ဖနွမ်းပင်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တရုတ်-ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး “၂+၂” မဟာဗျူဟာဆွေးနွေးမှုယန္တရား ပထမအကြိမ် အစည်းအဝေးအတွင်း အချက် ၆ ချက် ပါဝင်သော ဘုံသဘောတူညီမှုကို မီဒီယာအား ဧပြီ ၂၃ ရက်က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ပထမအချက်မှာ နှစ်ဖက်လုံးအနေဖြင့် အချင်းချင်း အခိုင်အမာ ထောက်ခံအားပေးရန် သဘောတူခဲ့ကြပြီး မိမိတို့၏ ပင်မအကျိုးစီးပွားများ ကာကွယ်ထိန်းသိမ်းရာ၌ ထောက်ခံပံ့ပိုးရန် အလေးထားကြမည်ဖြစ်သည်။ တရုတ်တစ်နိုင်ငံတည်း မူဝါဒအပေါ် ကမ္ဘောဒီးယားနိုင်ငံ၏ အခိုင်အမာ ထပ်လောင်းကတိပြုမှုကိုလည်း တရုတ်နိုင်ငံက တန်ဖိုးထားချီးကျူးပြောကြားခဲ့သည်။
ဒုတိယအချက်အနေဖြင့် နှစ်နိုင်ငံလုံးက အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် ကတိပြုခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံက အထူးသဖြင့် “စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုစင်္ကြံ” နှင့် “ရေလုပ်ငန်းနှင့် ဆန်စပါးလုပ်ငန်းစင်္ကြံ” တည်ဆောက်မှု စသည့် သီးခြားလွတ်လပ်သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စွမ်းဆောင်မှုကို အရှိန်မြှင့်လုပ်ဆောင်ခြင်း၊ မဟာဗျူဟာမြောက် ဖုနန် တက်ခ်ချို ရေအရင်းအမြစ်များပေါင်းစည်းရေး စီမံခန့်ခွဲမှု စီမံကိန်း အဆင့်မြှင့်တင်ခြင်းကို အာရုံစိုက်လုပ်ဆောင်မည်ဖြစ်သည်။
တတိယအချက်မှာ နှစ်နိုင်ငံအနေဖြင့် နိုင်ငံရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရေးအတွက် ကတိပြုခဲ့ကြကာ ကိုယ်စီ သက်ဆိုင်ရာ အစိုးရများနှင့် စနစ်များ၏ လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြင်ပမှထိုးဖောက်ဝင်ရောက်မှုကို အတူတကွခုခံကာကွယ်ခြင်း၊ “ဆေးရောင်ဆိုး တော်လှန်ရေးများ” ကို ကာကွယ်ခြင်း စသည်တို့အား အလေးထားလုပ်ဆောင်ကြမည်ဖြစ်သည်။
စတုတ္ထအချက်မှာ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရေးအတွက် နှစ်နိုင်ငံက သဘောတူခဲ့ကြကာ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုကို ပြတ်ပြတ်သားသား၊ အမြစ်ပြတ် တိုက်ဖျက်ရေးကို ဦးတည်ဆောင်ရွက်မည်ဖြစ်သည်။
ထို့ပြင် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရေးကို ပဉ္စမအချက်အနေဖြင့် နှစ်နိုင်ငံလုံးက သဘောတူခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးစွမ်းဆောင်မှု အဆောက်အအုံ အရှိန်မြှင့်လုပ်ဆောင်ရာတွင် ကူညီပံ့ပိုးရေးအတွက် အလေးထားဆောင်ရွက်မည်ဖြစ်သည်။
ဆဋ္ဌမအချက်မှာ နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများ၌ ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးအတွက် သဘောတူခဲ့ကြောင်း၊ အင်အားသုံးနိုင်ငံရေးနှင့် ကြီးနိုင်ငယ်ညှဉ်း လုပ်ဆောင်မှုကို ကန့်ကွက်ကာ ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သောကုန်သွယ်မှုကို ထိန်းသိမ်းလျက် အဓိကအခန်းကဏ္ဍမှ ကုလသမဂ္ဂ၏ ပါဝင်မှုကို ထောက်ခံအားပေးရန် အလေးထားလုပ်ဆောင်မည်ဖြစ်သည်။ (Xinhua)
……………………………………..
(English Version)
1st meeting of China-Cambodia “2+2” strategic dialogue reaches six points of consensus
PHNOM PENH, April 23 (Xinhua) — Wang Yi, a member of the Political Bureau of the Communist Party of China Central Committee and foreign minister, on Thursday briefed the media on the six points of consensus reached during the first meeting between Chinese and Cambodian foreign ministers and defense ministers under the “2+2” strategic dialogue mechanism.
First, both sides agreed to firmly support each other, focusing on supporting each other in safeguarding their core interests. China appreciates Cambodia’s reaffirmation of its firm adherence to the one-China principle.
Second, both sides agreed to deepen mutually beneficial cooperation, focusing on helping Cambodia accelerate its capacity for independent development, particularly on the construction of the “Industrial Development Corridor” and the “Fish and Rice Corridor,” and advancing the strategic Funan Techo Integrated Water Resources Management Project.
Third, both sides agreed to strengthen political and security cooperation, focusing on safeguarding the security of their respective governments and systems, jointly resisting external infiltration, and preventing “color revolutions.”
Fourth, both sides agreed to strengthen law enforcement cooperation, focusing on resolutely and thoroughly combating online gambling and telecom fraud.
Fifth, both sides agreed to strengthen defense cooperation, focusing on assisting Cambodia in accelerating its defense capacity building.
Sixth, both sides agreed to strengthen coordination and cooperation in international and regional affairs, focusing on opposing power politics and bullying, upholding global free trade, and supporting the United Nations in playing its due role.
Photo: The first meeting between foreign ministers and defense ministers of China and Cambodia under the “2+2” strategic dialogue mechanism is held in Phnom Penh, capital of Cambodia, April 22, 2026. (Photo by Van Pov/Xinhua)
တရုတ်-ကမ္ဘောဒီးယား “၂+၂” မဟာဗျူဟာဆွေးနွေးပွဲ ပထမအကြိမ်အစည်းအဝေးတွင် အချက် ၆ ချက်ပါဝင်သော ဘုံသဘောတူညီချက် ရရှိ
MORE NEWS

