုကို ပိုမိုနီးကပ်စေရန် အထောက်အကူပြုကြောင်း၊ ဥပမာဆိုရသော် ရှုံအန်း-ဆန်းချိုး လမ်းအပိုင်းက ရှုံအန်းဧရိယာသစ်နှင့် ဟဲပေပြည်နယ် အလယ်ပိုင်းနှင့် တောင်ပိုင်းကိုလည်းကောင်း၊ ဆန်းတုန်းပြည်နယ် အနောက်မြောက်ပိုင်းနှင့် ဟဲနန်ပြည်နယ် အရှေ့ပိုင်းကိုလည်းကောင်း ချိတ်ဆက်နိုင်ကြောင်း၊ ဟားအယ်ပင်း-ရီးချွမ်း ရထားလိုင်းက ဟားအယ်ပင်းကို ဗဟိုပြုသည့် “နှစ်နာရီမျှကြာ ဆက်သွယ်ရေးစက်ဝန်း” ကို ထပ်မံတိုးချဲ့စေကြောင်း ယွမ်က ဆိုသည်။
၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ တရုတ်နိုင်ငံ မြန်နှုန်းမြင့်ရထားလမ်း လည်ပတ်မှုက ကီလိုမီတာ ၅၀,၀၀၀ ကျော် ရှိပြီး ကမ္ဘာ့အကြီးဆုံး မြန်နှုန်းမြင့်ရထားလမ်းကွန်ရက် နံပါတ်တစ်နေရာတွင် ရပ်တည်ထားသည်။ နိုင်ငံ၏အစီအစဉ်အရ ၂၀၃၅ ခုနှစ်တွင် ရထားလမ်းကွန်ရက်သည် ကီလိုမီတာ ၇၀,၀၀၀ အထိ တိုးချဲ့မည်ဖြစ်ပြီး နိုင်ငံတစ်ဝန်း အဓိကမြို့ကြီးများ၊ မြို့ပြအုပ်စုနှင့် အချက်အချာကျသည့် စီးပွားရေးဇုန်များအကြား ဘက်စုံချိတ်ဆက်မှုကို ဖော်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံအား အောက်ပါလင့်ခ်မှတစ်ဆင့် ကြည့်ရှုနိုင်ပါသည်။
http://xhtxs.cn/bfp7

-----------------------------
(English Version)
China's high-speed rail network expansion to facilitate cross-city collaboration
BEIJING, Oct. 2 (Xinhua) -- China's newly opened high-speed railway sections will help promote cross-city collaboration and closer regional economic ties, boosting the flow of talent, technology and capital across regions, experts said.
On Monday, China opened four major high-speed railway sections spanning northern, northwestern, central and northeastern regions. This move further expands the world's largest high-speed rail network, enhancing connections between major cities, city clusters and key economic zones across the country.
"The opening of the four lines will promote industrial transformation and upgrading and cross-regional industrial transfer, boost the development of resources along the routes, and inject new momentum into coordinated regional economic and social development," said Yuan Baohua, deputy director of the construction department of China State Railway Group Co., Ltd.
Each of the four new sections helps bind regions closer together. The Xiong'an-Shangqiu section, for instance, tightens ties between Xiong'an New Area and central-southern Hebei, southwestern Shandong and eastern Henan, while the Harbin-Yichun line extends the two-hour transportation circle centered on Harbin in northeast China, Yuan said.
China is home to the world's largest high-speed rail network, with more than 50,000 km of high-speed rail in operation by the end of 2025. Under national plans, the network is projected to expand to 70,000 km by 2035, connecting major cities, city clusters and key economic zones throughout the country.
Photo Caption 1:Attendants are on duty aboard the high-speed train G9216 at the Heze East Railway Station in Heze City, east China's Shandong Province, Sept. 28, 2026. (Xinhua/Guo Xulei)
Photos Caption 2:A drone photo taken on Sept. 28, 2026 shows the first train of Harbin-Yichun high-speed railway running in Yichun, northeast China's Heilongjiang Province. (Xinhua/Wang Song)








