
ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းသည် ဂျပန်နိုင်ငံ နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေးအသင်း (JAPIT) တရုတ်နိုင်ငံခရီးစဉ် ကိုယ်စားလှယ်အဖွဲ့ကို စက်တင်ဘာ ၂၉ ရက်တွင် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဟယ်လိဖုန်းက တရုတ်နှင့် ဂျပန်တို့သည် ရေလက်ကြားတစ်ခုသာ ခြားနားထားသည့် ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ကြပြီး အပြန်အလှန်၏ အရေးကြီးသော ကုန်သွယ်စီးပွားရေးမိတ်ဖက်များဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဂျပန်ကုမ္ပဏီလုပ်ငန်းများ တရုတ်နိုင်ငံသို့ လာရောက်၍ တိုးချဲ့လုပ်ကိုင်ရန်နှင့် စျေးကွက် အခွင့်အလမ်းများ မျှဝေခံစားရန် အစဉ်အမြဲကြိုဆိုကြောင်း ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေးအသင်းအနေဖြင့် မှန်ကန်သော သမိုင်းဝင် ဦးတည်ချက်ကို ဆုပ်ကိုင်ထားရန်၊ တရုတ်နှင့် ချစ်ကြည်ရေး အစဉ်အလာကို ဆက်လက်မြှင့်တင်ရန်၊ တရုတ်-ဂျပန် ကုန်သွယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံ နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေးအသင်း ဥက္ကဋ္ဌသစ် Takeshi Iwaya က ဂျပန် စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းအနေဖြင့် တရုတ်နှင့်အတူ ဖလှယ်မှုကို ဆက်လက် တိုးချဲ့သွားရန်၊ နှစ်နိုင်ငံ ကုန်သွယ်စီးပွားရေး ဆက်ဆံရေးကို ဆက်လက် ဖွံ့ဖြိုးတိုးတက်ရန်၊ အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် အကျိုးဆောင်လိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

................................
(Chinese Version)
何立峰会见日本国际贸易促进协会访华团
新华社北京9月29日电 中共中央政治局委员、国务院副总理何立峰29日在人民大会堂会见日本国际贸易促进协会访华团。
何立峰表示,中日是一衣带水的近邻,互为重要经贸伙伴,中国始终欢迎日本企业来华发展,共享市场机遇。希望日本国际贸易促进协会把握正确历史方向,继续发扬对华友好传统,为推动中日经贸合作发挥更大作用。
日本国际贸易促进协会新任会长岩屋毅表示,日本工商界愿继续同中方扩大交流,为推动两国经贸关系继续发展、深化互利合作作出贡献。(完)
图说:9月29日,中共中央政治局委员、国务院副总理何立峰在北京人民大会堂会见日本国际贸易促进协会访华团。 新华社记者 李涛 摄








