မြန်မာနိုင်ငံ ရန်ကုန်မြို့လယ်တွင် မောင်းနှင်နေသော မော်တော်ကားများကို ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့လယ်တွင် မောင်းနှင်နေသော မော်တော်ကားများကို ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ပြည်တွင်းမော်တော်ကားဈေးကွက်တွင် ပြည်တွင်းဝယ်လိုအား မြင့်တက်လာမှုကြောင့် ကားဈေးနှုန်းများမှာ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း The Global New Light of Myanmar သတင်းစာက စက်တင်ဘာ ၂၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။

မော်တော်ယာဉ်ဝယ်လိုအားမှာ ရောင်းလိုအားကို အနည်းငယ် ကျော်လွန်နေခြင်းဖြစ်ပြီး ယင်းအခြေအနေက ဈေးနှုန်းမြင့်တက်မှုကို ပံ့ပိုးပေးလျက်ရှိကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းအား ကိုးကား၍ အဆိုပါသတင်းတွင် ဖော်ပြထားသည်။

ထိုသို့ဝယ်လိုအားမြင့်တက်လာရခြင်းမှာ သက်တမ်းနှစ် ၂၀ ကျော်ရှိသော ယာဉ်အိုယာဉ်ဟောင်းများ အပါအဝင် အိုဟောင်းနေသောယာဉ်များအပ်နှံ၍ ကားအသစ်များ ဝယ်ယူခွင့်ပြုသည့် အစီအစဉ်တစ်ရပ်ကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ကြောင်း အသင်းအဆိုအရ သိရသည်။

မော်တော်ယာဉ်ဈေးနှုန်းများမှာ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး စက်သုံးဆီယာဉ်များနှင့် လျှပ်စစ်ယာဉ်များ နှစ်မျိုးစလုံး ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း အသင်းက ဆိုသည်။

အရောင်းအဝယ်ဈေးနှုန်းများသည် ယာဉ်မော်ဒယ်အမျိုးအစား၊ ထုတ်လုပ်သည့်နှစ်နှင့် ယာဉ်၏ အလုံးစုံအခြေအနေပေါ်မူတည်၍ အမျိုးမျိုးကွာခြားကြောင်း အဆိုပါသတင်းအရ သိရသည်။ (Xinhua)


မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် မောင်းနှင်နေသော မော်တော်ကားများကို ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် မောင်းနှင်နေသော မော်တော်ကားများကို ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………

(English Version)

Myanmar car market sees price increases amid rising demand

YANGON, Sept. 29 (Xinhua) -- Car prices in Myanmar have increased by 10 to 20 percent amid rising demand in the domestic automobile market, the state-owned daily The Global New Light of Myanmar reported Monday.

Citing the Myanmar Automobile Manufacturer and Distributor Association, the report said demand has slightly outpaced supply, contributing to the price increases.

Demand has been driven in part by a program allowing owners to surrender older vehicles, including those more than 20 years old, and purchase new ones, according to the association.

Vehicle prices have risen by 10 to 20 percent, with increases affecting both fuel-powered and electric vehicles, it said.

Transaction prices vary depending on the vehicle model, production year and overall condition, the report said.