
ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစင်တာက စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် “တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာ ၂၀၂၆” ကို ထုတ်ပြန်ခဲ့ပြီး တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေး တည်ဆောက်မှုတွင် ရရှိခဲ့သည့် ထိရောက်မှုသစ်များကို စနစ်တကျ စုစည်းဖော်ပြကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအတွက် တရုတ်နိုင်ငံက ပြုလုပ်ခဲ့သည့် အကျိုးထမ်းပိုးမှုများကို မိတ်ဆက်ဖော်ပြခဲ့သည်။
ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက တရုတ်နိုင်ငံသည် ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်မှုကို ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု၏ ကိုဩဒိနိတ်စနစ်အတွင်း အစဉ်အမြဲ ထားရှိပြီး တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးဖြင့် နိုင်ငံအသီးသီးကို အတူတကွ ခေတ်မီအသွင်ပြောင်းရေးဆီသို့ တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း စက်တင်ဘာ ၃၀ ရက်တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
“တရုတ်ရဲ့ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုက ကမ္ဘာကြီးအတွက် တိုးတက်မှုဆိုင်ရာ အခွင့်အလမ်းတွေ ပံ့ပိုးပေးတယ်” ဟု ကောကျားခွန်းက ပြောကြားသည်။ တရုတ်နိုင်ငံတွင် ကမ္ဘာ့ထိပ်တန်း ဆန်းသစ်တီထွင်မှု အစုအဖွဲ့ပေါင်း ၂၅ ခု ရှိပြီး တရုတ်၏ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုသည် ပိုမိုများပြားသောနိုင်ငံများကို နောက်ဆုံးပေါ် နည်းပညာထုတ်ကုန်များကို သုံးစွဲလို့ရနိုင်၍ ဝယ်ယူသုံးစွဲနိုင်စွမ်းရှိစေရန် နိုင်ငံအသီးသီး အတူတကွ တက်လှမ်းနိုင်သည့် “ဒစ်ဂျစ်တယ် လှေကားထစ်” ကို တည်ဆောက်ပေးခဲ့ကြောင်း၊ တရုတ်၏ ဆိုလာစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းသည် ကျောက်မီးသွေးစွမ်းအင်သုံးလျှပ်စစ်ဓာတ်ထုတ်လုပ်နိုင်စွမ်းကို ပထမဆုံးအကြိမ် ကျော်လွန်ခဲ့ပြီး တရုတ်၏ အစိမ်းရောင် အသွင်ကူးပြောင်းမှုသည် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို ထိရောက်စွာ အထောက်အကူပြုပေးကာ စွမ်းအင်အကျပ်အတည်း ဖြေလျှော့စေကြောင်း၊ တရုတ်နိုင်ငံသည် အဆင့်မြင့်တံခါးဖွင့်လှစ်မှုကိုမြှင့်တင်ကာ တရုတ်နိုင်ငံ နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက်ပြပွဲ၊ တရုတ်နိုင်ငံ နိုင်ငံတကာ ဝန်ဆောင်မှုကုန်သွယ်ရေးပြပွဲ (CIFTIS)၊ တရုတ်နိုင်ငံ နိုင်ငံတကာ ဒစ်ဂျစ်တယ်ကုန်သွယ်ရေးပြပွဲနှင့် တရုတ်နိုင်ငံ နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) တို့ကို လက်ခံကျင်းပခြင်းသည် နိုင်ငံအားလုံးအတွက် ကျယ်ပြန့်သော ဈေးကွက်နေရာနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ပံ့ပိုးပေးခဲ့သည်။
ကောကျားခွန်းက တရုတ်နိုင်ငံသည် ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်မှုကို ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု၏ ကိုဩဒိနိတ်စနစ်အတွင်း အစဉ်အမြဲ ထားရှိပြီး အပြန်အလှန် အကျိုးရှိဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်မှု၊ အတူတကွ ဖွံ့ဖြိုးတိုးတက်မှုတို့ကို လက်ကိုင်ထားကာ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးဖြင့် နိုင်ငံအသီးသီးကို အတူတကွ ခေတ်မီအသွင်ပြောင်းရေးဆီသို့ တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
.......................................
(Chinese Version)
外交部:中国始终将自身发展置于全球发展的坐标系
新华社北京9月30日电(记者邵艺博、吴梦桐)国务院发展研究中心30日上午发布《中国发展报告2026》,系统梳理了中国式现代化建设取得的新成效,介绍了中国为促进全球发展所作贡献。外交部发言人郭嘉昆30日在例行记者会上对此表示,中国始终将自身发展置于全球发展的坐标系,以中国式现代化带动各国共同迈向现代化。
“中国高质量发展为世界提供成长性机遇。”郭嘉昆说,中国拥有25个全球百强创新集群,中国的科技创新让更多国家用得上、用得起前沿科技产品,搭建起各国共同攀登的“数字阶梯”。中国光伏发电装机首超煤电,中国的绿色转型有效助力全球应对气候变化,缓解能源危机。中国推进高水平对外开放,举办链博会、服贸会、数贸会、进博会,为各国提供了广阔的市场空间和投资机会。
郭嘉昆表示,中国始终将自身发展置于全球发展的坐标系,秉持互利共赢、共同发展,以中国式现代化带动各国共同迈向现代化。(完)
图说:2026年6月22日,以“链接世界、共创未来”为主题的第四届中国国际供应链促进博览会在北京开幕。图为参观者在链博会清洁能源链展区参观。新华社记者 张晨霖 摄








2ec59c880e4b88b82f7d2303a8aeeac8b72853ea.article_card.avif)