ပြင်သစ်နိုင်ငံ စထရပ်ဘိုးမြို့၌ မက်ဆိုလာက ဥရောပပါလီမန် ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံရပြီးနောက် မိန့်ခွန်း ပြောကြားနေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ စထရပ်ဘိုးမြို့၌ မက်ဆိုလာက ဥရောပပါလီမန် ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံရပြီးနောက် မိန့်ခွန်း ပြောကြားနေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ (EU) ၏ “တွဲဖက်အဖွဲ့ဝင်” ဖြစ်လာရေး ကိစ္စရပ်နှင့် ပတ်သက်၍ နယူးဇီလန်နိုင်ငံသည် ဥရောပသမဂ္ဂနှင့် ဆွေးနွေးထားခြင်း မရှိကြောင်း နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး ဝင်းစတွန် ပီတာစ်၏ ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ နယူးဇီလန်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂနှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာစေနိုင်ကြောင်း ဥရောပပါလီမန် ဥက္ကဋ္ဌ ရောဘာတာ မက်ဆိုလာက မကြာသေးမီက ပြောကြားခဲ့ဖူးသည်။

အဆိုပါ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြရာတွင် နယူးဇီလန်ဘက်မှ “ဥရောပသမဂ္ဂ၏ 'တွဲဖက်အဖွဲ့ဝင်' ဖြစ်လာရေး ကိစ္စရပ်နှင့် ပတ်သက်၍ ဥရောပသမဂ္ဂနှင့် မည်သည့်ဆွေးနွေးမှုမျှ ပြုလုပ်ထားခြင်း မရှိပေ” ဟု ဖော်ပြထားသည်။

လက်ရှိတွင် ကနေဒါနိုင်ငံသည် ဥရောပသမဂ္ဂ၏ “တွဲဖက်အဖွဲ့ဝင်” အနေအထား ရရှိနိုင်မည့် အလားအလာကို လေ့လာဆန်းစစ်လျက်ရှိသည်။ ကနေဒါအား ဥရောပသမဂ္ဂ၏ ပထမဆုံး “တွဲဖက်အဖွဲ့ဝင်” ဖြစ်လာစေရန် လမ်းဖွင့်ပေးလိုကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က စက်တင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ဩစတြေးလျနှင့် နယူးဇီလန်တို့သည် ကနေဒါနိုင်ငံ၏ လုပ်ဆောင်ချက်အတိုင်း လိုက်ပါ၍ ဥရောပသမဂ္ဂနှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်လာနိုင်ကြောင်း မက်ဆိုလာက စက်တင်ဘာ ၁၇ ရက်တွင် Euronews သတင်းဌာနနှင့် အင်တာဗျူးစဉ် ပြောကြားခဲ့သည်။

ဩစတြေးလျနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂနှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် ကြိုးပမ်းသည့်နေရာတွင် ကနေဒါနိုင်ငံနှင့် “ရပ်တည်ချက် တူညီကြောင်း” ဩစတြေးလျ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးဝန်ကြီး ဒွန် ဖာရဲလ် က စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

------------------

(Chinese Version)

新西兰:未与欧盟讨论过成为“联席成员”

  新华社北京9月18日电 新西兰外交部长温斯顿·彼得斯的发言人18日说,新西兰未与欧盟讨论过成为欧盟“联席成员”一事。欧洲议会议长萝伯塔·梅措拉先前表示,新西兰可能会深化与欧盟的关系。

  路透社援引这名发言人的说法报道,新西兰方面没有就“成为欧盟‘联席成员’一事与欧盟进行过任何讨论”。

  目前,加拿大正研究获得欧盟“联席成员”地位的可能性。欧盟委员会主席冯德莱恩16日说,她希望为加拿大成为欧盟首个“联席成员”敞开大门。

  梅措拉17日接受欧洲新闻电视台采访时说,澳大利亚和新西兰可能会效仿加拿大,深化与欧盟的关系。

  澳大利亚贸易与旅游部长唐·法雷尔15日表示,澳大利亚与加拿大在寻求深化与欧盟关系方面“立场一致”。

图说  : 2024年7月16日,在法国斯特拉斯堡,梅措拉在连任欧洲议会议长后发表胜选演讲。新华社记者 赵丁喆 摄