အန်ဆယ်လော့တီ ဘရာဇီးအသင်းမှ ထွက်ခွာရမည်ဟု ရိုမာရီယို ပြော
ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)ဘရာဇီးအသင်း တိုက်စစ်မှူးဟောင်း ရိုမာရီယိုက ဘရာဇီးအသင်းမန်နေဂျာ ကာလို အန်ဆယ်လော့တီအား ရာထူးမှထုတ်ပယ်ရန် တောင်းဆိုခဲ့ပြီး အသင်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းမှာ အရှက်ရစရာဖြစ်သည်ဟု ပြောကြားခဲ့သည်။အန်ဆယ်လော့တီ၏ စာချုပ်သက်တမ်းမှာ ၂၀၃၀ ပြည့်နှစ်အထိ ကျန်ရှိနေသော်လည်း ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်၌ ဘရာဇီးအသင်းက နော်ဝေအသင်းကို ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အဆိုပါ အီတလီနိုင်ငံသား နည်းပြ၏ အနေအထားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်လာခဲ့သည်။"သူ ဘရာဇီးအသင်းနည်းပ
Read Full Story

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ကမ်းရိုးတန်းဒေသတစ်လျှောက် ဘာဗီ (Bavi) တိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုရှိ
Read Full Story

“တရုတ်နိုင်ငံ၏ ဖိအားပေးမှု” ဆိုသည့် အယူအဆမှာ မှန်ကန်မှုမရှိကြောင်း သိသာဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို
တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် လျန်ယွင်ကန် ကွန်တိန်နာဆိပ်ကမ်းတွင် နိုင်ငံခြားကုန်သွယ်ရေး ကုန်တင်ကုန်ချလုပ်ဆောင်ရာဧရိယာကို ၂၀၂၆ ခုနှစ် မတ်လ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုစွမ်းရည်သည် အနောက်နိုင်ငံများကို “ရိုက်ခတ်” ခဲ့ရုံသာမက ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအလားအလာများကိုပါ “တိုးဝှေ့နေရာယူသည်” ဟု စွပ်စွဲထားသည့် နိုင်ငံတကာမီဒီယာအချို့ လတ်တလော ဖော်ပြခဲ့သော “တရုတ်နိုင်ငံ၏ ဖိအားပေးမှု” ဆိုသည့် အယူအဆနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခ
Read Full Story

တရုတ်သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ချိုမိုလန်းမားတောင်ပေါ်ရှိ အိုဇုန်းဓာတ်ငွေ့ပမာဏ ဒေါင်လိုက်ပျံ့နှံ့တည်ရှိမှုကို လေ့လာစောင့်ကြည့်ရာတွင် အောင်မြင်မှုတစ်ရပ်ရရှိခဲ့
SHIGATSE ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)တရုတ်သိပ္ပံပညာရှင်များသည် အဆင့်မြှင့်တင်ထားသည့် ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်သော တောင်ပံပုံသေတပ်ဆင်ထားသည့် ဟိုက်ဘရစ်ဒရုန်းတစ်စင်းကို အသုံးပြုကာ ချိုမိုလန်းမားတောင်တန်းဒေသတွင် မြေပြင်မှ အမြင့် ၈,၈၆၁ မီတာအထိ လေထုထဲက အိုဇုန်းဓာတ်ငွေ့ပမာဏအား ဒေါင်လိုက်တိုင်းတာမှုကို ပထမဆုံးအကြိမ် ပြီးမြောက်အောင်ခဲ့ကြောင်း သိရသည်။ (Xinhua) ……………………………………..(English Version) Chinese team makes breakthrough in observing vertical ozone distribution over Mount Qomolangma Chinese scienti
Read Full Story

