တရုတ်နိုင်ငံ ကျဲ့ကျန်း ပြည်နယ် ထိုင်ကျိုးမြို့ ကျောင်းကျန်းခရိုင် ရှိ ရှန့်တာချန်ကျွန်းအနီး ပင်လယ်ပြင်ရှိ ငါးပုတ်သင် မွေးမြူရေးစခန်း၌ Qingken Marine Ranching Co., Ltd မှ ဝန်ထမ်းများ ငါးပုတ်သင်များ ဖမ်းဆီးနေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျဲ့ကျန်း ပြည်နယ် ထိုင်ကျိုးမြို့ ကျောင်းကျန်းခရိုင် ရှိ ရှန့်တာချန်ကျွန်းအနီး ပင်လယ်ပြင်ရှိ ငါးပုတ်သင် မွေးမြူရေးစခန်း၌ Qingken Marine Ranching Co., Ltd မှ ဝန်ထမ်းများ ငါးပုတ်သင်များ ဖမ်းဆီးနေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်ကျိုး၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

မကြာသေးမီ နှစ်များအတွင်း တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ထိုင်ကျိုးမြို့ ကျောင်းကျန်းခရိုင်သည် ငါးပုတ်သင်အဝါ မွေးမြူရေး လုပ်ငန်းကို အရှိန်အဟုန်မြှင့် လှုပ်ရှားဆောင်ရွက်လျက်ရှိရာ ဒေသဆိုင်ရာ အညွှန်းကိန်း (GI) အမှတ်တံဆိပ် 'တာချန်ကျွန်း ငါးပုတ်သင်' စံချိန်စံညွှန်းများ ထုတ်ပြန်ခြင်း၊ ငါးပုတ်သင် မွေးမြူရေးစခန်းများ တည်ဆောက်ခြင်း၊ ငါးဖမ်းလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း ပေါင်းစပ်မှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း၊ အဓိက လည်ပတ်စရာ နေရာများ ဖန်တီးပေးခြင်း စသည့် နည်းလမ်းများမှတစ်ဆင့် ဒေသတွင်း ငါးပုတ်သင် မွေးမြူရေးလုပ်ငန်းနှင့် ပင်လယ်သမုဒ္ဒရာအမှီပြု စီးပွားရေး၏ အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် ထိုင်ကျိုးမြို့ ကျောင်းကျန်းခရိုင်၌ စုစုပေါင်း ငါးပုတ်သင်အဝါ မွေးမြူရေးစခန်း ၈ ခု ရှိပြီး မွေးမြူရေး ဧရိယာ မူ (Mu) ၄,၉၀၀ ခန့် ရှိသည်။ ၂၀၂၅ ခုနှစ်တွင် ကျောင်းကျန်းခရိုင် တာချန်ကျွန်း ငါးပုတ်သင်အဝါ နှစ်စဉ် ထုတ်လုပ်မှုပမာဏမှာ တန်ချိန် တစ်သောင်းကျော်အထိ စံချိန်တင်ခဲ့ပြီး ငါးပုတ်သင်အဝါ လုပ်ငန်းကွင်းဆက် တစ်ခုလုံး၏ နှစ်စဉ် ထုတ်လုပ်မှုတန်ဖိုးမှာ ယွမ် ၁.၁ ဘီလီယံအထိ ရောက်ရှိခဲ့သည်။ (Xinhua)

------------------------------------------

(Chinese Version)

万里边疆行丨浙江台州:“海上牧场”推动海洋经济高质量发展

  近年来,浙江省台州市椒江区大力发展黄鱼养殖产业,通过出台地理标志产品“大陈黄鱼”地方标准、建设黄鱼养殖基地、深化渔旅融合,打造主题景点等方式,推动当地黄鱼养殖产业与海洋经济的高质量发展。

  目前,台州市椒江区共有黄鱼养殖基地8处,养殖面积约4900亩。2025年,椒江区大陈黄鱼年产量突破万吨,黄鱼全产业链年产值达11亿元。

图说 1 :9月16日夜间,青垦海洋牧场公司的员工在台州市椒江区上大陈岛附近海域的黄鱼养殖基地捕捞黄鱼。新华社记者 江汉 摄

图说 2 :这是位于台州市椒江区上大陈岛附近海域的一处黄鱼养殖基地(9月16日摄,无人机照片)。新华社记者 江汉 摄