
နာဂိုယာ၊ ဂျပန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ နာဂိုယာမြို့၌ အောက်တိုဘာ ၂ ရက်က ကျင်းပသော အိုချိ-နာဂိုယာ အာရှအားကစားပြိုင်ပွဲတွင် တရုတ်တင်းနစ်မယ် ဝမ်ရှီးယွီက တစ်နယ်တည်းသားချင်း ကျန်းစွိုက်ကို ပွဲစဉ်တိုင်းတွင်အနိုင်ရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ရာ တရုတ်နိုင်ငံအနေဖြင့် အဆိုပါပြိုင်ပွဲတွင်း ရွှေတံဆိပ် ခြောက်ကြိမ်ဆက်တိုက် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပထမပွဲစဉ်တွင် ဝမ်က အသာစီးဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး ၎င်း၏ service အမှတ်အားလုံးကို ရရှိခဲ့ရာ ကျန်းကမူ ၅၀ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။ အသက် ၃၇ နှစ်အရွယ် ကျန်း သည် အမှားအယွင်းများကြားမှ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး ဝမ်အား service အမှတ် ၂ ကြိမ်ပေးခဲ့ရပြီးနောက် ဝမ်က ထိုပွဲစဉ်ကို ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။
ဒုတိယပွဲစဉ်ကိုလည်း ကျန်းက အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရာ service အမှတ် တစ်ကြိမ်သာရရှိခဲ့သောကြောင့် ဝမ်က ၆-၁ ဖြင့် အလွယ်တကူအနိုင်ယူပြီး ရွှေတံဆိပ်ကို ဆွတ်ခူးရရှိခဲ့သည်။
ဆီမီးဖိုင်နယ်တွင် ဝမ်သည် ထိပ်တန်းဖိလစ်ပိုင်ကြယ်ပွင့်ကစားသမား Alexandra Eala ကို အစပိုင်း၌ အရေးနိမ့်ခဲ့သော်လည်း နောက်ပိုင်းတွင် အသာစီးပြန်လည်ရရှိကာ ရမှတ် ၃-၆၊ ၆-၃၊ ၆-၂ တို့ဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါအောင်မြင်မှုနှင့်အတူ ဝမ်က ၂၀၂၈ ခုနှစ် လော့စ်အိန်ဂျလိစ် အိုလံပစ်ပြိုင်ပွဲ၏ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ကိုလည်း ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

.......................................................................
(English Version)
Asian Games | Wang Xiyu wins women's tennis gold to book LA Olympics berth
NAGOYA, Japan, Oct. 2 (Xinhua) -- China's Wang Xiyu defeated compatriot Zhang Shuai in straight sets to win the women's singles gold medal at the Aichi-Nagoya Asian Games here on Friday, extending China's winning streak in the event to six consecutive editions.
Wang dominated the opening set, winning all of her first-serve points compared with 50 percent for Zhang. The 37-year-old Zhang, who struggled with unforced errors, was broken twice as Wang took the set 6-2.
Zhang continued to struggle in the second set, holding serve just once as Wang cruised to a 6-1 victory to seal the gold medal.
In the semifinals, Wang came from behind to defeat top-seeded Philippine rising star Alexandra Eala 3-6, 6-3, 6-2.
With her victory, Wang also secured a berth in the women's singles event at the 2028 Los Angeles Olympics. ■
Photo caption 1: Wang Xiyu celebrates after winning the women's singles Gold Medal Match of tennis between Wang Xiyu of China and Zhang Shuai of China at the 20th Asian Games Aichi-Nagoya 2026 in Nagoya, Japan, Oct. 2, 2026. (Xinhua/Li Bo)
Photo caption 2: Wang Xiyu hits a return during the women's singles Gold Medal Match of tennis between Wang Xiyu of China and Zhang Shuai of China at the 20th Asian Games Aichi-Nagoya 2026 in Nagoya, Japan, Oct. 2, 2026. (Xinhua/Li Bo)








