အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံကို ပြန်လည်ပေးအပ်သော ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံကို ပြန်လည်ပေးအပ်သော ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်-အမေရိကန် နှစ်နိုင်ငံက တရုတ်ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ အမေရိကန်သို့ တရားမဝင် ပြည်ဝင်ရောက်ရှိမှု တားဆီးရေး အစိုးရချင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ကြွယ်ဝကြောင်း၊ အမေရိကန်သို့ ဝင်ရောက်၍ ပျောက်ဆုံးသွားသော စုစုပေါင်း ၇၀၀ ခု (အစုံ) ကျော်ရှိသည့် ယဉ်ကျေးမှုအမွေအနှစ် အနုပညာပစ္စည်းများ အသုတ် ၂၀ ကျော်ကို တရုတ်နိုင်ငံသို့ ပြန်လည်ပေးအပ်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကောကျားခွန်းက စက်တင်ဘာ ၁၈ ရက်က ပြောကြားခဲ့သည်။

ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက တရုတ်နိုင်ငံ အမျိုးသား ယဉ်ကျေးမှုအမွေအနှစ် ဦးစီးမှုဌာန (NCHA) သည် ဒေသစံတော်ချိန် စက်တင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တွင် ဝါရှင်တန်နှင့် နယူးယောက်မြို့တို့တွင် အမေရိကန် အမိမြေလုံခြုံရေး စုံစမ်းစစ်ဆေးမှုဌာန (HIS) နှင့် မက်ဟန်တန်ခရိုင် ရှေ့နေရုံးတို့မှ တရုတ်နိုင်ငံအား ပြန်လည်ပေးအပ်သည့် စုစုပေါင်း ၆၄ ခု (စုံ) ရှိသည့် ယဉ်ကျေးမှုအမွေအနှစ် အနုပညာလက်ရာပစ္စည်းနှင့် ရှေးဟောင်းကျောက်ဖြစ်ရုပ်ကြွင်း နှစ်သုတ်ကို သီးခြားစီ လက်ခံခဲ့ပြီး ၎င်းတို့သည် အမေရိကန် တရားဥပဒေစိုးမိုးရေးဌာနက လုပ်ငန်းလုပ်ဆောင်စဉ်အတွင်း ရှာဖွေရမိသည့် ပစ္စည်းများဖြစ်သည်ဟု သတင်းအရ သိရကြောင်း၊ တရုတ်နိုင်ငံက သက်ဆိုင်ရာ အခြေအနေအား တစ်ဆင့်တိုးမိတ်ဆက်ပြောကြားနိုင်မည်လော၊ ယင်းအပေါ် မည်သို့မှတ်ချက်ပြုလိုသနည်းဟု မေးမြန်းခဲ့သည်။

ကောကျားခွန်းက တရုတ်-အမေရိကန် နှစ်နိုင်ငံက တရုတ်ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ အမေရိကန်သို့ တရားမဝင် ပြည်ဝင်ရောက်ရှိမှု တားဆီးရေး အစိုးရချင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ရလဒ်များ ကြွယ်ဝကြောင်း၊ အမေရိကန်သို့ ဝင်ရောက်၍ ပျောက်ဆုံးသွားသော စုစုပေါင်း ၇၀၀ ခု (အစုံ) ကျော်ရှိသည့် ယဉ်ကျေးမှုအမွေအနှစ် အနုပညာပစ္စည်းများ အသုတ် ၂၀ ကျော်ကို တရုတ်နိုင်ငံသို့ ပြန်လည်ပေးအပ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ယခုအကြိမ် ပြန်လည်ပေးအပ်မှုက နှစ်နိုင်ငံအကြီးအကဲများ ပေကျင်းတွေ့ဆုံမှု သဘောတူညီချက်အား အကောင်အထည်ဖော်မှုရဲ့ နောက်ဆုံးရလဒ်ဖြစ်သလို အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိတဲ့ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ဆောက်မှုရဲ့ ကျယ်ပြန့်တဲ့ အနာဂတ်အလားအလာကိုလည်း ဖော်ပြလိုက်ပါတယ်” ဟု ကောကျားခွန်းက ဆိုခဲ့ပြီး တရုတ်-အမေရိကန် နှစ်ဖက်အနေဖြင့် တန်းတူညီမျှသော၊ လေးစားသော၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသောစိတ်ဓာတ်ကို ဆက်လက်အရင်းခံကာ စိတ်တူကိုယ်တူ လျှောက်လှမ်းသင့်ပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအား အကျိုးပြုသည့် ပိုမိုများပြားသော ကောင်းမွန်သောကိစ္စ၊ လက်တွေ့လုပ်ငန်းများကို ဖြစ်မြောက်အောင် လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

外交部介绍美国向中国返还文物艺术品等相关情况

新华社北京9月18日电(记者董雪、吴梦桐)外交部发言人郭嘉昆18日表示,中美两国签署防止中国文物非法入境美国的政府间谅解备忘录以来,务实合作成果丰硕,实现超过20批次共700余件(套)流失美国的文物艺术品回归中国。  

当日例行记者会上,有记者问:据报道,中国国家文物局当地时间16日和17日在华盛顿、纽约分别接收美国国土安全调查局、纽约曼哈顿区检察官办公室向中国返还的两批次共计64件(套)文物艺术品和古生物化石,均为美国执法部门在工作中查获。中方能否进一步介绍情况?对此有何评论?  

郭嘉昆表示,中美两国签署防止中国文物非法入境美国的政府间谅解备忘录以来,务实合作成果丰硕,实现超过20批次共700余件(套)流失美国的文物艺术品回归中国。  “此次返还是落实两国元首北京会晤共识的最新成果,也展现了构建中美建设性战略稳定关系的广阔前景。”郭嘉昆说,中美双方应继续秉持平等、尊重、互惠的精神相向而行,办成更多造福两国和两国人民的好事实事。(完)

图说:这是9月17日在美国纽约拍摄的返还文物。 新华社记者 张凤国 摄