တရုတ်နိုင်ငံမှ လှံတံပစ်အားကစားမယ် Yan Ziyi က မိုနာကို ဒိုင်းမွန်းလိဂ်ချန်ပီယံဆုကို လေးကြိမ်ဆက်တိုက်ဆွတ်ခူး
ပြင်သစ်နိုင်ငံ မြို့တော်ပဲရစ်တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ် ဒိုင်းမွန်းလိဂ်ပြိုင်ပွဲ၌ အမျိုးသမီး လှံတံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲအတွင်း ပါဝင်ယှဉ်ပြိုင်နေသည့် ယန်ကျစ်ရည် ကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ပဲရစ်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)ဇူလိုင် ၁၀ ရက်က မိုနာကိုနိုင်ငံတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ် ဒိုင်းမွန်းလိဂ်ပြိုင်ပွဲ၌ တရုတ်နိုင်ငံ၏ ဆယ်ကျော်သက် လှံတံပစ်အားကစားမယ် ယန်ကျစ်ရည်က ၎င်း၏ လေးကြိမ်ဆက်တိုက်ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြင့် ၂၀၂၆ ခုနှစ် ဒိုင်းမွန်းလိဂ်ရာသ
Read Full Story

ရှင်းကျန်းဒေသရှိ မြို့တစ်မြို့တွင် အပူချိန် စံချိန်တင်မြင့်တက်မှုကြောင့် အပူဒဏ်လျှော့ချရေး အစီအမံများ ချမှတ်ဆောင်ရွက်
ထူလူဖန်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)မကြာသေးမီက ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ထူလူဖန်းမြို့တွင် အပူချိန်သည် ၄၉.၁ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။ ထိုသို့ ပြင်းထန်လှသော နွေရာသီအပူဒဏ်ကို အန်တုနိုင်ရန်အတွက် ၎င်းဒေသတွင် အပူဒဏ်လျှော့ချရေး အစီအမံများစွာကို ချမှတ်ဆောင်ရွက်ထားကြောင်း သိရသည်။ (Xinhua)……………………………………..(English Version) City in Xinjiang rolls out cooling measures as temperatures hit record high Turpan in Xinjiang saw temperatures soar to a record 49.1 degrees Cel
Read Full Story

“ခန်းမနီဖိုရမ် အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု - နှစ်တစ်ရာ နိုင်ငံရေးပါတီကြီး ကာလကြာရှည်စွာ စီမံအုပ်ချုပ်မှု၏ soft power” နိုင်ငံတကာဆွေးနွေးပွဲ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပ
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပသော “ခန်းမနီဖိုရမ် အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု - နှစ်တစ်ရာ နိုင်ငံရေးပါတီကြီး ကာလကြာရှည်စွာ စီမံအုပ်ချုပ်မှု၏ soft power” နိုင်ငံတကာဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ရှန်ဟိုင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)“ခန်းမနီဖိုရမ် အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု - နှစ်တစ်ရာ နိုင်ငံရေးပါတီကြီး ကာလကြာရှည်စွာ စီမံအုပ်ချုပ်မှု၏ soft power” နိုင်ငံတကာဆွေးနွေးပွဲကို ဇူလိုင် ၁၀ ရက်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၄၀ မှ သံတမန်၊
Read Full Story

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးဒေသရှိ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများက အင်တိုက်အားတိုက် ပါဝင်ကူညီ
ကွမ်ရှီး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)မေဆတ် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးဒေသရှိ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးရန်အတွက် လူတန်းစားအလွှာအသီးသီးမှ ပြည်သူများသည် ဒရုန်းများနှင့် လှေငယ်များ ကိုယ်စီယူဆောင်လာကာ ရှေ့တန်းမှ တက်ကြွစွာ ပါဝင်ကူညီခဲ့ကြသည်။ (Xinhua)……………………………………..(English Version) Volunteers power flood rescue efforts in south China's GuangxiIn the wake of Typhoon Maysak, people of many walks of life have stepped forward with drones and sma
Read Full Story
‹
1
2
...
290
›
