အောင်လံ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး အောင်လံမြို့၏ နှမ်းစျေးကွက်သည် ယခင်ကထက် ဈေးနှုန်းများ မြင့်တက်လာနေသည်ဟု နှမ်းလာရောက်ရောင်းချသည့် တောင်သူများထံမှ သိရပါသည်။
နှမ်းအိတ်များ ချုပ်နေသည့်ပုံရိပ်များနှင့် ပွဲရုံကုန်စည်ဒိုင်ရှိ နှမ်း၊ စမုံနက်များကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက ရိုက်ကူးထားခြင်းဖြစ်ပါသည်။
အောင်လံဒေသထွက် နှမ်းများကို ရန်ကုန်နှင့် မန္တလေးမှ ဝယ်ယူလျက်ရှိပြီး နေ့စဥ် ၄၅ ပိဿာဝင် တစ်အိတ်လျှင် ကျပ် ၃,၀၀၀ မှ ၅,၀၀၀ အတွင်း တင်ပို့နေရသည်ဟု ပွဲရုံကုန်စည်ဒိုင်များထံမှ သိရသည်။ (Xinhua)








